ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် MWRN အကြံပေး ဦးအောင်ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်

ထိုင်းနိုင်ငံထဲကို တရားဝင် MOU စာချုပ်နဲ့ ရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ် အကိုင်မရတာ၊ လုပ်ခ လစာမရတာ၊ ပတ်စ်ပို့စာအုပ်ကို အလုပ်ရှင်ဘက်က သိမ်းထားတာ၊ စာချုပ်ပါအ တိုင်း အလုပ် လုပ်ခွင့်မပေးတာ၊ အလုပ်ပြောင်း ရွှေ့စာနဲ့ နစ်နာကြေးမပေးတာစတဲ့ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကြုံ တွေ့နေရတာပါ။ ဒါကြောင့် ထိုင်းနိုင်ငံထဲမှာ ရောက်ရှိတဲ့ MOU မြန်မာရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဖြေရှင်းဆောင်ရွက်ပေးမှု ဘယ်လိုရှိလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် MWRN အကြံပေး ဦးအောင်ကျော်နဲ့ ဆက်သွယ် မေးမြန်းချက်။

-အရင်ဆုံး ထိုင်းမှာရောက်လာတဲ့ MOU လုပ်သားတွေက လုပ်ငန်းခွင်အဆင်မပြေ၊ အလုပ်အကိုင်အဆင်မပြေတာတွေ၊ အလုပ် အကိုင်မရရှိတာတွေ ကြုံနေရတယ်လို့ ကြားသိနေရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဒါကတော့ မဖြစ်သင့်တဲ့ အကြောင်းအရာလို့ပဲ ပြောရမှာဖြစ်ပါတယ်။ MOUဆိုတာက နယ်စပ်ဖြတ်ကျော်ပြီးမှ တရားမဝင်ဝင် ရောက်လာပြီးမှ ပွဲစားနဲ့အလုပ်လုပ်တဲ့ အလုပ်မဟုတ်ပဲနဲ့ သက်ဆိုင်ရာနှစ်နိုင်ငံ G TO G သဘော တူလက်မှတ်ရေးထိုးပြီးမှ တရားဝင်မှတ်ပုံတင်ထားတဲ့ အေဂျင်စီကပဲ တရားဝင်အလုပ်သမားတွေကို စာချုပ်ချုပ်ပြီး ပို့လာတဲ့အလုပ်သမားတွေက ထိုင်းနိုင်ငံရောက်ပြီး အလုပ်မရှိဘူးဆိုတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စ။ ဒါက ဟိုး တစ်ချိန်ကလည်း ဖြစ်ခဲ့ဖူးတယ်။ သို့သော် အဲဒါ တွေအားလုံးကို ထိထိရောက်ရောက် အေဂျင်စီများအဖွဲ့ချုပ် ဖြစ်စေ၊ သက်ဆိုင်ရာအလုပ်သမားသံအရာရှိတွေ၊ သက်ဆိုင်ရာနယ်မြေတာဝန်ခံရှိတဲ့ အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းဖြေရှင်းလိုက်တဲ့အတွက်ကြောင့် တော်တော်များများ ပပျောက်သွား ခဲ့သော်လည်း အခုတစ်ကြိမ်တော့ တစ်ကျော့ပြန်ပြီး တရားဝင်MOU နဲ့ရောက်လာတယ်။

ဒီရောက်တဲ့အခါမှာ စာချုပ်ချုပ်တဲ့အလုပ်မှာ အလုပ်မရှိလို့ ဘယ်ကိုပြောင်းရတယ်။ ညာကိုပြောင်းရတယ်။ တောင်သွားရတယ်၊ မြောက်သွားရတယ်ဟာမျိုးတွေ ဖြစ်တာတွေ ကျွန်တော်တို့ ကြားနေရပါတယ်။ ဒါကတော့ သက်ဆိုင်ရာတာဝန်ရှိတဲ့ အလုပ်သမား ဝန်ကြီးဌာနအချင်းချင်းကနေ စနစ်တကျစစ်ဆေးအရေးယူ ဖော်ထုတ် ပြီးမှ ထိရောက်ပြင်းထန်တဲ့ ဆောင်ရွက်မှုတွေလုပ်ရမယ်လို့ ကျွန်တော်သုံးသပ်ချင်ပါတယ်ခင်ဗျ။

– MOU မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အဓိကပြဿနာက အလုပ်မရှိတာလား၊ အလုပ်အကိုင်အဆင်မပြေလို့လား ဘယ်လိုမျိုးတွေ့နေရလဲ။

ကျွန်တော်တို့တွေ့တဲ့အနေအထားကတော့ ခုံသမာဓိကိုယ်တိုင်ပြောဆိုနေတာတွေ စာချုပ်ပါနေရာကို ရောက်ရှိသော်လည်း စာ ချုပ်ပါနေရာကို အလုပ်မဖြစ်ပဲနဲ့ ဒါကအေဂျင်စီက ပေါ့ဆမှုလို့ပြောရမယ်။ ကိုယ်ကိုယ်တိုင်တကယ် ပို့ဆောင်ရမယ့် အလုပ်ရုံက ဘာအလုပ်ရုံလဲ။ ဘာတွေထုတ်လုပ်တာလဲ။ တကယ်ပဲကုန်စည်ကူးသန်း ဖြန့်ချိရောင်းချနိုင်တဲ့ အဆင့်မှာရှိတာလား။ လုပ်သား တွေကို အမှန်တကယ်ပေးနိုင်တာလားဆိုတာ လေ့လာပြီးမှ အလုပ်သမားကိုတင်ပို့ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ လွယ်လွယ်ကူကူနဲ့ အလုပ်ခေါ်စာလေးရတာနဲ့ ချက် ချင်း ကိုယ်ငွေရဖို့ဆိုပြီးမှ တင်ပို့လိုက်တော့ ဒီရောက်တဲ့အခါ အလုပ်မရှိလို့ အဲဒီကုမ္ပဏီက တာဝန်ခံပြီး နောက်ထပ်အလုပ်တွေလည်း ရှာပြီးပို့ပေးနေတာ သတင်းတွေလည်း ကြားနေရတယ်။ ကျွန်တော်အဓိက ချုပ်ပြီးပြော ချင်တာက သက်ဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ် အလုပ်သမားရေးဝန်ကြီးဌာနနှစ်ဖက် သူတို့မှာ တာဝန်အရှိဆုံး ပြီး ရင် သက်ဆိုင်ရာအေဂျင်စီတွေကို စစ်ဆေးတာ၊ အရေးယူတာ၊ ဖော်ထုတ်တာတွေ ပြင်းထန်တဲ့ထိရောက်မှုတွေ လုပ်မှသာ ဒီကိစ္စက လုံးဝပပျောက်သွားမှာ ဖြစ်ပါတယ်။

တချို့ကျွန်တော်ကြားနေရတာ ဘယ်နှစ်လလောက်အထိကို အလုပ်လိုက်ရှာပေးနေတုန်းပဲဆိုတာ ဒါတွေက အင်မတန်ရိုင်းတယ်ဗျ။ ဒါဆိုကြားလို့တောင် မသင့်တော်ဘူး။ တရားဝင်ထိုင်း-မြန်မာ MOU တွေ၊ တရားဝင်စာ ချုပ်ချုပ်ပေးထားတဲ့အလုပ်သမား ဒီရောက်မှအလုပ်လိုက်ရှာတာ တစ်လလောက်အထိ အလုပ်မရဘူးဆိုတာ ဒါ MOU ရဲ့သဘောသဘာဝနဲ့ လုံးဝဆန့်ကျင်ပြီး အင်မတန်မဖြစ်သင့်တဲ့အရာမို့ ကျွန်တော်အဲဒါကို အဓိကပြောချင် တာပါ။ သက်ဆိုင်ရာတာဝန်ရှိတဲ့ အစိုးရတွေကမှ သက်ဆိုင်ရာတာဝန်ခံပေးပါမယ်ဆိုတဲ့ အေးဂျင့်တွေကို ထိထိရောက်ရောက်ဖော်ထုတ် အရေးယူပြီးမှ ထိုက်ထိုက်

တန်တန် ပြစ်မှု၊ ပြစ်ဒဏ်တွေ ပေးရမယ်ဗျ။ ဒါမှ ဒီကိစ္စပပျောက်သွားမှာ။

-ဒီလို ပြဿနာတွေကြောင့် အခက်အခဲဖြစ်နေတဲ့ MOU မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်ဘယ် လောက်အထိ ရှိနိုင်မလဲ။

လောလောဆယ်ကတော့ ဒီအလုပ်သမားတွေကလည်း ထိုင်းနိုင်ငံမှာ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းက အများကြီးရှိတယ်။ ကျွန်တော်တို့ကို တိုက်ရိုက်ဆက်သွယ်လာရင် ကျားဘယ်လောက်လဲ၊ မဘယ်လောက်လဲ အတိအကျလုပ်လို့ရတယ်။ အခု လောလောဆယ်က သတင်းအချို့တွေပဲ ကျွန်တော်တို့ ကြားနေရတယ်။ တိုက်ရိုက် ကျွန်တော်တို့ကိုချိတ်ဆက်ပြီးမှ ဒီကိစ္စကိုကူညီဆောင်ရွက်ပေးပါခင်ဗျလို့ မပြော လာတဲ့အတွက်ကြောင့် အသံကတော့ တော်တော်ကြီးခပ်စိပ်စိပ်ကို ကြားနေရတယ်။ ဆိုလိုတဲ့အဓိပ္ပါယ်က တာ ဝန်ခံမှု၊ တာဝန်ယူမှု မရှိဘူးလို့ ပြောချင်တာဖြစ်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ အေးဂျင့်တစ်ခုက ပြဿနာ ဖြစ်တယ်လို့ အသံထွက်လာတယ်။ ဘယ်အေးဂျင့်က ပို့လိုက်လို့ ဘယ်လောက်ဖြစ်လို့ အသံထွက်လာတယ်။ လူဦးရေတိတိကျကျမပြောပဲ အေဂျင့်ဆိုတာ လူတစ်ဉီးတစ်ယောက်တည်း ပို့လို့ရတာမဟုတ်ဘူး။ အနည်းဆုံး ၄၀၊ ၅၀ကနေ ရာဂဏန်းကို ပို့ရတာဖြစ်တယ်။ အခုထွက်နေတဲ့အသံကလည်း သုံး၊လေး နေရာလောက်မှာ အသံထွက်နေတာဆိုတော့ ရာဂဏန်းလောက်က ဖြစ်နေပြီဆိုတာ သိရပါတယ်။

-နောက်ဆုံးအနေနဲ့ လက်ရှိ MOU ပြဿနာမှာ စစ်ကောင်စီသံရုံးဘက်ကရော၊ NUG ဘက်ကရော ဘယ်လို ဖြေရှင်းမှုမျိုး တွေ့နေရပါသလဲ။

ဒါကတော့ တာဝန်အရှိဆုံးက လက်ရှိနိုင်ငံ့အာဏာကို ယူထားပါတယ်ဆိုတဲ့ လူတွေကပိုပြီး တာဝန်ရှိမှာပေါ့ဗျာ။ ပြီးတော့ထိုင်းနိုင်ငံမှာလည်း တရားဝင်လည်းရုံးတွေဘာတွေလည်း လာဖွင့်ထားတာကိုး။ အဲဒီတော့ အဲဒီအလုပ် သမား သံအရာရှိရုံးတွေမှာလည်း တာဝန်ရှိတယ်။ ပြီးရင် ထိုင်းနိုင်ငံမှာလည်း မြန်မာနိုင်ငံအေဂျင်စီတွေကနေ တရားဝင် ရွေးချယ်တင်မြှောက်လိုက်တဲ့ ကော်မတီတွေကနေ ခန့်ထားတဲ့အေဂျင်စီများအဖွဲ့ချုပ်ရုံးဆိုပြီး မှတ်ပုံ တင်ပြီးဖွင့်ထားတယ်။ အဲဒီတော့ တာဝန်အရှိဆုံးက သူတို့ပဲ။ NUG ကတော့ ပြည်သူကနေ လိုလားတောင့်တ လို့ ကြားကာလမှာ ပြည်သူ့ဘက်ကလုပ်ထားတဲ့ ပေါ်ပေါက်လာတဲ့အစိုးရ။ သူလည်း တစိုက်မတ်မတ်ကြိုးစား နေတယ်ဆိုတာ ကျွန်တော်တို့သတင်းတွေထဲမှာ တွေ့ရတယ်။

သူလည်းသက်ဆိုင်ရာထိုင်းလွှတ်တော်၊ အလုပ်သမားရေးရာဌာနတို့ အလုပ်သမားဦးစီးဌာနတို့ စာတွေပေးပို့ပြီး အကြံပြုပြီးမှ ကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ကြိုးစားနေတာ သိတယ်။ သို့သော် တာဝန်အရှိဆုံး ကတော့ လက်ရှိ ဘန်ကောက်မှာရှိတဲ့ အေဂျင်စီများအဖွဲ့ချုပ်ရုံးရယ်၊ မြန်မာ့အလုပ်သမား သံအရာရှိရုံးရယ် ဒီ လို အကျင့်ပျက်လာဘ်စားပြီး အေဂျင်စီအချင်းချင်းပေါင်းပြီး ရိုက်ပြီးပို့လာတဲ့ အလုပ်သမားတွေ အခက်အခဲကို လုံးဝဒင်ပြည့်၊ ကျပ်ပြည့်တာဝန်ယူရမှာ ဖြစ်ပါတယ်ခင်ဗျ။

သံလွင်တိုင်းမ်

Thanlwintimes

Share
Published by
Thanlwintimes

Recent Posts

ကျိုက်ထို၊ မုပ္ပလင်နဲ့ သိမ်ဇရပ်မှာ တိုက်ပွဲပြန်ဖြစ်နေ၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတချို့ရှိ

ကျိုက်ထို၊ မေလ ၂၀ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ မုပ္ပလင်နဲ့သိမ်ဇရပ်မြို့အနီးတွေမှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေက မေ ၂၀ ရက်နေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့ မေ…

1 hour ago

ခြိမ်းခြောက်မှုတွေ ရပ်တန်ဖို့ တရုတ်ကို ထိုင်ဝမ် သမ္မတသစ် တိုက်တွန်း

တိုင်ပေ၊ မေ ၂၀ မေ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတသစ် ဝီလီယံလိုင်က ထိုင်ဝမ်ကို ခြိမ်းခြောက်နေတာတွေ ရပ်တန့်ဖို့ တရုတ်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။…

2 hours ago

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အီရန်သမ္မတ သေဆုံး

တီဟီရန်၊ မေ ၂၀ အီရန်သမ္မတ အီဗရာဟင် ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အဇာဘိုင်ဂျန်နယ်စပ်အနီး တောင်ထူထပ်တဲ့ဒေသမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားပြီ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက မေ ၂၀…

2 hours ago

မွန်လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့နှစ်ဖွဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှုစတင်

ရေး၊ မေ ၁၉ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF နဲ့ MSDF တို့ဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက…

2 days ago

မွန်ပြည်နယ်က ရွှေ့ပြောင်းလုပ်သားတွေ စစ်မှုထမ်းအငှားဈေးကွက်ဖြစ်လာ

မော်လမြိုင်၊ မေ ၁၉ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ရရေးအတွက် ငွေကြေးနဲ့ငှားရမ်းပြီး စစ်မှုထမ်းဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီရဲ့…

2 days ago

လူငယ်တွေ ညီညီညွတ်ညွတ်ကြိုးစားကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင်၊ မေ ၁၉ လူငယ်တွေအနေနဲ့ အချင်းချင်း ညီညီညွတ်ညွတ် ကြိုးစားပြီး ဦးစီးဦးဆောင်မှုတွေမှာ အတူတကွ လုပ်ဆောင်ကြဖို့လိုသလို ကိုယ့်ရဲ့အမြင်တွေကိုလည်း ဆွေးနွေးဖော်ထုတ်ပြသဖို့နဲ့ လေ့လာသင်ယူကြဖို့ KNU ကရင်အမျိုးသားအစည်းအရုံး…

2 days ago

This website uses cookies.