မြဝတီ၊ဧပြီ ၁၁
ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်စခန်းမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားတွေ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၂ မြဝတီတံတားကို ထွက်ပြေးပုန်းရှောင်နေ တာကြောင့် တံတားအနီးတဝိုက်ကို မသွားရောက်ကြဖို့ KNU က သတိပေးလိုက်ပါတယ်။
ဒီနေ့ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ KNLA ဦးဆောင်ပြီး KNDO နဲ့ PDF ပူးပေါင်းအဖွဲ့ဟာ မြဝတီမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီ ခလရ ၂၇၅ တပ်စခန်းကို အပြီးသတ် သိမ်းပိုက် နိုင်ခဲ့တာပါ။
အမှတ် ၂ မြဝတီတံတားမှာ သွားရောက်ပုန်းရှောင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ထိုင်းနိုင်ငံ အတွင်း ခိုလှုံခွင့်ပြုဖို့ တောင်းဆိုနေပေမယ့် လက်ရှိအချိန်ထိ ခိုလှုံခွင့်မရသေးဘဲ ပိတ်မိနေတယ် လို့ သိရပါတယ်။
အဲဒါကြောင့် ပိတ်မိနေတဲ့စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို ပစ်ခတ်မှုတွေ ရှိလာနိုင်တဲ့ အတွက် ပြည်သူတွေအနေနဲ့ အမှတ် ၂ တံတား နေရာအနီးတစ်ဝိုက်ကို သွားရောက်တာတွေ မပြု လုပ်ဖို့ သတိပေးထားတာဖြစ်ပါတယ်။
မြဝတီမြို့နယ်အတွင်းက တပ်စခန်းအားလုံး လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီတပ်အနေနဲ့ အရပ်သားပြည်သူတွေနေထိုင်တဲ့ နေရာဒေသတွေအတွင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ အချိန်မရွေးပြုလုပ်လာနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံရာနေရာတွေမှာ နေထိုင်ကြဖို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU