ပြည်တွင်းထုတ်လုပ်မှု တိုးမြင့်ဖို့ လက်ပ်တော့နဲ့ ကွန်ပျူတာ တင်သွင်းမှု အိန္ဒိယအစိုးရကန့်သတ်

နယူးဒေလီ – ဩဂုတ်(၄) 

အိန္ဒိယနိုင်ငံဟာ ပြည်တွင်းကုန်ထုတ်လုပ်မှုကို တွန်းအားပေးဖို့ ကြိုးပမ်းတဲ့အနေနဲ့ လက်ပ်တော့၊ တက်ဘလက်နဲ့ တကိုယ်ရည်သုံးကွန်ပျူတာ တင်သွင်းမှုတွေကို ကန့်သတ်လိုက်တယ်လို့ ဩဂုတ် လ(၃) ရက်နေ့မှာ အစိုးရက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ 

“သူတို့ရဲ့ တင်သွင်းမှုကို ကန့်သတ်ထားတဲ့ သွင်းကုန်တွေအတွက် တရားဝင်လိုင်စင်နဲ့ ခွင့်ပြုသွား မှာပါ” လို့ သတိပေးချက်တွင် ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းမှာ လက်ပ်တော့၊တက်ဘက်လက်၊ ကွန်ပျူတာ အပါအဝင် အီလက်ထရွန်းနစ် ပစ္စည်းတင်သွင်းမှုဟာ အမေရိကန်ဒေါ်လာ (၁၉.၇) ဘီလျံရှိပြီး တစ်နှစ်ထက် တစ်နှစ် (၆.၂၅) ရာခိုင်နှုန်းတိုးမြှင့်လာပြီး နိုင်ငံကုန်ပစ္စည်းတင်သွင်းမှုရဲ့ (၇) ရာခိုင်နှုန်းကနေ (၁၀) ရာခိုင်နှုန်းကြားရှိနေတာပါ။ 

“ဒီလှုပ်ရှားမှုရဲ့ အနှစ်သာရက အိန္ဒိယ ကုန်ထုတ်လုပ်မှုကို တွန်းအားပေးဖို့ပါ။ ဒါဟာ နှောင့်ယှက် တာ မဟုတ်ပါဘူး၊ ဒါဟာ တွန်းအားပေးမှုပါပဲ” လို့ MAIT အီလက်ထရွန်နစ်လုပ်ငန်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း အယ်လီ အက်ခါဂျဖရီက ပြောခဲ့ပါတယ်။ 

အိန္ဒိယနိုင်ငံဟာ အီလက်ထရွန်းနစ်အပါအဝင် ကဏ္ဍပေါင်းနှစ်ဒါဇင်ကျော်အတွက် ထုတ်လုပ်မှု ဆိုင်ရာမက်လုံးပေးပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုကို တွန်းအားပေးဖို့ ကြိုးပမ်းနေတာဖြစ်ပါ တယ်။

လက်ရှိမှာတော့ အိုင်တီဟာ့ဒ်ဝဲထုတ်လုပ်မှုမှာ ပမာဏကြီးမြင့်စွာ ရင်းနှင်းမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့အတွက် ကန်ဒေါ်လာ(၂)ဘီလျံကုန်ထုတ်လုပ်မှု မက်လုံးပေးမယ့် အစီအစဉ်ရဲ့ နောက်ဆုံး သက်မှတ်ရက်ကို တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။

အဲဒီမက်လုံးပေးအစီအစဉ်ဟာ ကမ္ဘာလုံးဆိုင်ရာ အီလက်ထရွန်းနစ်ထောက်ပံ့ရေးကင်းဆက်မှာ အင်အားကြီး နိုင်ငံဖြစ်လာဖို့ အိန္ဒိယရဲ့ ရည်မှန်းချက်တွေအတွက် အဓိကဖြစ်ပြီး နိုင်ငံအနေနဲ့ ၂၀၂၆ ခုနှစ်မှာ နှစ်စဉ်ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ(၃၀၀) ဘီလျံအထိရည်မှန်းထား တယ်လို့ ဆိုပါတယ်။

Dell၊ Acer၊ Samsung၊ LG Electronics၊ Apple၊ Lenovo နဲ့ HP Inc တို့ဟာ အိန္ဒိယစျေးကွက်မှာ လက်ပ်တော့ ရောင်းချနေတဲ့ အဓိက ကုမ္ပဏီတွေထဲက ဖြစ်ပြီး အများအပြားကိုတော့ ပြည်ပ နိုင်ငံတွေက တင်သွင်းကြတာဖြစ်ပါတယ်။  

ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ အမ်ကေဂလိုဘယ်က ဘောဂဗေဒပညာရှင် အာရိုရာ ကတော့ အဲဒီရည်ရွယ်ချက်ဟာ တင်သွင်းတဲ့ ကုန်ပစ္စည်းတချို့ကို အစားထိုးတင်သွင်းပုံရတယ် လို့ ပြောပါတယ်။ 

လက်ပ်တော့၊တက်ဘလက်နဲ့ တကိုယ်ရေသုံး ကွန်ပျူတာတွေဟာ နိုင်ငံရဲ့နှစ်စဉ်တင်သွင်းမှု စုစု ပေါင်းရဲ့(၁.၅) ရာခိုင်နှုန်းခန့်ရှိပြီး အဲဒီထဲက ထက်ဝက်နီးပါးဟာ တရုတ်နိုင်ငံက ဝယ်ယူနေတာ ဖြစ်တယ်လို့ အစိုးရအချက်အလက်တွေအရ သိရပါတယ်။ 

အိန္ဒိယဟာ ပြည်တွင်းထွက်ရှိမှုကို အထောက်အကူဖြစ်စေဖို့အတွက် မိုဘိုင်းလ်ဖုန်းလို ထုတ်ကုန် တွေအပေါ် အရင်က အခွန်အကောက်တွေ ချမှတ်ခဲ့ပါသေးတယ်။ 

ပြီးခဲ့တဲ့နှစ်က နိုင်ငံအတွင်း အမေရိကန်ဒေါ်လာ(၃၈) ဘီလျံတန်ဖိုးရှိ မိုဘိုင်းလ်ဖုန်းတွေကို ထုတ်လုပ်ခဲ့ပြီး ပြည်တွင်းထုတ်လက်ပ်တော့တွေနဲ့ တက်ဘလက်တွေရဲ့ ထုတ်လုပ်မှုကို နှိုင်းယှဉ်ပါက ကန်ဒေါ်လာ(၄) ဘီလျံသာရှိတယ်လို့ စက်မှုလုပ်ငန်းအဖွဲ့ India Cellular and Electronics Association ရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။ 

Ref: CNA

Thanlwintimes

Recent Posts

မွန်လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့နှစ်ဖွဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှုစတင်

ရေး၊ မေ ၁၉ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF နဲ့ MSDF တို့ဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက…

1 day ago

မွန်ပြည်နယ်က ရွှေ့ပြောင်းလုပ်သားတွေ စစ်မှုထမ်းအငှားဈေးကွက်ဖြစ်လာ

မော်လမြိုင်၊ မေ ၁၉ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ရရေးအတွက် ငွေကြေးနဲ့ငှားရမ်းပြီး စစ်မှုထမ်းဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီရဲ့…

1 day ago

လူငယ်တွေ ညီညီညွတ်ညွတ်ကြိုးစားကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင်၊ မေ ၁၉ လူငယ်တွေအနေနဲ့ အချင်းချင်း ညီညီညွတ်ညွတ် ကြိုးစားပြီး ဦးစီးဦးဆောင်မှုတွေမှာ အတူတကွ လုပ်ဆောင်ကြဖို့လိုသလို ကိုယ့်ရဲ့အမြင်တွေကိုလည်း ဆွေးနွေးဖော်ထုတ်ပြသဖို့နဲ့ လေ့လာသင်ယူကြဖို့ KNU ကရင်အမျိုးသားအစည်းအရုံး…

1 day ago

ဘူးသီးတောင်မြို့ရှိ စစ်တပ်စခန်းအားလုံး AA အပြီးသတ်သိမ်းယူ

ဘူးသီးတောင်၊ မေ ၁၈ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဗျူဟာဌာနချုပ်အပါအဝင် တပ်စခန်းအားလုံးကို ဒီနေ့ နေ့လယ်ပိုင်းမှာ တစ်ခုမကျန် သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA…

2 days ago

ပြည်တွင်းရွှေဈေး ၅၁ သိန်းကျော်ပြီ

မော်လမြိုင် ၊ မေ ၁၈ ကမ္ဘာ့ရွှေနဲ့ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းမီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၅၁ ကျော်အထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။…

2 days ago

ကော့ကရိတ်မှာ စစ်သင်္ဘော လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ကော့ကရိတ်၊ မေ ၁၈ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဘုရားကြီးကျေးရွာထဲကို စစ်ကောင်စီ စစ်သင်္ဘောကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။…

2 days ago

This website uses cookies.