TLT Tv||- ၂၀၂၃ ခုနှစ် ဧပြီလ (၁၉) ရက် ဗုဒ္ဓဟူးနေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/6OlTtrCpDVQ
https://youtu.be/6OlTtrCpDVQ
ရန်ကုန် – ဧပြီ(၁၉) အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ စစ်ရေးသတင်းအချက်အလက်တွေပေးဖို့အတွက် ဖရဲသီး စီမံချက်စာရွက်တွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီနေ့ ဧပြီလ(၁၉) ရက်နေ့မှာ ရန်ကုန်မြိုပြတော်လှန်ရေးအင်အားစုတွေ ဖြစ်တဲ့ Kyimyindaing Networks (KMD18) နဲ့ Mayangone Democratic Front (MDF) တို့က ပြုလုပ်ခဲ့ကြတာပါ။ ဖရဲသီးစီမံချက် ပိုမိုအောင်မြင်စေဖို့အတွက်…
မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စစ်ကောင်စီလော်ဘီ အကောင့်တုတွေဖြန့်ဝေနေတဲ့ “ပဇီကြီးကျေးရွာ ဖြစ်စဉ်နဲ့ပက်သက်ပြီး နိုင်ငံတကာက နစက ကို ထောက်ခံ”ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို…
တနင်္သာရီ၊ ဧပြီ(၁၉) စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက် ပိုင်းကစပြီး တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားပေမယ့် စစ်ရှောင်ပြည်သူအများစု နေရပ်မပြန်ရဲသေးဘူးလို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့ကနေ ဧပြီ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေနေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် တနင်္သာမြို့နယ်…
မော်လမြိုင်၊ ဧပြီ(၁၉) AAPP ရဲ့ ဧပြီ(၁၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၈၀၇)ရက်အတွင်း ပြည်သူ (၃၄၀၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၄၀၃ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၈၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…
နေပြည်တော် ၊ ဧပြီ (၁၉) စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်မတည်ငြိမ်မှုတွေ ရှိနေပေမယ့် အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့စီးပွားရေးဟာ အရင်နှစ်ကထက် စီးပွားရေးတိုးတက်မှု အားပိုကောင်းလာမယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်အတွင်း ကျပ်တည်းမှုတွေရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာ ပြည်တွင်း ကုန်ထုတ်လုပ်မှု ကောင်းမွန်လာသလို နယ်စပ်ကုန်သွယ်ရေးတွေကို အတိုင်းအတာတစ်ခုအထိ ဖွင့်လှစ်လာနိုင်ခဲ့တယ်လို့ သူရဲ့…
နေပြည်တော်၊ ဧပြီ(၁၉) စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့တစ်ကျော့ပြန် အာဏာ သိမ်းယူမှုအောက်မှာ အထွေထွေရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ဘဲ စစ်ကောင်စီကအာဏာဆက်ယူဖို့သာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ နိုင်ငံဟာသာမန်အခြေအနေမဟုတ်လို့ ရွေးကောက်ပွဲ မကျင်းပနိုင်သေးတဲ့ အကြောင်းပြချက်နဲ့ တိုးယူထားတဲ့ အရေးပေါ်သက်တမ်း ၆ လကလည်း နောက်ထပ် ၃ လကျော်လောက်သာ ကျန်ရှိတော့တဲ့အခြေအနေမှာ စစ်ခေါင်းဆောင်ရဲ့ မြန်မာ့နှစ်သစ်ကူး မိန့်ခွန်းမှာတော့ ရွေးကော်ပွဲကျင်းပမယ့်ကိစ္စအပေါ်…
ရန်ကုန်၊ ဧပြီ(၁၉) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဒီနှစ် ဧပြီ ၁၅ ရက်နေ့အထိ အမျိုးသမီးနဲ့ ကလေး ၁၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသမီးလူငယ်နဲ့ ကလေး သူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီး ၆၃၇ ဦးနဲ့ ကလေးသူငယ် ၃၉၆ ဦး စုစုပေါင်း…
မြဝတီ၊ ဧပြီ(၁၉) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ဒေသအနီး ပတ် ဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို အတွဲလိုက်ပစ်ဒုံး ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အရ သိရပါတယ်။ ဧပြီ(၁၈)ရက်နေ့ မနက်(၆)နာရီခွဲအချိန်ကစပြီး မြဝတီမြို့နယ် မဲကနယ်ကျေးရွာထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့အတွက် ကော်ဘရာစစ်ကြောင်း(၂) Venom PDF စစ် ကြောင်းတို့နဲ့ ထိတွေ့…
ပီနန်၊ ဧပြီ(၁၉) မလေးရှားနိုင်ငံ ရှေးဟောင်းအမွေအနှစ်မြို့တော် George Town အနောက်မြောက်ဘက်ရှိ ကမ်းခြေမှာ ဂျက်စ ကီး ယာဉ်မတော်တဆဖြစ်မှုကြောင့် သူငယ်ချင်းတွေနဲ့ အပျော်ခရီးထွက်လာတဲ့ နိုင်ငံခြားသားတစ်ဦး သေဆုံးခဲ့ ရတယ်လို့ သိရပါတယ်။ George Town ဟာ မလေးရှားပီနန်ကျွန်းပေါ်မှာ တည်ရှိပြီး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မြို့တစ်မြို့ လည်း ဖြစ်ပါတယ်။ ဖြစ်စဉ်ထဲက နိုင်ငံခြားသားဟာ ကိုထွန်းလင်းအောင်လို့ အမည်ရတဲ့ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး…