ရွှေတြိဂံ၊ ဇွန် ၆

ရွှေကြိဂံဒေသရှိ မြန်မာပိုင်နက်မှာ ပြန်ပေးဆွဲခံထားရတဲ့ မော်ရိုကို နိုင်ငံသားတွေအကြောင်း ဖော်ပြဖို့ သွားရောက်ခဲ့တဲ့ မော်ရိုကိုနိုင်ငံသား Youtuber တစ်ဦးဟာ ထူးဆန်းတဲ့ အခြေအနေတွေနဲ့ ပျောက်ဆုံးနေကြောင်း သိရပါတယ်။

New Battuta လို့လည်း လူသိများတဲ့ မော်ရိုကိုနိုင်ငံသား အဒမ် တော်ဖစ်ဟာ မေ ၂၃ ရက်နေ့က သူ့မိသားစုနဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့ပါတယ်။ အဲဒီအချိန် သူဟာ ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေပြီး လာအိုနိုင်ငံဆီ သွားရောက်ဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ကြောင်း မော်ရိုကို သတင်းဝက်ဘ်ဆိုက် Hespress မှာ ဖော်ပြပါတယ်။

သူဟာ ခရီးသွားချိန်တိုင်းမှာ မိသားစုနဲ့ အမြဲ အဆက်အသွယ် လုပ်လေ့ရှိတာကြောင့် အခုသူက အဆက်အသွယ် မလုပ်တော့တဲ့အတွက် စိုးရိမ်စရာ အခြေအနေဖြစ်ကြောင်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

Sign points out directions to the three countries of the Golden Triangle. Free shuttle boats take tourists to Chinese owned Win Win Casino on the Laos side of the Mekong. Foreign tourists can cross from Chiang Saen, Thailand without having a Laotian visa and passports aren’t stamped.

တော်ဖစ်နဲ့အတူ လိုက်ပါသွားတဲ့ နောက်ထပ် မော်ရိုကို Youtuber တစ်ယောက်ဖြစ်တဲ့ အမ်ဂျက် ရာမီက တော်ဖစ်ဟာ ဗီယက်နမ်မှာ ရှိနေချိန် ရွှေတြိဂံဒေသကို သွားရောက်ဖို့ စီစဉ်ထားကြောင်း သူ့ကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေတဲ့ ထိုင်း၊လာအိုနဲ့ မြန်မာသုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသကို နိုင်ငံခြားသားတွေ သွားရောက်ရင် သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေ သိမ်းဆည်းခံရလေ့ ရှိပါတယ်။

ရွှေတြိဂံဒေသမှာ မော်ရိုကိုနိုင်ငံသား ၁၄၀ လောက်ဟာ အလုပ်ကောင်းကောင်းရမယ်ဆိုပြီး လိမ်လည်ခံရပြီးတဲ့နောက် အွန်လိုင်းလူလိမ်ဂိုဏ်းတွေမှာ ဆန္ဒမပါဘဲ အလုပ်လုပ်နေကြရတယ်လို့ ယုံကြည်ရပါတယ်။

CHIANG SAEN, CHIANG RAI, THAILAND – 2022/04/14: A view of the Golden Triangle area with Myanmar on the other side of the river. (Photo by Guillaume Payen/SOPA Images/LightRocket via Getty Images)

သူတို့လို အလုပ်သမားတွေဟာ ခိုင်းစေတဲ့အတိုင်း မလိုက်နာရင် ညှင်ပန်းနှိပ်စက်ခံကြရပြီး ပြန်လွတ်မြောက်နိုင်ဖို့ တစ်ဦးကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိ ပေးကြရတယ်လို့ ဆိုပါတယ်။

မော်ရိုကို အာဏာပိုင်တွေက ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပြီး ပြန်လည် လွတ်မြောက်လာသူတွေနဲ ပြန်ပေးဆွဲခံထားရသူတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံ မေးမြန်းမှုတွေ ပြုလုပ်ထားပါတယ်။

အွန်လိုင်းလိမ်လည်မှုနဲ့ အလုပ်ကောင်းကောင်းရမယ်ဆိုပြီး လူမှောင်ခိုကူးနေသူတွေရဲ့ အန္တရာယ်နဲ့ပတ်သက်လို့ သတိထားကြဖို့ မော်ရိုကို နိုင်ငံသားတွေကို အစိုးရက တိုက်တွန်းထားပါတယ်။

Ref:The News Arab

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.