ဝါရှင်တန် – ဇူလိုင်(၃၀) 

သမ္မတဘိုင်ဒန် ဦးဆောင်တဲ့အစိုးရဟာ အမေရိကန်ဒေါ်လာ(၃၄၅) သန်းတန်ဖိုးရှိတဲ့ ထိုင်ဝမ်ကို လက်နက်အကူအညီပေးရေးအစီအစဉ် နဲ့ပတ်သက်ပြီး ဇူလိုင်လ(၂၈) ရက်နေ့မှာ ကြေညာခဲ့ပါ တယ်။

ကွန်ဂရက်လွှတ်တော်က ၂၀၂၃ ခုနှစ်အတွက် ဘတ်ဂျက်အစီအစဉ်မှာ တရုတ်ရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ပြင်းပြင်းထန်ထန်ပယ်ချတဲ့ ထိုင်ဝမ်အတွက် သမ္မတရဲ့ လက်နက်ထောက်ပံ့ မှု ဒေါ်လာ(၁)ဘီလျံအထိ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ 

တရုတ်ကတော့ ထိုင်ဝမ်ရဲ့ အရေးအပါဆုံး လက်နက်ရောင်းချသူ အမေရိကန်အနေနဲ့ ကျွန်းနိုင်ငံ ကို လက်နက်ရောင်းချမှု ရပ်ဆိုင်းဖို့ အကြိမ်ကြိမ်တောင်းဆိုနေတာပါ။

အဲဒီအစီအစဉ်မှာ လက်နက်မဲ့ MQ-9A ကင်းထောက်ဒရုန်းလေးစင်း ပါဝင်ဖို့ မျှော်လင့်ထား ပေမယ့် အမေရိကန်လေတပ်မှ အဆင့်မြင့်စက်ပစ္စည်းတချို့ကို ဒရုန်းတွေထဲက ဖယ်ရှားခြင်း ဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို တာဝန်ရှိသူတွေက လုပ်ဆောင်နေတဲ့အတွက် ပါဝင်မှုမှာ လျော့သွားနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ခိုင်မာသောလုံခြုံရေးကတိကဝတ်တွေ အတွက် အမေရိကန် ကို ကျေးဇူးတင်တယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပြီး နှစ်ဖက်ကြား အပြန်အလှန် နားလည်တဲ့ သဘောတူမှုကြောင့် အစီအစဉ်အသေးစိတ်အချက်အလက်တွေကို မှတ်ချက်ပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ထိုင်ဝမ်ဟာ General Atomics ကထုတ်လုပ်တဲ့ MQ-9B ပင်လယ်စောင့်ကြပ်မောင်းသူ မဲ့ လေယာဉ်လေးစင်းကို ဝယ်ယူဖို့ အရင်က သဘောတူထားပြီးဖြစ်သလို ၂၀၂၅ ခုနှစ်မှာပို့ ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူတို့ပိုင်နက်အဖြစ် တရုတ်က ရှုမြင်ပြီး လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ကျွန်းပေါ်မှာ စစ်ရေးအရ ဖိအားပေးမှုတွေ တိုးလာခဲ့တာဖြစ်ပါတယ်။ 

ကျွန်းကို တရုတ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်စေဖို့ အင်အားအသုံးပြုမှုကိုလည်း ဘယ်သော အခါမှ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ဆိုထားပြီး ထိုင်ဝမ်ကတော့ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာ ဏာပိုင်ဆိုင်မှုကို ပြင်းပြင်းထန်ထန်ငြင်းဆိုထားပြီး ထိုင်ဝမ်လူမျိုးတွေသာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောထားပါတယ်။ 

“အမေရိကန်သည် မကြာမီတွင် ကွန်ဂရက်လွှတ်တော်က ခွင့်ပြုပေးခဲ့တဲ့ သမ္မတ၏ အခွင့်အာဏာပိုင်မှတစ်ဆင့် ထိုင်ဝမ်အား မကြာမီတွင် သိသာတဲ့ လုံခြုံရေးအကူအညီများ ပေးအပ်တော့မည်ကို ဝမ်းမြောက်မိပါသည်။” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုင် အော်စတင်က ပြီးခဲ့တဲ့ မေလ(၁၆) ရက်နေ့က ကျင်းပတဲ့ အထက်လွှတ်တော်အစည်းအဝေး မှာပြောခဲ့ပါတယ်။ 

အမေရိကန်နဲ့ မဟာမိတ်တွေအနေနဲ့ ကျွန်းကို ကာကွယ်ဖို့အတွက် ထိုင်ဝမ်ကို လာမယ့်နှစ်တွေ အတွင်း လက်နက်တွေ ပေးပို့မှု အရှိမြှင့်ဖို့ လိုအပ်တယ်လို့ အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးက ဒီလအစောပိုင်းမှာ ဆိုထားပါတယ်။

ယူကရိန်းနိုင်ငံကို လုံခြုံရေးအကူအညီတွေ အလျင်အမြန်ပေးဖို့ US သိုလှောင်မှုတွေမှ သမ္မတ ကိုလွှဲပြောင်းခွင့်ပြုတဲ့ (PDA) ကို အရေးပေါ် အခြေခံအဖြစ် အသုံးပြုထားခဲ့တာဖြစ်ပြီး ထိုင်ဝမ် PDA ကိုတော့ ပြီးခဲ့တဲ့နှစ်က ကွန်ဂရက်လွှတ်တော်မှာ အတည်ပြုထားတဲ့ အရေးပေါ်မဟုတ်တဲ့ အခွင့် အာဏာဖြစ်တယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.