အမျိုးသမီးများအဖွဲ့ချုပ် -WLB (မြန်မာနိုင်ငံ)အထွေထွေအတွင်းရေးမှူး နန်းမို့မို့နဲ့ ဆက်သွယ်မေးမြန်းချက်

“ကျွန်မတို့တွေ အားလုံးက သူ့ရဲ့ဗျူဟာထဲသူဆင်တဲ့ သူ့ရဲအစီအစဉ်ထဲမှာ မပါဖို့တော့လိုတယ်”

စစ်ကောင်စီဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုချေမှုန်းဖို့ အွန်လိုင်းကတဆင့် အကြမ်းဖက် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေပြီး ဆိုရှယ်မီဒီယာကို လက်နက်သဖွယ်အသုံးချနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ် စားလှယ်တွေက ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့မှာ သတိပေးထုတ်ပြန်ထား တယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို အနှောင့်အယှက်ပေးဖို့၊ အကြမ်းဖက်အောင် လှုံ့ဆော်ဖို့ စစ်တပ်ထောက်ခံ သူတွေ/ လိုသားသူတွေက ဆိုရှယ်မီဒီယာကို အသုံးချနေပြီး အထူးသဖြင့် အမျိုးသမီးတွေ အပေါ် ပစ်မှတ်ထား အကြီးအကျယ် အန္တရာယ် ပြုနေတယ်လို့ သတိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

ဒါကြောင့် စစ်တပ်လိုလားသူတွေ ဆိုရှယ်မီဒီယာတွေကို အသုံးပြုပြီး ခြိမ်းခြောက်လာတဲ့ ဖြစ်စဉ်တွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အ ရေးလှုပ်ရှားသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးများအဖွဲ့ချုပ် -WLB (မြန်မာနိုင်ငံ) အထွေထွေ အတွင်းရေးမှူး နန်းမို့မို့နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးလူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံရေးလှုပ်ရှားနေကြတဲ့ အမျိုးသမီးတွေက ဆိုရှယ်မီဒီယာမှာ ဘယ်လိုမျိုး ခြိမ်းခြောက်မှုတွေ ခံနေရတာရှိမလဲ။ ပြောပြပေးပါဦး။

ဟုတ်ကဲ့။ အခုဆိုလို့ရှိရင် အကြမ်းဖက်စစ်တပ်ရဲ့ လက်ပါးစေတွေပြောမှာပေါ့နော်။ အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံက လူပုဂ္ဂိုလ်တွေက အခုဆိုရင်ဆိုရှယ်မီဒီယာကို အသုံးပြုပြီးတော့ တကယ့်ကိုပဋိပက္ခဖြစ်စေ တဲ့ လှုံဆော်မှုတွေ အချင်းချင်းကြား ပိုပြီးတော့ သဘောထားတွေကွဲလွဲပြီး အချင်းချင်းကြားက အကြမ်းဖက်မှု တွေ ပိုပြီးတော့ဖြစ်အောင် လှုံဆော်နေတဲ့ရေးသားမှုတွေ၊ ပုံစံနဲ့လှုံဆော်နေတာကို ကျွန်မတို့ တွေ့နေရတယ် ပေါ့နော်။ အမျိုးသမီးတွေဆိုရင်လည်း အမျိုးသမီးတွေကို ဦးတည်ပြီးတော့ တိုက် ခိုက်တာတွေ အွန်လိုင်းပေါ်က အကြမ်းဖက်တာတွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ကို တွေ့ရတယ်။ အထူးသဖြင့် ဒီအမျိုးသမီးတွေကို ဘယ်လိုပုံစံနဲ့ ဦးတည်နေသလဲဆို၊ ဘယ်ဘက်ကို တိုက်ခိုက်သလဲဆိုရင် ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာက တိုက်ခိုက်တာကို ကျွန်မတို့ တွေ့ရ တယ်ပေါ့နော်။ အမျိုးသမီးတွေရဲ့ ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်ပြီး ဖော်ပြတာ၊ တိုက်ခိုက်တာ၊ အကြမ်းဖက်မှုတွေ ဖြစ်စေတာ ဒါတွေကို လည်း အများကြီးလုပ်ဆောင်နေတာကို ကျွန်မတို့တွေ့ရတယ်။ ပြီးတော့ အမျိုးသမီးတွေကို အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ဟာမျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာကို ကျွန်မတို့တွေ့ရတယ်။ အမျိုးသမီးတွေဆို ပုဂ္ဂိုလ်ရေးတိုက် ခိုက်တာတွေ လုပ်တယ်။ သူတို့ရဲ့အသက် မွေးဝမ်းကျောင်း အလုပ်တွေအပေါ်မှာလည်း တကယ့်ကို တိုက်ခိုက်နေတာလည်းတွေ့ တယ်။ ခြိမ်းခြောက်တာ သတ်ပလိုက်မှာတို့ အဲဒီလိုဟာတွေပေါ့နော်။ အဲဒီလိုကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ဆောင်နေတာ တွေ့ရတယ်။

-အဲဒီလို ခြိမ်းခြောက်ခံရမှုတွေရှိလာတဲ့အတွက် အွန်လိုင်းကနေ နိုင်ငံရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားနေမှုတွေအပေါ် ဘယ်လိုမျိုး သက်ရောက်မှုတွေ ရှိနေမလဲ။

ဒီလိုမျိုး ခြိမ်းခြောက်မှုတွေ ခံနေရတဲ့အခါမှာ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားတဲ့သူတွေအနေနဲ့လည်း ဒီမိုက ရေစီလိုလားတဲ့သူတွေ နိုင်ငံရေးလုပ်ဆောင်တဲ့သူတွေကို ဘယ်လိုသက်ရောက်မှုရှိလဲဆိုရင် ကျွန်မတို့မှာ ကိုယ် ကလုံးဝလုံခြုံမှုမရှိဘူး။ သူတို့ရဲ့ ခြိမ်းခြောက် မှုတွေက ကြောက်စရာကောင်းတယ်ပေါ့နော်။ လုံခြုံမှုမရှိတော့ ဘူး။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုလည်းမရှိသလို၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံ မှုလည်း ကျွန်မတို့မရှိတဲ့အနေအထားတွေ အများကြီး ကြုံရတယ်။ ကျွန်မတို့ တကယ့်ကို စိုးရိမ်စိတ်တွေနဲ့ ပူပန်စိတ်တွေနဲ့ပေါ့နော်။ စိတ်ဆိုလည်း အရမ်း စိတ်ဆင်းရဲရတယ်ပေါ့နော်။ အဲဒီလိုပုံစံမျိုး ရှိနေတာဖြစ်တယ်။ နောက်တစ်ခုက ဒီလိုမျိုးအွန်လိုင်းပေါ်မှာ တ ကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပုဂ္ဂိုလ်ရေးဘက်ရှုထောင့်ကနေပဲဖြစ်ဖြစ် တိုက်ခိုက်နေတာ၊ ခြိမ်းခြောက်နေတာတွေ အန္တရာယ်ပြု နေ တာတွေက များလာတဲ့အခါမှာ ကျွန်မတို့တွေ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့သူတွေ အနေနဲ့ အမျိုးသမီးတွေအနေနဲ့ ဘယ်လို ဖြစ်လာသလဲဆိုရင် အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ယုံကြည်ချက် သူတို့ရဲ့ အတွေးအခေါ်၊ သူတို့ရဲ့ အယူအဆ၊ သူတို့ရဲ့ သုံးသပ် ချက်ကို ဒီလိုအွန်လိုင်း မီဒီယာကနေဖော်ပြဖို့ သူတို့ လုပ်ဆောင်ဖို့ကို လက်တွန့်စေတယ်ပေါ့နော်။ ကြောက်ရွံစေတယ် တကယ့်လို့ သူတို့ဆက်ပြီး လုပ်မယ်ဆိုရင် သူတို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ သတင်းအချက်အလက် ရယူခွင့်ဆိုတဲ့ အဲဒီအခွင့် အရေးကို ကျွန်မတို့အွန်လိုင်းကနေမှ အသုံးပြုတဲ့အခါမှာ အသုံးပြုတဲ့သူတွေ မသုံးရဲလောက်အောင်ကို ဒီလို လုပ်တာ ဖြစ်တယ်ပေါ့နော်။ အမျိုးသမီးတွေအတွက်တော့ ခြိမ်းခြောက်မှုအကြီးကြီး ဖြစ်စေပါတယ်။ ကျွန်မ တို့ရဲ့ အဓိကရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေကို အများကြီးထိခိုက်စေတဲ့အပြင် တဖက်မှာ ကျွန်မတို့ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကျွန်မတို့ရဲ့ သတင်းအချက်အလက်ရယူခွင့် အခွင့်အရေးကို လည်း အများကြီးထိခိုက်စေတာ ဖြစ်တယ်ပေါ့နော်။

-နောက်ဆုံးအနေနဲ့ ဒီလုပ်ရပ်တွေကို စစ်ကောင်စီက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်နေတယ်လို့ မြင်မိလဲ၊ သုံး သပ်ပေးပါဦး။

ဒီလုပ်ရပ်ကတော့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သူ့ရဲ့နည်းဗျုဟာတစ်ခုအနေနဲ့ သူသုံးပြီးတော့ တိုက် ခိုက်တယ်လို့ ကျွန်မမြင်တယ်။ အဓိကက အကြမ်းဖက်စစ်တပ်ရဲ့ အမြဲတမ်း သူ့ရဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကျွန်မတို့ ပြန်ကြည့်မယ်ဆိုရင် သူ့ရဲ့ဗျုဟာဖြစ်တယ်ပေါ့။ သူကအချင်းချင်းကြားမှာ ပဋိပက္ခတွေဖြစ်အောင် သူ လှုံ့ဆော်မယ်၊ ဖန်တီးမယ်၊ အထင်လွဲမှုတွေဖြစ်အောင် လှုံဆော်မယ်၊ ဖန်တီးမယ်။ ပုံစံမျိုးစုံနဲ့ တိုက်ခိုက်အကြမ်း ဖက်မယ်။ ဒါကသူ့ရဲ့ လုံးဝကိုသူ့ရဲ့ဗျူဟာအရ သူကသုံးနေတာဖြစ်တယ်။ စစ်ဗျူဟာတောင်မှ စစ်ဗျူဟာအရကို လုပ်ဆောင်နေတာဖြစ်တယ်။ အကြမ်းဖက်စစ်တပ်က ဒီလိုတွေလုပ်တဲ့အခါမှာ ကျွန်မတို့တွေက သူဆင်တဲ့ ဂွင် ထဲမှာ မဝင်ရောက်ဖို့ အရမ်းအရေးကြီးတယ်ပေါ့နော်။

သူဆင်တဲ့ဂွင်မှာ ကျွန်မတို့ရောက်သွားတယ်ဆိုရင် သူချမှတ်ထားတဲ့အတိုင်းသာ ရောက်သွားရင် ကျွန်မတို့သာ နစ်နာမယ်။ သူကတော့ ပျော်နေမှာပေါ့နော်။ သူကပြဿနာကို ဖန်တီးတဲ့သူပြဿနာကို လှုံ့ဆော်တဲ့သူ ဖန်တီးတဲ့သူပဲဖြစ်ပြီးတော့ တကယ့် ပဋိပက္ခတွေဖြစ်တယ်။ ပြဿနာတွေဖြစ်တယ်ဆို သူဘေးကနေကြည့်ပြီး ဝမ်းသာမယ်။ အကြမ်းဖက်စစ်တပ်က သူရှေ့ဆက် အကြမ်းဖက်ဖို့အတွက် သူလုပ်ဆောင်တာ ဖြစ်တယ်။ ပြီးရင် အချင်းချင်းကြားမှာ ပဋိပက္ခတွေဖြစ်အောင် အချင်းချင်းကြားမှာ နားလည်မှုတွေ ပိုပြီးလွဲအောင် အချင်းချင်း ကြားမှာ တိုက်ခိုက်မှုတွေ ပိုပြီးလွဲအောင် ဖန်တီးတာဖြစ်တယ်။ အချင်းချင်းကြားမှာ ဒီဟာတွေဖြစ်တယ်။ တိုက်ခိုက်မှုတွေဖြစ်တယ်ဆို သူကတော့အသာပေါ့။ အသာရနေမယ့် လူတွေဖြစ်တယ်။ သူကတော့ သူလုပ်စ ရာရှိတာ ဆက်လုပ်နေမယ့် အနေအထားဖြစ်တယ်။ ဒါတွေကလုံးဝကို လက်မခံနိုင်တဲ့ဟာဖြစ်တယ်။ ကျွန်မတို့ တွေ အားလုံးက သူ့ရဲ့ဗျူဟာထဲသူဆင်တဲ့ သူ့ရဲအစီအစဉ်ထဲမှာ မပါဖို့တော့လိုတယ်လို့ ကျွန်မတော့မြင်တယ်။

Thanlwintimes

Share
Published by
Thanlwintimes

Recent Posts

မွန်လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့နှစ်ဖွဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှုစတင်

ရေး၊ မေ ၁၉ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF နဲ့ MSDF တို့ဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက…

2 days ago

မွန်ပြည်နယ်က ရွှေ့ပြောင်းလုပ်သားတွေ စစ်မှုထမ်းအငှားဈေးကွက်ဖြစ်လာ

မော်လမြိုင်၊ မေ ၁၉ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ရရေးအတွက် ငွေကြေးနဲ့ငှားရမ်းပြီး စစ်မှုထမ်းဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီရဲ့…

2 days ago

လူငယ်တွေ ညီညီညွတ်ညွတ်ကြိုးစားကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင်၊ မေ ၁၉ လူငယ်တွေအနေနဲ့ အချင်းချင်း ညီညီညွတ်ညွတ် ကြိုးစားပြီး ဦးစီးဦးဆောင်မှုတွေမှာ အတူတကွ လုပ်ဆောင်ကြဖို့လိုသလို ကိုယ့်ရဲ့အမြင်တွေကိုလည်း ဆွေးနွေးဖော်ထုတ်ပြသဖို့နဲ့ လေ့လာသင်ယူကြဖို့ KNU ကရင်အမျိုးသားအစည်းအရုံး…

2 days ago

ဘူးသီးတောင်မြို့ရှိ စစ်တပ်စခန်းအားလုံး AA အပြီးသတ်သိမ်းယူ

ဘူးသီးတောင်၊ မေ ၁၈ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဗျူဟာဌာနချုပ်အပါအဝင် တပ်စခန်းအားလုံးကို ဒီနေ့ နေ့လယ်ပိုင်းမှာ တစ်ခုမကျန် သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA…

2 days ago

ပြည်တွင်းရွှေဈေး ၅၁ သိန်းကျော်ပြီ

မော်လမြိုင် ၊ မေ ၁၈ ကမ္ဘာ့ရွှေနဲ့ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းမီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၅၁ ကျော်အထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။…

2 days ago

ကော့ကရိတ်မှာ စစ်သင်္ဘော လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ကော့ကရိတ်၊ မေ ၁၈ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဘုရားကြီးကျေးရွာထဲကို စစ်ကောင်စီ စစ်သင်္ဘောကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။…

2 days ago

This website uses cookies.