December 2023

အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်ခံရတဲ့ သံဖြူဇရပ်ဒေသခံ ၁၀ ဦးအထိရှိလာ

သံဖြူဇရပ်၊ ဒီဇင်ဘာ ၂၄ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးအမှုဖွင့်ခံရသူ ၁၀ ဦးအထိ ရှိလာတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ ပကဖအဖွဲ့ဝင် ဦးမြသန်းကို ဖမ်ဆီးရမိပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…

IS အဖွဲ့နဲ့ ဆက်စပ်တယ်လို့ သံသယရှိသူ သုံးရာကျော်ကို တူရကီဖမ်းဆီး

အန်ကာရာ၊ ဒီဇင်ဘာ ၂၄ တူရကီရဲ့ခရိုင် ၃၂ ခုအတွင်း စစ်ဆင်ရေးတွေမှာ IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်လို့ သံသယရှိသူ ၃၀၄ ဦးကို တူရကီအာဏာပိုင်တွေက ထိန်းသိမ်းထားကြောင်း ပြည်ထဲရေးဝန်ကြီး အယ်လီရာလီကာရာက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ သံသယရှိသူအများစုကို တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့သုံးမြို့ဖြစ်တဲ့ အန်ကာရာ၊ အစ္စတန်ဘူလ်နဲ့ အစ္စမာတို့မှာ ထိန်းသိမ်းထားကြောင်း ဝန်ကြီးက သူ့ရဲ့…

ချင်းမိုင်မှာ တရုတ်နိုင်ငံသားတွေကို အမည်ခံပေးတဲ့ အိမ်ခြံမြေတွေ ချိပ်ပိတ်သိမ်းဆည်းခံရ

ချင်းမိုင်၊ ဒီဇင်ဘာ ၂၄ ထိုင်းနိုင်ငံမှာ ကိုဗစ်ကာလပြီးနောက် တရုတ်ရင်းနှီးမြှုပ်နှံသူတွေက ချင်းမိုင်အိမ်ခြံမြေဈေး ကွက်အတွင်း ဝင်ရောက်လာကြပြီး တရုတ်လူမျိုးတွေရဲ့ လိုလားချက်နဲ့ ကိုက်ညီမယ့် အိမ်ရာစီမံကိန်းတွေကို တည်ဆောက်လာကြပါတယ်။ ဟန်ဒေါင်နဲ့ ဆမ်ကမ်ဖဲ ခရိုင်တွေမှာ တရုတ်လူမျိုးတွေ ၁၀၀ ရာခိုင်နှုန်းနေထိုင်တဲ့ ရွာတွေထွက် ပေါ်လာပြီး တရုတ်ရင်းနှီးမြှုပ်နှံသူတွေ များပြားလာတာကြောင့် အမည်စာရင်းမှတ်ပုံတင်နိုင်ဖို့ ထိုင်းအမည်ခံ ကုမ္ပဏီတွေလည်း ထွက်ပေါ်လာပါတယ်။ ချင်းမိုင်အုပ်ချုပ်ရေးအဖွဲ့က အဲဒီပြဿနာတွေကို…

ရုရှားဘက်က တိုက်ခိုက်နေတဲ့ နီပေါနိုင်ငံသား ၇ ဦး သေဆုံး

ခတ္တမန္ဒု ၊ ဒီဇင်ဘာ ၂၄ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားဘက်က ဝင်ရောက်တိုက်ခိုက်ပေးနေတဲ့ နီပေါနိုင်ငံသား သေဆုံးသူ ၇ ဦးအထိရှိလာတဲ့အတွက် ရုရှားဘက်မှာ စစ်မှုဆက်မထမ်းကြဖို့နဲ့ နေရပ်ပြန်ပို့ပေးဖို့ တောင်းဆိုထားတယ်လို့ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နီပေါအစိုးရက သူတို့နိုင်ငံသား ၆ ဦးဟာ ရုရှားအတွက် တိုက်ခိုက်ပေးနေစဉ် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒီဇင်ဘာလ ပထမအပတ်က အတည်ပြုထားတာပါ။ ရုရှားစစ်တပ်အတွက်…

စစ်ကိုင်းတိုင်းမှာ ပျူစောထီးတွေ မိသားစုလိုက် လက်နက်ချအလင်းဝင်လာ

ရွှေဘို – ဒီဇင်ဘာ ၂၃ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအထိုင်စခန်းရှိ ပျူစောထီးတပ်ဖွဲ့ဝင်နှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိသား စုတွေကိုပါ ခေါ်ဆောင်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တပ်ဆီကို လက်နက်ချအလင်းဝင်ခဲ့တယ်လို့ BRNAက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၂၃ရက် နေ့နံနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ သီးလုံးပျူစောထီးစခန်းမှ ပျူစောထီးတပ်ဖွဲ့ဝင် နှစ်ဦးအပါအဝင် မိသားစုဝင် (၁၄)ဦးနဲ့အတူ…

သတင်းသမားတွေကို ကိုယ်စားပြုတဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီဖွဲ့စည်း

ဘန်ကောက် – ဒီဇင်ဘာ ၂၃ ထိုင်းနိုင်ငံတနေရာမှာ သတင်းသမားတွေကို ကိုယ်စားပြုတဲ့ လွတ်လပ်သော မြန်မာသတင်း မီဒီယာ ကောင်စီ (Independent Press Council Myanmar-IPCM) ကို ဖွဲ့စည်းလိုက်တယ်လို့ ကောင်စီ ဥက္ကဋ္ဌ နန်းဖော့ဂေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်းနိုင်ရေး ဒုတိယအကြိမ် ညီလာခံကို ပြီးခဲ့ တဲ့ ဒီဇင်ဘာလ ၂၀…

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

“စစ်တပ်ကလစာကောင်းကောင်း မပေးနိုင်လို့လား ဘာလားတော့ မသိဘူး။ ရွာထဲကိုဝင်ပြီးတော့ စစ်သားတွေက ဓားပြတိုက်စားဖို့ လုပ်နေတယ်။ ထမင်းတည်တဲ့ ထမင်းပေါင်းအိုးကအစ သူတို့ယူတယ်” အာဏာသိမ်း စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းမှာ အခုလကစပြီး ဒေသခံပြည်သူ့ နေအိမ်တွေထဲ ပေါ်ပေါ်တင်တင် ဝင်ရောက်လာပြီးနောက် ရွှေ၊ ငွေ၊ ဆိုင်ကယ်အပြင် တန်ဖိုးရှိ ပစ္စည်းတွေကို ဓားပြသဖွယ် အတင်းအဓမ္မယူဆောင်မှုတွေ ဆက်တိုက်ကျူးလွန်နေတာပါ။ အဲဒီထဲမှာ စစ်ကောင်စီတပ်…

ကော့ကရိတ်စစ်ရှောင်တွေကို အရေးပေါ်အခြေခံစားနပ်ရိက္ခာတွေ KNU ထောက်ပံ့

ကော့ကရိတ်၊ ဒီဇင်ဘာ ၂၃ ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU ဘားအံခရိုင် တပ်မဟာ ၇ နယ် မြေထဲ တိမ်းရှောင်ရောက်ရှိလာတဲ့ စစ်ရှောင် ၁၀၀၀၀ ကျော်ကို ထောက်ပံ့ကူညီပေးမှုတွေ လုပ် ဆောင်ခဲ့တယ်လို့ KNU ဗဟိုက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့ပေါ်မှာ…