ရန်ကုန် – ဇူလိုင်(၆)

ရန်ကုန်တိုင်းအတွင်းက စားသောက်ဆိုင်တွေမှာ တီးဝိုင်းနဲ့ သီချင်းဖျော်ဖြေမှုတွေကို အာဏာ သိမ်း စစ်ကောင်စီက ရပ်ဆိုင်းခိုင်းထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က အမည်မဖော်လိုသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

မြို့နယ်ထွေအုပ်တွေကနေတဆင့် စားသောက်ဆိုင်တွေမှာ သီဆိုဖျော်ဖြေမှုတွေကို ဒီနေ့ ဇူလိုင်လ (၆) ရက်နေ့ ညပိုင်းကစပြီး ရပ်ဆိုင်းခိုင်းထားတာပါ။

“ဆိုင်တွေကိုတော့ ဖွင့်ခွင့်ပေးထားပါတယ်။ ဘားတွေမှာဖွင့်တဲ့ တီးဝိုင်းတွေ၊DJ တွေကိုတော့ ဘာမှဖွင့်ခွင့်မပေးတော့ဘူး။ စိစစ်တွေ့ရှိရင် အရေးယူဖို့ ပြောထားပါတယ်” လို့ တိုင်းရဲတပ်ဖွဲ့က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ညွှန်ကြားချက်ကို လိုက်နာမှုမရှိတဲ့ ဆိုင်တွေကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူမှာ ဖြစ်သလို ဆိုင်ကို ချိပ်ပိတ်သွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

မြို့ပြတော်တော်များများမှာ ဖွင့်လှစ်ထားတဲ့ နိုက်ကလပ်၊ဘားနဲ့ စားသောက်ဆိုင်တွေမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာတွေ များပြားလာတဲ့ အတွက် ကလပ်နဲ့ ဘားတွေကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့တွေကလည်း စစ်ကောင်စီကို ထောက်ပံ့ကူညီတာတွေလုပ်နေတဲ့ နိုက်ကလပ်နဲ့ဘားတွေအပြင် သွားရောက်သူတွေရဲ့ အသက်အန္တရာယ်ကို အာမခံတော့မှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Transporter Restaurant

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.