ကာဘူးလ်၊ ဇူလိုင်(၂) 

အမျိုးသမီးတွေအပေါ် တာလီဘန်တို့ရဲ့တိုးမြှင့်ကန့်သတ်ချက်တွေကြောင့် ဘဏ္ဍာရေးလျှော့ချ မှုတွေ ဆောင်ရွက်ဖို့ ကုလအဖွဲ့အစည်းတွေက သတိပေးနေတဲ့အချိန်မှာပဲ စားနပ် ရိက္ခာထောက် ပံ့ရေးအစီအစဉ် လုံးဝလျော့ ချသွားတော့မှာ ဖြစ်တယ်လို့ WFP ရဲ့ ဌာနေဒါရိုက်တာက ဇူလိုင်(၁) ရက်နေ့က ပြောကြားခဲ့ပါတယ်။

လက်ရှိရန်ပုံငွေခန့်မှန်းချက်အရ အောက်တိုဘာလအကုန်မှာ အကုန်လုံးလျှော့ချသွားတော့မယ် လို့ သူကဆက် လက်ပြောကြားခဲ့ပါတယ်။ 

WFP အနေနဲ့ အခုနှစ်မှာ အာဖဂန်လူဦးရေ ၈သန်းဆီမှ ထောက်ပံ့ရာရှင်တွေနဲ့ ငွေသားကိုလျှော့ချ ထားပြီး ဖြစ် သလို အဲဒီအခြေအနေဟာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းလို့ ကုလသမဂ္ဂက ယူဆထားပါတယ်။ 

ဒါ့အပြင် အာဖဂန်နစ္စတန်မှာရှိတဲ့ ကယ်ဆယ်ရေးအေဂျင်စီတွေ ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးဆိုင် ရာ စိန်ခေါ် မှုတွေ ပြင်းထန်လာနေမှု ကို မီးမောင်းထိုးပြနေတာပါ။

 “လူဦးရေ ၅ သန်းအပေါ် နောက်ထပ်နှစ်လအတွက် ထောက်ပံ့ပေးနိုင်ပေမယ့် အဲဒီအလွန်မှာတော့ ကျွန်မတို့မှာ ဘာအရင်းအမြစ်မှ မရှိတော့ပါဘူး။ ဒီအခြေအနေက ကျွန်မတို့ရဲ့ ရပ်တည်ရေးကို အရေးတကြီးအခြေ အနေအဖြစ် ညွှန်ပြနေတဲ့ အနေအထားဖြစ်ပါတယ်” လို့ WFP ရဲ့ အာဖဂန်နစ္စတန် ဒါရိုက်ရှောင်ဝေလင်းက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

လျှော့ချမှုတွေကို သြဂုတ်လမှာစတင်သွားမှာဖြစ်ပြီး စက်တင်ဘာလမှာ ထပ်မံလျှော့ချမည်ဖြစ်ကာ အောက်တို ဘာလမှာတော့ အပြီးတိုင်အဆုံးသတ်မယ်လို့ ပြောကြားထားပါတယ်။

 ဒီလိုကာလသတ်မှတ်ချက်ဟာ အလှူရှင်နိုင်ငံတွေက ပေးအပ်မယ်လို့ ကတိပေးချက်အတိုင်း WFPရဲ့ လက်ရှိ ငွေကြေးရန်ပုံငွေတွေနဲ့ ဘဏ္ဍာ ရေးဆိုင်ရာ အထောက်အကူတွေကို ခန့်မှန်းထားကြခြင်းဖြစ်ပါတယ်။ 

WFP ရဲ့ထုတ်ပြန်ချက်အရ အာဖဂန်နိုင်ငံသား ၁၅ သန်းနီးပါဟာ စားနပ်ရိက္ခာပြတ်လပ်မှု အန္တရာယ်ရှိနေပြီး အကူအညီလည်း လိုအပ်နေကြတာပါ။ 

ဒါရိုက်တာ Lee ရဲ့ပြောကြားချက်အရ WFP ဟာ စားနပ်ရိက္ခာအကူအညီနဲ့ စီစဉ်ထားပြီးတဲ့ စီမံကိန်းတွေကို ဆောင်ရွက်နိုင်ဖို့ ဒေါ်လာ ၁ ဘီလီယမ် လိုအပ်တယ်လို့ ဆိုပါတယ်။ 

အာဖဂန်နစ္စတန်မှာ WFP ဆက်လက်တည်ရှိသွားမည်ဖြစ်ပြီး အာဟာရဖြည့်တင်းရေးစီမံကိန်း တွေကဲ့သို့သော အခြားအလုပ်ကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

အလှူရှင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေဟာ အမျိုးသမီးတွေကိုကန့်သတ်ချက်တွေကြောင့် ဖြစ်ပေါ်လာ သော်လည်း WFP ရဲ့ အကျိုးခံစားခွင့်တွေဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဖြစ်တာကြောင့် သူတို့အနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ရှိတယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.