စင်္ကာပူ၊ မေ(၂၆)

နည်းပညာအခြေပြု ခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ စင်ကာပူအခြေစိုက်Grab ကုမ္ပဏီ ကို ပူးတွဲတည်ထောင်သူ တန်ဟွိုင်လင်ဟာ အခုနှစ်ကုန်ပိုင်းအတွင်း ရာထူးမှနုတ်ထွက်တော့မယ်လို့ ကြာသပတေးနေ့ က ပြောကြားခဲ့ပါတယ်။

ဟွိုင်လင်ဟာ ၂၀၁၂ ခုနှစ်မှာ CEO အန်တိုနီနဲ့ Grab ကို တည်ထောင်ခဲ့ပြီး အကြံပေးကဏ္ဍသို့ ကူးပြောင်း သွားမှာဖြစ်ကြောင်း ကုမ္ပဏီကပြောကြားခဲ့တာပါ။

နိုင်ငံတကာရှိ Grab လုပ်သားတွေထံသို့ ပေးပို့တဲ့ စာချွန်လွှာအရ သူမရဲ့နေရာကို ဆက်ခံနိုင်မယ့်အစီအစဉ်ကို အချိန်တော်ကြာဆောင်ရွက်ခဲ့ပြီးဖြစ်ကာ ဟွိုင်လင်အနေဖြင့် သူမ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်မှလည်း စွန့်ခွာမှာဖြစ်ကြောင်း ထည့်သွင်းရေးသားထားပါတယ်။

တန်ဟွိုင်လင်ဟာ၂၀၁၁ ခုနှစ်မှာ ဟားဗက်နဲ့ ဖက်စပ်ဖွင့်လှစ်တဲ့စီးပွားရေးပညာကျောင်းရဲ့ ပြိုင်ပွဲတစ်ခုကနေ ရရှိလာတဲ့ အကြံဉာဏ်နဲ့ အရှေ့တောင်အာရှရဲ့ အကြီးဆုံးခရီးသည်ပို့ဆောင်ရေးနဲ့ အစားအစာပို့ဆောင်ရေး လုပ်ငန်းကို တီထွင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် သူမဟာ စင်ကာပူနိုင်ငံရောက် မလေးရှားနိုင်ငံသားဖြစ်ပြီး အင်တာနက်အခြေပြု စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်နေတာပါ။

Grab နိုင်ငံတကာထံကို ပေးပို့တဲ့ စာချွန်လွှာမှာတော့ သူမရဲ့နေရာကို ချက်ချင်းအစားထိုးမှာမဟုတ်ဘဲ အမည်စာ ရင်းတင်သွင်းမယ့် ကော်မတီက ဘုတ်အဖွဲ့နေရာကို ဖြည့်တင်းမယ့် ကိုယ်စားလှယ်လောင်းတွေကို အခုနှစ်ကုန်ပိုင်းမှာ စဉ်းစားသွားဖို့ရှိတယ်လို့ ဆိုထားပါတယ်။

တန်ဟွိုင်လင်က လက်ရှိအချိန်မှာGrabရဲ့ နည်းပညာ ဌာနခွဲအကြီးအကဲအဖြစ် ဆောင်ရွက်နေပြီး ၂၀၂၁ ခုနှစ်ကတည်းက ဘုတ်အဖွဲ့ဝင် အဖြစ်တာဝန်ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.