အန်ကာရာ – ဇွန်(၁၅) 

ဆွီဒင်မှာ PKK အဖွဲ့ကို ထောက်ခံသူတွေက ဆန္ဒပြခဲ့တဲ့အတွက် စတော့ဟုမ်း အနေနဲ့ သူတို့ရဲ့ ကတိတွေကို လိုက်နာဖို့ လုံလောက်မှုမရှိသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့  ဗေးနီးရပ်စ် ထိပ်သီးအစည်း အဝေးမှာ နေတိုးအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ တူရကီသမ္မတ အာဒိုဂန်က ပြောပါတယ်။ 

ဒီလအစောပိုင်းက ကာတစ်စတန် လုပ်သားပါတီ(PKK) လက်နက်ကိုင်အဖွဲ့ကို ထောက်ခံသူတွေ ဟာ အလံတွေ ဝှေ့ယမ်းကာ တူရကီနိုင်ငံကို ဆန္ဒပြခဲ့ကြတဲ့အတွက် တူရကီသမ္မတ ဒေါသထွက် နေတာပါ။ 

PKK ကို ဥရောပသမဂ္ဂအဖွဲ့ဝင်တွေနဲ့ အမေရိကန်အပါအဝင် နိုင်ငံအများအပြားက အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

ဆွီဒင်ရဲ့ နေတိုးမဟာမိတ်အဖွဲ့ဝင်ဖြစ်ရေး ကမ်းလှမ်းချက်ကို လက်ခံဖို့ ကြိုးပမ်းနေချိန်မှာ အကြမ်းဖက်သမားတွေက စတော့ဟုမ်းမြို့ လမ်းမတွေပေါ်မှာ ဆန္ဒပြနေကြတာ ဖြစ်တယ်လို့ နေတိုးအထွေထွေ အတွင်းရေးမှူးချုပ် ဂျန်စ်စတော့တန်ဘာ့ ကပြောပါတယ်။ 

“ကျွန်တော်တို့ကို ဒီအမြင်တွေကို ထုတ်ပြောနေချိန်မှာဘဲ ကံမကောင်းတာက အဲဒီအချိန်တုန်းက ဆွီဒင်မှာ အကြမ်းဖက်သမားတွေဟာ ဆွီဒင်ရဲ့ လမ်းတွေပေါ်မှာ ထပ်ပြီး ဆန္ဒပြနေကြတယ်၊ အခုတော့ ဒီစားပွဲဝိုင်းမှာ ဒီအလုပ်ကို အပြုသဘောနဲ့ ချဉ်းကပ်လို့မရဘူး” လို့ သူကပြောပါသေး တယ်။ 

ဆွီဒငင်မှာ PKK ပါတီနဲ့ ဆက်နွယ်သူတွေရှိနေတာဟာ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်ပြီး နောက်ပိုင်း နေတိုးအဖွဲ့နဲ့ ပူးပေါင်းဖို့ ကြိုးပမ်းမှုတွေအတွက် အဓိက အတားအဆီး တစ်ခု ဖြစ်နေသလို တူရကီ နိုင်ငံကလည်း PKK ထောက်ခံသူတွေ ရှိနေသရွေ့ ဆွီဒင်ရဲ့ တောင်းဆို ချက်ကို ထောက်ခံသွားမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ 

PKK အဖွဲ့ဟာ တူရကီနိုင်ငံကို ဆယ်စုနှစ်များစွာ စစ်ပွဲဆင်နွှဲနေခဲ့တာဖြစ်ပြီး သူတို့ကို တုံ့ပြန်တဲ့ အနေနဲ့ ဆွီဒင်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆက်ချက်ကို အတည်ပြုခဲ့ပြီး နိုင်ငံအတွင်းက အကြမ်းဖက်အုပ်စုတွေကို အရေးယူနိုင်ဖို့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ထားတယ်လို့ သိရပါ တယ်။ 

ဒါ့အပြင် ဆွီဒင်ထိပ်တန်းတရားရုံးက မူးယစ်ဆေးဝါး ပြစ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ PKK ထောက်ခံ သူတွေကို တူရကီကို လွှဲပြောင်းပေးရေးကိုလည်း အတည်ပြုထားပြီးအစိုးရ ရှေ့နေ တစ်ဦး ကလည်း PKK အတွက် ရန်ပုံငွေကောက်ခံမှုနဲ့ ဆွီဒင်နိုင်ငံသားတစ်ဦးကို တရားစွဲထားတယ်လို့ သိရပါတယ်။ 

ဖင်လန်၊ဆွီဒင်နဲ့ နေတိုးအကြီးတန်းအရာရှိတွေဟာ အန်ကာရာမှာ တူရကီ သမ္မတရဲ့ နိုင်ငံခြားရေး ရာမူဝါဒ အကြံပေး အသစ်ဖြစ်တဲ့ ကေလစ်စ်နဲ့ တွေ့ဆုံကြမှာဖြစ်ပြီး မဟာမိတ်အဖွဲ့ကို ဝင်ရောက် ဖို့အတွက် အပြန်အလှန်အနေနဲ့ အကြမ်းဖက် ဝါဒကို ဆန့်ကျင်ဖို့ နော်ဒစ်နိုင်ငံနှစ်ခုကို တောင်းဆို ထားတဲ့ (၃) နိုင်ငံစာချွန်လွှာကတစ်ဆင့် တိုးတက်မှုတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ 

အာဒိုဂန်က ဆွီဒင်အနေနဲ့ တူရကီက သူ့ရဲ့ နယ်မိမိတ်အတွင်းမှာ လုပ်ဆောင်ခဲ့တဲ့အတိုင်း အကြမ်းဖက်သမားတွေကို နှိမ်နင်းရမှာဖြစ်တယ်လို့ သတိပေထားပြီး မဟုတ်ရင် ဆွီဒင်ကို ပူးပေါင်းပါဝင်ခွင့် ပြုဖို့ နေတိုးကို မပြောနိုင်ဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Ref: Middle East Eye

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.