June 8, 2024

ကလိန်အောင်မှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရ

ရေဖြူ၊ ဇွန် ၉ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့အနီးရှိ မိကျောင်းလှောင်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသ ခံတွေထံက သိရပါတယ်။ ဇွန် ၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ကလိန်အောင်အခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက် ကြီး ပစ်ခတ်ရာမှ မိကျောင်းလှောင်ကျေးရွာထဲ လက်နက်ကြီး နှစ်လုံးကျရောက်ပေါက်ကွဲခဲ့တာပါ။ လက်နက်ကြီး…

ဥရောပမှာ ခုခံကာကွယ်နိုင်မှု ကင်းမဲ့နေတယ်လို့ သမ္မတ ပူတင် သတိပေး

မော်စကို ၊ဇွန် ၈ ဥရောပမှာ ကြိုတင် သတိပေးစနစ်မရှိတာကြောင့် အနည်းနဲ့ အများဆိုသလို ခုခံကာကွယ်နိုင်မှု ကင်းမဲ့နေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေးပြောကြားလိုက်ပါတယ်။ ယူကရိန်းကို ကူညီပေးနေတဲ့ ဥရောပနိုင်ငံတွေကို သတိပေးလိုက်တာဖြစ်ပြီး အမေရိကန်အနေနဲ့ ဥရောပဆီကို သူတို့ရဲ့ နျူကလီးယား လက်နက်တွေ ရွှေ့ပြောင်းလာခဲ့မယ်ဆိုရင်တောင် ရုရှားမှာ ဥရောပထက် နျူကလီးယားလက်နက် ပိုများနေသေးတယ်လို့ သမ္မတပူတင်က ပြောပါတယ်။…

မြန်မာ့အရေး အာဆီယံနဲ့ ကုလ ပူးပေါင်းဆောင်ရွက်ဖို့ ဗီယက်နမ် မျှော်လင့်

နယူးယောက်၊ ဇွန် ၈ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ အာဆီယံက အနီးကပ် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ ဗီယက်နမ်ရဲ့ ကုလ အမြဲတမ်း ကိုယ်စားလှယ် ဒန်ဟွန် ဂီအန်က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ဂျုလီ ဘစ်ရှော့ပ်ရဲ့ နယူးယောက် ခရီးစဉ်အတွင်း မစ္စတာ…

ရေဖြူတိုက်ပွဲမှာ မိသားစုဝင်သုံးဦး သေဆုံးပြီး ကလေးနှစ်ဦး ဒဏ်ရာရ

ရေဖြူ၊ ဇွန် ၈ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရာဖူးရွာသစ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ် သား မိသားစုဝင်သုံးဦးသေဆုံးပြီး ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က တပ်အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း ရာဖူးရွာသစ်ကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။…

ရေးအခြေစိုက် ခလရ ၁၀၆ တပ်က တပ်ထောက်ဗိုလ်ကြီး KNU ထံ အလင်းဝင်

ရေး၊ ဇွန် ၈ မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက တပ် ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်ဟာ ဇွန် ၇ ရက်နေ့မှာ လက်နက်အပ်နှံပြီး လာရောက်ပူးပေါင်းခဲ့တယ်လို့ KNU တပ်မဟာ ၆ ဒူး ပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။ သူဟာ KNU ထံ လက်နက်အပ်လာရောက်ပူးပေါင်းရာမှာ MA 3 သေနတ်…

မောင်တောက စစ်ကောင်စီတပ်စခန်းခြောက်ခုကို AA သိမ်းပိုက်

မောင်တော၊ ဇွန် ၈ ရခိုင်ပြည်နယ် မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်း ခြောက်ခုကို အပြီးသတ်တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဇွန် ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတချို့ကို AA က ဇွန် ၂ ရက်နေ့ကနေ ဇွန် ၇ ရက်နေ့အထိ တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ…