အင်ဒိုမှာ တစ်ခါသုံးပလက်စတစ်အသုံးပြုမှုကို ၂၀၃၀ မတိုင်ခင် တားမြစ်ဖို့လုပ်ဆောင်နေ

ဂျကာတာ – ဇွန်(၇) 

အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့် ၂၀၂၉ ခုနှစ်ကုန်မှာ တစ်ခါသုံး ပလက်စတစ်ထုတ်ကုန်တွေကို တားမြစ်ပိတ်ပင်သွားမျာဖြစ်တယ်လို့ နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာဝန်ကြီး စီတီနာဘျာ ဘာကာက ပြောပါတယ်။ 

ထုတ်လုပ်သူတွေကို အဲဒီအချိန်မှာ သူတို့ရဲ့ ပလက်စတစ်ထုတ်ပိုးအသုံးပြုမှုကို (၃၀) ရာခိုင်နှုန်း အထိ လျှော့ချဖို့ အမိန့်ထုတ်ထားတာပါ။ 

တားမြစ်ချက်မှာတော့ တစ်ခါသုံး ပလက်စတစ်စျေးဝယ်အိတ်၊ပလက်စတစ်ပိုက်နဲ့ ပလက်စတစ် ပန်ကန်ခွက်ယောက်တွေ ပါဝင်သလို အစားအသောက်ထုပ်ဖိုးဖို့အတွက် တစ်ခါသုံး အစားထိုး ဖော့ဗူးအသုံးပြုတာကိုလည်း တာမြစ်မှာဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။ 

“ဒါဟာ စုဆောင်းသိမ်းဆည်းရခက်ခဲတဲ့၊ ဈေးသက်သာပြီးပြန်လည်အသုံးပြုရခက်ခဲသည့် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမယ့် ထုပ်ပိုးတဲ့စွန့်ပစ်ပစ္စည်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတစ်ခုဖြစ်တယ်” လို့ ဝန်ကြီးရဲ့ ပြောဆိုချက်ကို အင်ဒိုနီးရှားသတင်းအေဂျင်စီ အန်တာရာက ဖော်ပြခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပလက်စတစ်စွန့်ပစ်ပစ္စည်းထုတ်လုပ်တဲ့ ထိပ်တန်းနိုင်ငံ အဖြစ် အစီရင်ခံစာတွေမှာဖော်ပြထားပြီး လူဦးရေ သန်း(၂၇၀) ရှိတဲ့နိုင်ငံက ပြီးခဲ့တဲ့နှစ်က ပလက်စတစ် အမှိုက်တန်ချိန်(၁၂.၆)သန်း ထုတ်လုပ်ခဲ့တယ်လို့ အင်ဒိုနီးရှာ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန ကဖော်ပြထားပါတယ်။ 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဖြစ်တဲ့  Zero Waste Indonesia Alliance ရဲ့ လေ့လာမှု တွေအရ အင်ဒိုမှာ ပလက်စတစ်အမှိုက်(၉) ရာခိုင်နှုန်းကိုသာ ပြန်လည်အသုံးပြုကြပြီး တခြား အမှိုက်တွေဟာ အမှိုက်ပုံ၊မြစ်တွေနဲ့ သမုဒ္ဒရာတွေကို ညစ်ညမ်းစေတယ်လို့အကြံပြုထားပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားမှာရှိတဲ့ ပြည်နယ်တွေကိုလည်း တားမြစ်ပိတ်ပင်မှုကို အထောက်အကူဖြစ် စေဖို့ ပလက်စတစ်အမှိုက်လျှော့ချရေး လမ်းပြမြေပုံတစ်ခု ပြုလုပ်ဖို့ ညွှန်ကြားမှာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တာဝန်ကြီးက ပြောထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ဇူလိုင်လက လူကြိုက်များတဲ့ ဘာလီကျွန်းကို တစ်ခါသုံးပလက်စတစ်အိတ်၊ ပိုက်နဲ့ ဖော့ဗူးတွေအသုံးပြုတာကို တားမြစ်ပိတ်ပင်တဲ့ ပထမဆုံးအင်ဒိုနီးရှားပြည်နယ်အဖြစ် သတ်မှတ်ထားပါတယ်။ 

အင်ဒိုနီးရှားဟာ တစ်ခါသုံးပလက်စတစ်ထုတ်ကုန်တွေအပေါ် မှီခိုအားထားတာကို အဆုံးသတ်ဖို့ မျှော်လင့်နေတဲ့ တစ်ခုတည်းသော နိုင်ငံမဟုတ်ဘဲ ၂၀၁၈ ခုနှစ်မှာ မလေးရှားနိုင်ငံကလည်း ၂၀၃၀ ပြည့်နှစ်မှာ တစ်ခါသုံး ပလက်စတစ်တွေ ဖယ်ရှားဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

အဲဒီရည်မှန်းချက်ကို ပြည့်မှီဖို့ မလေးရှားနိုင်ငံ သယံဇာတ၊သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးက ၂၀၂၅ ခုနှစ်မှာ နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ စီးပွားရေး ကဏ္ဍအားလုံး မှာလက်လီရောင်းချနေတဲ့ ပလက်စတစ်အိတ်အသုံးပြုမှုကို တားမြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြီးခဲ့တဲ့လက ပြောထားပါတယ်။ 

Ref: CNA

Thanlwintimes

Recent Posts

မွန်တပ်ကို ဝန်းရံတိုက်ခိုက်မှုနဲ့ ဒေသခံနှစ်ဦး သတ်ဖြတ်တဲ့ စွပ်စွဲချက်အပေါ် မွန်ပြည်သစ် AD ငြင်းဆို

ရေဖြူ ၊ ဇွန် ၂ ရေးတောင်ပိုင်းနဲ့ ရေဖြူမြို့ နယ်ဘက်မှာ လှုပ်ရှားနေတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်တဲ့ မွန်တပ်ကို မဟာမိတ်တပ်တွေနဲ့အတူ ဝန်းရံတိုက်ခိုက်ပြီး ဒေသခံနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ်…

1 day ago

မွန်ပြည်နယ်မှာ ဆေးဝါးအများစု ဆိုးဆိုးရွားရွား ပြတ်လပ်လာ

မော်လမြိုင် ၊ ဇွန် ၂ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့မေလကစလို့ ဆေးကုမ္ပဏီ၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဆိုင်တွေမှာပါ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ဆိုးဆိုးရွားရွား ပြတ်လပ်လာပြီးနောက် ဈေးနှုန်းတွေ…

1 day ago

ခွဲထွက်အဖွဲ့NMSP AD နဲ့ ပတ်သက်မှုမရှိကြောင်း မွန်ပြည်သစ်ပါတီ ထုတ်ပြန်

ရေးချောင်းဖျား ၊ ဇွန် ၂ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့NMSP AD ဟာ သူ့သဘောသူဆောင်နေတဲ့အဖွဲ့ဖြစ်ပြီး မိခင်ပါတီနဲ့ ဆက်စပ်ပတ်သက်မှုမရှိတဲ့ အဖွဲ့သာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မ တီက…

1 day ago

သထုံမြို့နယ် တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

သထုံ၊ ဇွန် ၂ မွန်ပြည်နယ် သထုံမြို့နယ် တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်လေးဇော်ဟာ ဇွန် ၁ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့်…

1 day ago

ခွဲထွက်အဖွဲ့ NMSP AD နဲ့ ပတ်သက်မှုမရှိကြောင်း မွန်ပြည်သစ်ပါတီ ထုတ်ပြန်

ရေးချောင်းဖျား ၊ ဇွန် ၁ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ဟာ သူ့သဘောသူဆောင်နေတဲ့အဖွဲ့ဖြစ်ပြီး မိခင်ပါတီနဲ့ ဆက်စပ်ပတ်သက်မှုမရှိတဲ့ အဖွဲ့သာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက…

2 days ago

စစ်ခင်းလိုတဲ့ အပြုအမူတွေ မပြုလုပ်ဖို့ တရုတ်ကို ဖိလစ်ပိုင်သမ္မတ သတိပေး

စင်ကာပူ ၊ ဇွန် ၁ နှစ်နိုင်ငံကြား တင်းမာမှုတွေ အရှိန်ဆက်လက် မြင့်တက်လာနေတဲ့ တောင်တရုတ်ပင်လယ်မှာ အနီရောင်စည်းကို မကျော်ဖို့ ဖိလစ်ပိုင် သမ္မတ မားကို့စ် ဂျူနီယာက…

2 days ago

This website uses cookies.