ကရင်လူ့အခွင့်အ ရေးအဖွဲ့ KHRG စည်းရုံးလှုံ့ ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်

“အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်ခြင်းဟာဆိုရင် နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားခြင်း ဥပဒေကို လုံးဝချိုးဖောက်ရာ ရောက်တယ်ပေါ့။ ခြုံပြောရမယ်ဆိုရင် ကျွန်တော်တို့ ကရင် ပြည်နယ်အတွင်းမှာ ဒီနှစ်လပိုင်း၊ သုံးလပိုင်း ၂၀၂၃ခုနှစ်အတွင်းမှာ လုံးဝလုံခြုံမှု မရှိသေးဘူး”

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ် ပိုမိုကျူးလွန်နေပြီး ၂၀၂၃ ခုနှစ်အတွင်း အဆုံးဝါး ဆုံး အခြေအနေတွေအထိ ရောက်ရှိလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်လာတာပါ။

ဒါကြောင့် KNU နယ်မြေထဲမှာ အရပ်သားအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေ၊ ထိခိုက် ဒဏ်ရာရရှိမှုနဲ့ ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကရင်လူ့အခွင့်အ ရေးအဖွဲ့ KHRG စည်းရုံးလှုံ့ ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

အရင်ဆုံး KNU နယ်မြေထဲမှာ ဖေဖော်ဝါရီလနဲ့ အခုမတ်လတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူ့အခွင့် အရေးချိုးဖောက်မှု အခြေအနေကို ပြောပြပေးပါဦး။

ဒီနှစ်လပိုင်း ဖေဖော်ဝါရီ၂၀၂၃ခုနှစ်နဲ့ မတ်လ၂၀၂၃ခုနှစ်အတွင်းမှာ ကျွန်တော်တို့ ကရင်ပြည်နယ်မှာရှိတဲ့ လူ့အခွင့်အရေးအခြေအ နေနဲ့ ပတ်သက်ပြီးပြောရရင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်။ လက်နက်ကြီးနဲ့ပစ် ခတ်မှုတွေ ဖြစ်ပွားနေတယ်။ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်။ ဒီဖြစ်ပွားမှုဟာ ဆိုရင် အဓိကက တပ်မဟာ(၁)ရယ်၊ တပ်မဟာ(၃)ရယ်၊ တပ်မဟာ(၅) ရယ် ဖြစ်ပွားနေတာပေါ့လေ။ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကတော့ ကျွန်တော်တို့ တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်နဲ့ တပ်မဟာ(၅)ဖာပွန်ခရိုင်မှာ ဖြစ်ပွားပြီးတော့မှ လေကြောင်းတိုက်ခိုက်မှုကကျတော့ တပ်မဟာ (၃)နဲ့ တပ်မ ဟာ (၅)မှာ ဖြစ်ပွားနေတယ်။ ဒီလိုမျိုးလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသူရွာသားတွေ ထိခိုက်ဒဏ်ရာ ရကြတယ်။ ဒီထဲမှာဆို အမျိုးသမီးနဲ့ကလေးသူငယ်တွေ အထူးသဖြင့် ပါဝင်လာတယ်။ နောက်တစ်ခါကျရင် ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ အိုးအိမ်တွေ ထိခိုက်ပျက်စီးတယ်။ ကားတွေလည်း ထိခိုက်ပျက်စီးတာမျိုးတွေ ရှိတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေကြောင့် အရပ်သားထိခိုက်မှု အခြေအနေနဲ့ နောက်တခြားထိခိုက်မှု ဘယ်လိုအခြေအနေတွေရှိနေလဲ။

ဒီနှစ်လတာ ကာလအတွင်းမှာတော့ ဒီနှစ်လပိုင်းနဲ့သုံးလတာကာလအတွင်းမှာ တပ်မဟာ၃ခုဖြစ်တဲ့ တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ၂ညောင်လေးပင်ခရိုင်နဲ့ တပ်မဟာ၅ဖာပွန်ခရိုင်အတွင်းမှာ လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်မှုနဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် အနည်းဆုံးဒေသခံရွာသား၅ဦးသေဆုံးတယ်။ ၁၁ဦးဒဏ်ရာရတယ်။ အနည်းဆုံးကတော့ ကလေးငယ်လေးဦး ပါဝင်ပြီးတော့ အမျိုးသမီးတစ်ဦးပါဝင်တယ်ပေါ့။ ဒီအရေအတွက်ဟာဆိုရင် လက်လှမ်းမှီတဲ့ မှတ်တမ်းပြုစုချက်ပဲဖြစ်တယ်။

ထိခိုက်နစ်နာသေဆုံးမှုကတော့ ဒီထက် များပြားနိုင်တာပေါ့နော်။ ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အဦးထဲမှာ ဆိုရင် အဆောက် အဦးက၂၈ခုလောက်ရှိမယ်။ ဒါတွေက အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေလည်းပါတယ်။ ဆေးပေးခန်းလည်းပါတယ်။ နောက်ပြီးရင် ဘာသာရေးဆိုင်ရာအဆောက်အဦးတွေလည်း ပါတဲ့အပြင် ဒေသခံ ရွာသားတွေရဲ့ ကားတစ်စီးရယ်၊ နွားတစ်ကောင် သေဆုံးတယ်လို့ ကျွန်တော်တို့ မှတ်တမ်းပြုစုချက်အရ သိရှိရတာပေါ့လေ။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့အနေနဲ့ ဘာတွေပြောချင်လဲ ၊ ထွက်ပြေးတိမ်းရှောင် နေရတဲ့ စစ်ဘေးရှောင်အခြေအနေနဲ့ အခြားပြောလိုတာရှိရင် ပြောပေးပါဦ။

အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်ခြင်းဟာဆိုရင် ကျွန်တော်တို့ နိုင်ငံတကာ လူသား ချင်းစာနာထောက် ထားခြင်း ဥပဒေကို လုံးဝချိုးဖောက်ရာ ရောက်တယ်ပေါ့။ ခြုံပြောရမယ်ဆိုရင် ကျွန်တော်တို့ ကရင်ပြည်နယ်အတွင်းမှာ ဒီနှစ်လပိုင်း၊ သုံးလပိုင်း ၂၀၂၃ခုနှစ်အတွင်းမှာ လုံးဝလုံခြုံမှု မရှိသေးဘူး။ တိုက်ပွဲ တွေ ဆက်လက်ဖြစ်ပွားနေတယ်။ အပြန်အလှန်ပစ်ခတ်မှု လေ ကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွား နေတယ်။ ပြည်သူလူထုတွေ ဆက်လက်ပြီးတော့မှ သေကြေရတယ်။ ထိခိုက်ဒဏ် ရာရ ကြတယ်။ နောက်အ ဆောက်အဦးတွေ ထိခိုက်ပျက်စီးကြရတယ်။ အကြောက်တရားနဲ့ နေထိုင်ရတယ်။ ပြီးရင် ပြည်တွင်းနေရာ ရွှေ့ပြောင်းမှုလည်း ဆက်လက်ပြီးတော့မှ ဖြစ်ပွားနေတယ်ပေါ့လေ။လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလည်း ဆက် လက် လိုအပ်လျက်ရှိနေတယ်ပေါ့။

Thanlwintimes

Share
Published by
Thanlwintimes

Recent Posts

မွန်လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့နှစ်ဖွဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှုစတင်

ရေး၊ မေ ၁၉ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF နဲ့ MSDF တို့ဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက…

2 days ago

မွန်ပြည်နယ်က ရွှေ့ပြောင်းလုပ်သားတွေ စစ်မှုထမ်းအငှားဈေးကွက်ဖြစ်လာ

မော်လမြိုင်၊ မေ ၁၉ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ရရေးအတွက် ငွေကြေးနဲ့ငှားရမ်းပြီး စစ်မှုထမ်းဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီရဲ့…

2 days ago

လူငယ်တွေ ညီညီညွတ်ညွတ်ကြိုးစားကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင်၊ မေ ၁၉ လူငယ်တွေအနေနဲ့ အချင်းချင်း ညီညီညွတ်ညွတ် ကြိုးစားပြီး ဦးစီးဦးဆောင်မှုတွေမှာ အတူတကွ လုပ်ဆောင်ကြဖို့လိုသလို ကိုယ့်ရဲ့အမြင်တွေကိုလည်း ဆွေးနွေးဖော်ထုတ်ပြသဖို့နဲ့ လေ့လာသင်ယူကြဖို့ KNU ကရင်အမျိုးသားအစည်းအရုံး…

2 days ago

ဘူးသီးတောင်မြို့ရှိ စစ်တပ်စခန်းအားလုံး AA အပြီးသတ်သိမ်းယူ

ဘူးသီးတောင်၊ မေ ၁၈ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဗျူဟာဌာနချုပ်အပါအဝင် တပ်စခန်းအားလုံးကို ဒီနေ့ နေ့လယ်ပိုင်းမှာ တစ်ခုမကျန် သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA…

2 days ago

ပြည်တွင်းရွှေဈေး ၅၁ သိန်းကျော်ပြီ

မော်လမြိုင် ၊ မေ ၁၈ ကမ္ဘာ့ရွှေနဲ့ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းမီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၅၁ ကျော်အထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။…

2 days ago

ကော့ကရိတ်မှာ စစ်သင်္ဘော လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ကော့ကရိတ်၊ မေ ၁၈ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဘုရားကြီးကျေးရွာထဲကို စစ်ကောင်စီ စစ်သင်္ဘောကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။…

2 days ago

This website uses cookies.