ဘီးလင်း၊ ဒီဇင်ဘာ ၂၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာနဲ့ဒေါက်ရပ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ကလေးငယ် ၂ ဦး သေ ဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ သထုံမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲ မောင်းနှင်လာတဲ့ ကား ၈ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဘီးလင်းမြို့နယ်အတွင်းမှာ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက နှစ်ကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကနေ သပြေနီကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ဒေသခံအရပ်သား ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ကနေ သပြေနီကျေးရွာထဲ ဝင်ရောက်တိုက်ခိုက်ချိန် ဖိုးဝါသိမ်ကျေးရွာရဲ့ စစ်ကောင် စီတပ်ကနေ လက်နက်ကြီးပစ်ကူရာကနေ ကလေးငယ်တစ်ဦး မိုင်းစထိမှန်သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဘီးလင်းပစ်ခတ်မှုအတွင်း အရပ်သား ၂ ဦးထက်မနည်း သေဆုံးနိုင်သလို နယ်မတည်ငြိမ်သေးတာကြောင့် စာရင်းအချက်အလက် အတိအကျရဖို့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကားတစ်စီးပျက်စီးပြီး ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပြောဆိုပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်ကနေ ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းပိုင်းစလို့ ဘီးလင်းမြို့ နယ် သပြေနီကျေးရွာနဲ့အလူးလေးကျေးရွာထဲကို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အခုဖြစ်စဉ်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) အုပ်ချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား လေးလနီးပါးကာလအတွင်း တကျော့ပြန် ပစ်ခတ်မှုတွေ ဖြစ်ပွားလာတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.