မနီလာ – မေ(၂)

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာလေဆိပ် Terminal 3 မှာ အကြောင်းရင်းမဖော်ပြနိုင်တဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် Cebu Pacific ရဲ့ ပြည်တွင်းလေကြောင်းလိုင်း(၄၀) ကျော်ဖျက်သိမ်းခဲ့ရ တယ်လို့ သိရပါတယ်။ 

လျှပ်စစ်မီးပြတ်တောက်ရတဲ့ အဓိကအကြောင်းအရင်းကို ဖော်ပြထားတာမရှိတဲ့ Facebook စာမျက်နှာရှိ နီနွိုင်း အကွိုင်နို နိုင်ငံတကာလေဆိပ်ရဲ့ ထုတ်ပြန်ချက်တစ်ခုအရ ဓာတ်အား ပြတ် တောက်မှုကြောင့် လေကြောင်းလိုင်းတွေ ကြန့်ကြာမှုတွေဖြစ်ပေါ်ခဲ့တာပါ။ 

“ပြည်တွင်းနှင့် ပြည်ပခရီးသည်များအတွက် လေကြောင်းလိုင်းနှင့် လဝက သုံး ကွန်ပျူတာများ အတိုင်းအတာတစ်ခုအထိ လည်ပတ်နိုင်ရန်အတွက် အရေးကြီးအဆောက်အအုံများကို လျှပ်စစ် ဓါတ်အားပေးသည့် အသင့်ထားရှိသော ဓါတ်အားပေး စနစ်များကို အသုံးပြုခဲ့နိုင်သည်” လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

(၃) ရက်တာ အားလပ်ရက်အတွင်း မိမိတို့ နိုင်ငံကို ပြန်လာကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေနဲ့အတူ ခရီးသွားရာသီအမြင့်ဆုံးရောက်ရှိချိန်အတွင်း လေဆိပ်အော်ပရေတာနဲ့ Supplier ကုမ္ပဏီ ဖြစ်တဲ့ Manila Electric Company တို့ဟာ လျှပ်စစ်မီးပြတ်တောက်ရတဲ့ အဓိက အကြောင်းအရင်းကို ရှာဖွေနေတယ်လို့ သိရပါတယ်။ 

ထုတ်ပြန်ချက်တွေအရ Terminal 3 ကိုအသုံးပြုပြီး ထွက်ခွာဆိုက်ရောက်မယ့် ခရီးသည်တွေကို Cebu Pacific လေကြောင်းလိုင်းက Booking ပြန်လည်ရယူဖို့ ဒါမှမဟုတ် ပြန်အမ်းငွေပေးအပ်ဖို့ ရွေးချယ်မှု နှစ်ခုပေးအပ်ထားတယ်လို့ သိရပါတယ်။ 

လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက သယ်ယူပို့ဆောင်ရေး အတွင်းဝန်ကို လေဆိပ်ရဲ့ Terminal 3 နေရာကို ဓာတ်အားလည်ပတ်မှုတွေကို ပုံမှန်အတိုင်း ပြန် လည်ဖြစ်စေဖို့ ညွှန်ကြားပြီး ဓာတ်အားပြတ်တောက်မှုကြောင့် အခက်ကြုံတွေ့ခဲ့ရတဲ့ ခရီးသည် တွေကိုလည်း အကူအညီအထောက်အပံ့တွေ ဖြစ်နိုင်သမျှ မြန်မြန်ပေးအပ်ဖို့ ညွှန်ကြားထားတယ် လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.