ဘတ်ဂျက်အနည်းဆုံးနဲ့ လကမ္ဘာကို ယာဉ်ပျံလွှတ်တင်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေကို မိုဒီ ဂုဏ်ပြု

နယူးဒေလီ – ဩဂုတ်(၂၇) 

အိန္ဒိယအစိုးရဟာ လကမ္ဘာပေါ် အခြေချနိုင်ဖို့အတွက် နိုင်ငံတော်ဘတ်ဂျက်ထားရှိတာဟာ တခြားသောနိုင်ငံတွေအနေနဲ့ သူတို့ကိုယ်ပိုင် အာကာသအစီအစဉ်တွေ ပြုလုပ်နိုင်ဖို့ စိတ်အား ထက်သန်စေတယ်လို့ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ပြောခဲ့ပြီး သိပ္ပံပညာရှင်တွေကို ချီးကျူးခဲ့ ပါတယ်။

ချန်ဒရာရန် အမှတ်(၃) ယာဉ်ပျံဟာ ဗုဒ္ဓဟူးနေ့မှာ လရဲ့ မျက်နှာပြင်ကို ထိတွေ့နိုင်ခဲ့ပြီး အိန္ဒိယဟာ စူးစမ်းလေ့လာရေး လုပ်ငန်းတွေ ဆောင်ရွက်ထားနိုင်တာမရှိတဲ့ လရဲ့ တောင်ဘက်ဝင်ရိုးစွန်း အနီးမှာ ဆင်းသက်နိုင်တဲ့ ပထမဆုံးနိုင်ငံဖြစ်ခဲ့တာပါ။

လကမ္ဘာသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တဲ့ နိုင်င့တွေထဲမှာ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်တို့ဖြစ်ခဲ့ပြီး လက်ရှိမှာ အိန္ဒိယနိုင်ငံလည်း ပါဝင်လာတဲ့အတွက် (၄) နိုင်ငံဖြစ်လာတယ်လို့ သိရပါတယ်။

ကာလရှည်ဆောင်ရွက်ခဲ့ပြီး (၄) နှစ်အချိန်ကြာမြင့်ခဲ့တဲ့ အိန္ဒိယရဲ့ လကမ္ဘာဆင်းသက်ရေး အစီ အစဉ်ဟာ ဒီသီတင်းပတ်တွေအတွင်း အောင်မြင်ခဲ့တာဖြစ်ပါတယ်။

လုပ်ဆောင်ချက်မှားယွင်းမှုတွေက ပြန်လေ့လာပြီး လကမ္ဘာမစ်ရှင်အတွက် မဆုတ်မနစ် ကြိုးစား ခဲ့တဲ့ ပညာရှင်တွေကိုလည်း မိုဒီက ချီးမွမ်းထားပါတယ်။ 

အိန္ဒိယရဲ့ အာကာအစီအစဉ် ဘတ်ဂျက်ဟာ နှိုင်းယှဉ်ပါက နည်းပါးတဲ့ ပမာဏဖြစ်သော်လည်း ၂၀၀၈ ခုနှစ်အတွင်းလပတ်လမ်းကို အာကာသယာဉ်တစ်စင်းကို စေလွှတ်နိုင်ချိန်တည်းကစပြီး အရွယ်အစားနဲ့ အရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့တာပါ။ 

လကမ္ဘာကို ဆင်းသက်နိုင်ခဲ့တဲ့ ချန်ဒရာရန်အမှတ်(၃) ယာဉ်ပျံဟာ အမေရိကန်ဒေါ်လာ (၇၄.၆) မီလျံကျသင့်ပြီး တခြားသော နိုင်ငံတွေရဲ့ မစ်ရှင်တွေထက်နည်းပါးတဲ့ ပမာဏဖြစ်ကာ အိန္ဒိယရဲ့ ချွေတာချက်ကို နိုင်ငံရဲ့ သိပ္ပံပညာရှင်တွေက သက်သေခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အိန္ဒိယနိုင်ငံဟာ လက်ရှိနည်းပညာကို စုတုပြုနိုင်ခြင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ် ခြင်းဖြင့် ကုန်ကျစရိတ်ကို နည်းပါးစေပြီး ပြည်ပမှာ ရရှိတဲ့ လုပ်ခလစာရဲ့ တစ်စိတ်တစ်ပိုင်းကို သာရရှိတဲ့ ကျွမ်းကျင်အင်ဂျင်နီယာတွေ များပြားတာကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

India Space Research Organization (ISRO)ဟာ လာမယ့်နှစ်မှာ ကမ္ဘာပတ်လမ်းထဲကို သုံးရက်ကြာ ယာဉ်ပြန်ပို့ လွှတ်မယ့် အစီအစဉ်ကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ၂၀၂၅ ခုနှစ်မှာ လပေါ်ကို နောက်ထပ် အာကာသယာဉ်စေလွှတ်ဖို့နဲ့ လာမယ့် (၂) နှစ် အတွင်း ဗီးနပ်စ်သို့ ပတ်လမ်းကြောင်းဆိုင်ရာ မစ်ရှင်တစ်ခု စေလွှတ်ဖို့ ဂျပန်နဲ့ တူးတွဲဆောင်ရွက် သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ 

Ref:CNA

Thanlwintimes

Recent Posts

ခြိမ်းခြောက်မှုတွေ ရပ်တန်ဖို့ တရုတ်ကို ထိုင်ဝမ် သမ္မတသစ် တိုက်တွန်း

တိုင်ပေ၊ မေ ၂၀ မေ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတသစ် ဝီလီယံလိုင်က ထိုင်ဝမ်ကို ခြိမ်းခြောက်နေတာတွေ ရပ်တန့်ဖို့ တရုတ်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။…

21 mins ago

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အီရန်သမ္မတ သေဆုံး

တီဟီရန်၊ မေ ၂၀ အီရန်သမ္မတ အီဗရာဟင် ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အဇာဘိုင်ဂျန်နယ်စပ်အနီး တောင်ထူထပ်တဲ့ဒေသမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားပြီ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက မေ ၂၀…

43 mins ago

မွန်လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့နှစ်ဖွဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှုစတင်

ရေး၊ မေ ၁၉ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF နဲ့ MSDF တို့ဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက…

2 days ago

မွန်ပြည်နယ်က ရွှေ့ပြောင်းလုပ်သားတွေ စစ်မှုထမ်းအငှားဈေးကွက်ဖြစ်လာ

မော်လမြိုင်၊ မေ ၁၉ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ရရေးအတွက် ငွေကြေးနဲ့ငှားရမ်းပြီး စစ်မှုထမ်းဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီရဲ့…

2 days ago

လူငယ်တွေ ညီညီညွတ်ညွတ်ကြိုးစားကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင်၊ မေ ၁၉ လူငယ်တွေအနေနဲ့ အချင်းချင်း ညီညီညွတ်ညွတ် ကြိုးစားပြီး ဦးစီးဦးဆောင်မှုတွေမှာ အတူတကွ လုပ်ဆောင်ကြဖို့လိုသလို ကိုယ့်ရဲ့အမြင်တွေကိုလည်း ဆွေးနွေးဖော်ထုတ်ပြသဖို့နဲ့ လေ့လာသင်ယူကြဖို့ KNU ကရင်အမျိုးသားအစည်းအရုံး…

2 days ago

ဘူးသီးတောင်မြို့ရှိ စစ်တပ်စခန်းအားလုံး AA အပြီးသတ်သိမ်းယူ

ဘူးသီးတောင်၊ မေ ၁၈ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဗျူဟာဌာနချုပ်အပါအဝင် တပ်စခန်းအားလုံးကို ဒီနေ့ နေ့လယ်ပိုင်းမှာ တစ်ခုမကျန် သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA…

2 days ago

This website uses cookies.