2022

အာဏာသိမ်းမှုကြောင့် မွန်ပြည်နယ်မှာလည်း နိုင်ငံရေးနဲ့ ဒီမိုကရေစီ စံနှုန်း လွတ်လပ်ခွင့်တွေ လုံးဝနီးပါး ဆိတ်သုဉ်းသွားတယ်လို့ သုတေသနစာစောင်တခု ထုတ်ပြန်

မော်လမြိုင် ၊ ဧပြီ (၂၂) စစ်တပ် အာဏာသိမ်းတာကြောင့် တစ်နိုင်ငံလုံး နည်းတူ မွန်ပြည်နယ်မှာလည်း နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ စံနှုန်း လွတ်လပ်ခွင့်တွေ လုံးဝနီးပါး ဆိတ်သုဉ်းသွားခဲ့ရတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။ အကြောက်တရား၊စိုးရိမ်စိတ်တွေနဲ့ လူမှုအဝန်းအဝိုင်းလို့ အမည်ပေးထားတဲ့ အဲဒီအစီရင်ခံစာကို ရာမညဖက်ဒရယ်အင်အားစုသစ်က ဧပြီ ၂၀ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ အဲဒီအစီရင်ခံမှာတော့…

နိုင်ငံခြားငွေလဲလှယ်မှုမှာ ထပ်မံကင်းလွတ်ခွင့်ရရှိသူစာရင်းကို စစ်ကောင်စီရဲ့ ဗဟိုဘဏ် ထုတ်ပြန်

မော်လမြိုင် ၊ ဧပြီ (၂၂) ပြည်ပက ရရှိလာတဲ့ နိုင်ငံခြားငွေတွေကို တစ်ရက်အတွင်း မြန်မာငွေနဲ့ မဖြစ်မနေ လဲလှယ်ရောင်းချ ပေးရမယ်ဆိုတဲ့ ညွှန်ကြားချက်အပေါ် ကင်းလွတ်ခွင့်ရရှိသူတွေနဲ့ အဖွဲ့အစည်းတွေကို စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဧပြီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကင်းလွတ်ခွင့်ရတဲ့ အဖွဲ့အစည်းတွေမှာတော့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ၊ အထူးစီးပွားရေးဇုန်တွေမှာ…

တောင်ပျောက်က စစ်ရှောင်ပြည်သူ ၁၅၀ နီးပါး ငှက်ဖျားရောဂါ ခံစားနေရတာကြောင့် ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေ

မော်လမြိုင် ၊ ဧပြီ (၂၂) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်က စစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူ ၁၅၀ နီးပါး ငှက်ဖျားရောဂါခံစားနေရတာကြောင့် ဆေးဝါးအအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းက မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခဲ့ပြီးနောက် တောင်ပျောက်တိုက်နယ်ထဲ ငှက်ဖျားရောဂါ စတင်စစ်ဆေးတွေ့ရှိခဲ့တာပါ။ လက်ရှိမှာတော့ အသက် ၅ နှစ်အရွယ် ကလေးငယ်တွေကစပြီး သက်ကြီးပိုင်းတွေမှာလည်း…

တပ်မဟာ(၆) မှာ စစ်ကောင်စီရဲ့ ပန်းခင်းစီမံချက် ဆောင်ရွက်ခွင့် မပြုတော့တာဘူးလို့ KNU ပြော

မော်လမြိုင် ၊ ဧပြီ (၂၂) ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီရဲ့ ပန်းခင်းစီမံချက်ဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်မှုကို ခွင့်မပြုတော့ဘူးလို့ တပ်မဟာမှူးဖြစ်သူ ဗိုလ်မှူးချုပ်စောဆာမိစေးဖိုးက ဧပြီ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒူးပလာယာခရိုင်အတွင်းရှိ ဒေသခံပြည်သူတွေကို ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာရှေ့တန်းရုံးတွေက နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း…

လေးကေကော်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံ လုပ်ဆောင်လာ

မော်လမြိုင် ၊ ဧပြီ (၂၁) အထိနာနေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ လေးကေကော်မြို့အနီးကို လေယာဉ်နဲ့ ကင်းထောက်ပြီးနောက် ဧပြီ ၂၀ ရက်နေ့ မနက်အစောပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံ လုပ်ဆောင်လာတယ်လို့ KNLA ပူးပေါင်းအဖွဲ့ ကော်ဘရာစစ်ကြောင်းက ပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က လေးကေကော်ဒေသထဲကို တိုက်လေယာဉ်တစ်စီးနဲ့ ကင်းထောက်လေယာဉ်…

ဘီးလင်းမြို့နယ်က စစ်ကောင်စီတပ် လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းကနေ အမြန်ဆုံး ဆုတ်ခွာဖို့ KNDO သတိပေး

မော်လမြိုင် ၊ ဧပြီ (၂၁) ကေအဲန်ယူ-သထုံခရိုင် တပ်မဟာ ၁ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း ၂ နယ်မြေအတွင်း တပ်စွဲနေထိုင်လျက်ရှိတဲ့ စစ်ကောင်စီတပ်ကို လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းကနေ သုံးရက်အတွင်း ဆုတ်ခွာပေးဖို့ KNDO တပ်ရင်း (၂) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။ ဘီးလင်းမြို့နယ်အတွင်းမှာရှိတဲ့ လေးကေနဲ့ ဝင်းတာပန်က စစ်ကောင်စီတပ်စခန်းအနေနဲ့ လာမယ့် ၂၃…

စစ်ကောင်စီ ဘွဲ့တံဆိပ် ချီးမြှင့်မှုအပေါ် တိုင်းရင်းသားလက်နက်အဖွဲ့အစည်းတွေအကြား သဘောထား ကွဲလွဲမှုတွေ ရှိနေ

မော်လမြိုင် ၊ ဧပြီ (၂၁) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ် ချီးမြှင့်တဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ စစ်ခေါင်းဆောင်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ဦးဆောင်နာယက ခွန်ဥက္ကာ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး…

နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ငါးသိန်းခြောက်သောင်း ကျော်ထိ ရှိလာ

မော်လမြိုင် ၊ ဧပြီ (၂၁) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ ဘဝမလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ငါးသိန်းခြောက်သောင်းကျော်အထိ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာတော့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း‌ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ သုံးသိန်းကျော်ထိရှိလာပြီးလို့ (UNOCHA)က ဧပြီ…