ပြင်ဦးလွင်မှာ သစ်ပင်ပိပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံး
ပြင်ဦးလွင် ၊ မေ (၁၄) လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ အနီးစခန်းရဲကင်းရှေ့မှာ သစ်ပင်ပိပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့တုသိတာလူမှုကူညီရေးအသင်းကနေ သိရပါတယ်။ ဒီနေ့ မေ ၁၄ ရက်နေ့ မနက် ၈ နာရီလောက်မှာ ရဲကင်းအရှေ့က သစ်ပင်ကြီးတစ်ပင် လဲပြိုခဲ့တဲ့အတွက် သစ်ပင်ပိပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းပွင့်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာပါ။ “အဲဒီရဲက လက်ဖက်ရည်ဆိုင်က ပြန်လာတာ၊သူလာတဲ့အချိန် သစ်ပင်လဲသွားတာ၊…