2022

နယ်စပ်ဂိတ်ပြန်ဖွင့်ပြီး ရွှေ့ပြောင်းလုပ်သားရှားပါးမှုဖြေလျော့ဖို့ မလေးရှား စီစဉ်

ဘန်ကောက် – ဧပြီ(၁၅) မလေးရှားနိုင်ငံဟာ ကိုဗစ်ကပ်ဘေးကြောင့် ဖြစ်ပေါ်လာတဲ့ လုပ်သားပြတ်လပ်မှု တွေကို ဖြေရှင်းဖို့ နည်းလမ်းရှာနေပြီး နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ထုတ်လုပ်ရေးစက်ရုံတွေမှာ လုပ်ငန်း ကြန့်ကြာမှု ပြဿနာတွေ ဖြစ်ပေါ်နေတဲ့အတွက် လုပ်သားငှားရမ်းဖို့ ဆောင်ရွက်နေပါ တယ်။ ဧပြီလ(၁၅) ရက်နေ့(ဒီနေ့)ကစပြီး အထူးကော်မတီက အတည်ပြု လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာန ဘာနာမာ မှာဖော်ပြထားပါတယ်။ မလေးရှားနိုင်ငံဟာ…

လက်နက်ကြီးပစ်ကူနဲ့ လေးကေကော်ကို ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကောင်စီတပ် အကျအဆုံးများပြီး ပြန်ဆုတ်ခဲ့ရ

လေးကေ့ကော် ၊ ဧပြီ (၁၅) ဧပြီလ (၁၄)ရက်နေ့ ညပိုင်းကစပြီး ကရင်ပြည်နယ် လေးကေကော်မြို့သစ်အနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ အမြောက်အများသုံးပြီး ထိုးစစ်ဆင်ခဲ့ပေမယ့် ဒီကနေ့ မနက်ပိုင်းမှာ အကျအဆုံးများစွာနှင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ် ။ ကော်ဘရာစစ်ကြောင်း လုံခြုံရေးရယူထားတဲ့ တောင်ကုန်းတွေအပေါ်ကို မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်ဘက်က ကျူးကျော်ဖို့ ကြိုးစားလာတာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး…

မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေးပူးပေါင်းမှု အောင်မြင်နေပြီးလို့ NUG ပြော

မော်လမြိုင် ၊ ဧပြီ (၁၅) မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်နေတဲ့ ဗဟိုကွပ်ကွဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C အောင်မြင်နေပြီးလို့ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဗဟိုကွပ်ကွဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C ဟာ အာဏသိမ်း စစ်ကောင်စီကို ထိရောက်စွာ တိုက်ခိုက်နိုင်ဖို့အတွက်…

ဒီမော့ဆိုမှာ စစ်ကောင်စီက ညပိုင်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်လာ

မော်လမြိုင် ၊ ဧပြီ (၁၅) ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့တဲ့(၂)ရက်က စပြီး ညပိုင်းအချိန်တွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင် လာတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ သင်္ကြန်ပွဲတော် ကျင်းပနေပေမယ့်လည်း ကယားပြည် နယ် ဒီမော့ဆိုဒေသကို ညပိုင်းအချိန်တွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်လာတာပါ။…

သင်္ကြန်အကျနေ့မှာလည်း မော်လမြိုင်မှာ ရေကစားတာ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေ

မော်လမြိုင် ၊ ဧပြီ (၁၄) စစ်ကောင်စီ ကျင်းပတဲ့ သင်္ကြန်ပွဲတော် ဒုတိယနေ့ဖြစ်တဲ့ ဧပြီ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့မှာလည်း မော်လမြိုင်မှာ ရေကစားတာ မရှိဘဲ တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မော်လမြိုင်မြို့ရဲ့ လူစည်ကားတဲ့ အဓိက လမ်းမကြီးတွေဖြစ်တဲ့ ကမ်းနားလမ်း၊အောက်လမ်းမကြီးနဲ့ ဗဟိုလမ်းတွေမှာ ရေပတ်ကစားတာနဲ့ လည်ပတ်တာတွေ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေတာပါ။ သင်္ကြန်အကျနေ့…

ဘီးလင်းက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ

ဘီးလင်း၊ ဧပြီ ၁၄ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဧပြီလ ၁၃ ရက်နေ့ မနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတွေက ပြောပါတယ်။ လေးကေစစ်ကောင်စီတပ် စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ KNDO၊ PDF ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရတာ‌‌ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃…

တောင်ကိုရီးယားသမ္မတက ဝါရင့် လွှတ်တော် အမတ်တွေကို နိုင်ငံခြားရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီးအဖြစ် ရွေးချယ်

ဘန်ကောက် – ဧပြီ (၁၄) မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးကျည်နှင့် နျူကလီးယားဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေချိန် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုက အစိုးရအဖွဲ့မှ အဆိုပြုထားတဲ့ လူတွေထဲက သူရဲ့အနီးကပ်အကြံပေး ပါ့ခ်ဂျင် ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဧပြီလ (၁၃) ရက်နေ့မှာ ရွေးချယ်ခဲ့ပါတယ်။ အိမ်နီးချင်း ပြုံယမ်းဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် နျူကလီးယားလက်နက် စမ်းသပ်မှု…

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အမေရိကန် ထိပ်တန်းလက်နက်ထုတ်လုပ်သူ တွေနဲ့ ပင်တဂွန် တွေ့ဆုံ

ဘန်ကောက် – ဧပြီ(၁၄) အမေရိကန်ဟာ ရုရှားနဲ့ နှစ်ကြာ စစ်ပွဲဖြစ်ပွားပါက ယူကရိန်းရဲ့ လက်နက်လိုအပ်ချက် ကိုဖြည့်ဆည်းပေးနိုင်မယ့် ကိစ္စဆွေးနွေးဖို့ လက်နက်ထုတ်လုပ်တဲ့ အဓိကဦးဆောင်သူ (၈) ယောက်နဲ့ ဧပြီလ(၁၃) ရက်နေ့ မှာ တွေ့ဆုံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရုရှား ကျူးကျော်ပြီးနောက် အမေရိကန်နဲ့ မဟာမိတ်တွေဟာ ယူကရိန်းကို လက်နက်တွေ လွှဲပြောင်းထောက်ပံ့ဖို့အတွက် လှုံ့ဆော်ပေးပြီးနောက်မှာတော့ လက်နက်လိုအပ်ချက်တွေ မြင့်တက်လာခဲ့တာပါ။…

ဖိလစ်ပိုင်က မိုရိုလက်နက်ကိုင်ဟောင်းအယောက်ငါးထောင်ကျော်ကို ရဲတပ်ဖွဲ့မှာ ပူးပေါင်းဖို့စီစဉ်

ဘန်ကောက် – ဧပြီ (၁၄) ဖိလစ်ပိုင်အစိုးရနဲ့ မိုရိုအစ္စလာမ်လွတ်မြောက်ရေးတပ်ဦး(Moro Islamic Liberation Front MILF)ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့တပ်ဖွဲ့တွေမှာ ပေါင်းစည်းနိုင်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ သုံးနှစ်ကြာ အကူးအပြောင်းကာလာအတွင်း အခုလုပ်ဆောင်ချက်ဟာ မင်ဒါနာအို ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ကတိကဝတ် အစိတ်အပိုင်းပြည့်မှီဖို့ဖြစ်တယ်လို့ ဧပြီလ(၁၁) ရက်နေ့က အာဏာပိုင်တွေကပြောပါတယ်။ မွတ်ဆလင် မင်ဒါနာအိုရှိဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသက ယာယီဝန်ကြီးချုပ် အဟော့ အီဘရာဟင်မ်က MILF…