မော်ဒိုက် – စက်တင်ဘာ(၁၀) 

အပူပိုင်းဒေသ မော်ဒိုက်အတွက် နောက်လာမယ့် ခေါင်းဆောင်ရွေးချယ်ပွဲကို လူတစ်သန်းရဲ့ သုံးပုံတစ်ပုံကျော်က မဲပေးသွားမှာဖြစ်ပြီး ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ အဲဒီဒေသကို တရုတ်နဲ့ အိန္ဒိယတို့ကြား အားပြိုင်နေတာဖြစ်ပါတယ်။ 

သမ္မတ အာဘရာဟင်မ် ဆိုလိစ်ဟာ အိန္ဒိယသမုဒ္ဒရာတွင်း ကျွန်းစုဒေသမှာ နောက်ထပ်(၅) နှစ် သက်တမ်းအတွက် အာဏာရယူဖို့ရှိနေပြိး သူလက်ထက်မှာ “India-First” (အိန္ဒိယသာ ပထမ) မူဝါဒကို ဆန့်ကျင်ခဲ့သူဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ အနည်းငယ်အသာရနေသူဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် သမ္မတရဲ့ အဓိက ပြိုင်ဘက်ဖြစ်သလို တရုတ်နဲ့ နီးစပ်သူ မိုဟာမက်မွီဇူဇ်ကို ထောက်ခံတဲ့ ညွန့်ပေါက်းအစိုးရကလည်း အိန္ဒိယရဲ့ အသေးစားထောက် လှမ်းရေး လေယာဉ်နဲ့ အရာရှိ (၇၅) ဦးတည်ရှိထားတာကိုဖယ်ရှားမယ့် “india out” အိန္ဒိယ ထွက်သွားရေး ကမ်ပိန်းတွေနဲ့ ရွေးကောက်ပွဲ ကတိပြုထားပါတယ်။

သမ္မတဟောင်း အက်ဒူလာ ရာမန်ဟာ အကျင့်ပျက်ခြစားမှု၊ငွေကြေးခဝါချမှုတွေနဲ့ ပြစ်ဒဏ်ချ မှတ်ခံရပြီးနောက် ပြီးခဲ့တဲ့ ဩဂုတ်လမှာ တရားရုံးချုပ်က ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရကာ မွီဇူဇ်ဟာ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့တာပါ။ 

ဘအာနီအကြံပေးအဖွဲ့ကပြုလုပ်တဲ့ အွန်လိုင်းဆန္ဒမဲကောက်ယူမှုတစ်ခုမှာ ဆိုလိစ်ကို ၂၁ ရာခိုင် နှုန်းပေးထားပြီး မွီဇူဇ်ကိုတော့ (၁၄) ရာခိုင်နှုန်းပေးထားတယ်လို့ သိရပါတယ်။

မော်ဒိုက်ရဲ့ သမ္မတ ရွေးကောက်ပွဲမှာ ဆန္ဒမဲ(၅၀) ရာခိုင်နှုန်းနဲ့ ထပ်ဆောင်းတစ်မဲ Plus one ကို မရရှိပါက ဒုတိယအကြိမ် ရွေးကောက်ပွဲကို စက်တင်ဘာလ(၃၀) ရက်နေ့မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသူကို အာဏာပေးအပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.