2022

မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် သွားလာတဲ့ မော်တော်ယာဉ်တွေကို မပစ်ခတ်ဖို့ KNLA ဗဟိုညွှန်ကြား

မြဝတီ-ဧပြီ (၂၄) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဉီးစီးဌာနချုပ်က မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် သွားလာတဲ့ မော်တော်ယာဉ်တွေကို အကြောင်းမဲ့ မပစ်ခတ်ဖို့ ညွှန်ကြား လိုက်ပါတယ်။ ဧပြီလ (၂၃) ရက်နေ့စွဲနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ ဒီညွှန်ကြားစာမှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပေါ်မှာ သွားလာပြေးဆွဲနေတဲ့ ခရီးသည် တင်မော်တော်ယာဉ်တွေ အရပ်သားကားတွေကုန်…

Google ၊ Meta နှင့် အခြားသော အကြီးစားအွန်လိုင်းကုမ္ပဏီများအတွက် ဒစ်ဂျစ်တယ်ဝ န်ဆောင်မှုများဆိုင်ရာ အက်ဥပဒေ (Digital Service Act – DSA) ကို EU မှ ပြဌာန်းခဲ့

စင်ကာပူ ၊ ဧပြီ (၂၄) ဥ‌ရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥပ‌ဒေပြဌာန်းသူများအကြား သဘောတူခဲ့သော အင်တာနက် ဥပဒေ အသစ်အောက်မှာ Google၊ Meta နှင့် အခြားသော အွန်လိုင်း ပလက်ဖောင်း/ကုမ္ပဏီ ကြီးတွေက တရားမဝင် အကြောင်းအရာတွေအတွက် ဖြေရှင်းဖို့ ဒါမှမဟုတ် ဒဏ်ငွေပေးဆောင်ဖို့ စသည့်အခြေအနေများကို ကြုံတွေ့ ရ မှာ ဖြစ်ပါတယ်။ ၁၆ နာရီထက် ပိုမိုကြာမြင့်သော…

ကုလသမဂ္ဂအကြီးအကဲ မော်စကိုမှာ သမ္မတပူတင်းနဲ့တွေ့ဆုံမယ်

မော်စကို – ဧပြီ(၂၄) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရက်စ်ဟာ လာမယ့် ဧပြီလ(၂၆) ရက်နေ့မှာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး သမ္မတပူတင်းနဲ့ တွေ့ဆုံ ဆွေးနွေးသွားဖို့ရှိတယ်လို့ ကုလအကြီးအကဲပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဂူတာရက်စ်ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂီလာဗရောနဲ့ အလုပ်သဘောတွေ့ဆုံမှာ ဖြစ်ပြီး ယူကရိန်းငြိမ်းချမ်းရေးအတွက် အရေးတကြီးဆောင်ကျဉ်းပေးနိုင်မယ့်အရာတွေကို ဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က နယူးယောက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။ ရုရှားနိုင်ငံရဲ့ တောင်ပိုင်းအိမ်နီးချင်းနိုင်ငံကိုလည်း အလည်အပတ်သွားရောက်ဖို့ ပြင်ဆင် တာတွေပြုလုပ်နေပြီး…

ထိုင်းနိုင်ငံ့ဘဏ်ကနိုင်ငံခြားငွေကြေးလဲလှယ်မှုဆိုင်ရာ ဥပဒေတွေကို ဖြေလျှော့

ဘန်ကောက် – ဧပြီ(၂၄) နှစ်ပတ်ကျော်ကြာ ဒေါ်လာငွေနဲ့ယှဉ်ရင်ထိုင်းဘတ်ငွေကြေး အနိမ့်ဆုံးရောက်ချိန်မှာ မတည်ငြိမ်မှုနဲ့ငွေအလုံးရင်းနဲ့ ရင်းနှီးရွှေ့ပြောင်းမှုနဲ့ ဘေးဖြစ်နိုင်ချေစီမံခန့်ခွဲမှု နဲ့ ပိုမို လွယ်ကူစေဖို့အတွက် နိုင်ငံခြားငွေကြေးလဲလှယ်ရေးဉပဒေ အတော်များများ ကို ဖြေလျှော့ခဲ့တယ်လို့ ထိုင်ငံနိုင်ငံဘဏ်(BOT) က ထုတ်ပြန်ထားပါတယ်။ ငွေအရင်းအနှီးစီးဆင်းမှုတွေနဲ့ မတည်ငြိမ်မှုကိုဖြေရှင်းဖို့နဲ့ အားပေးမြှင့်တင်နိုင်ဖို့ နိုင်ငံခြား ငွေကြေးလဲလှယ်မှုအတိုင်းအတာတွေကို မနှစ်ကလည်း အလားတူ ဆောင်ရွက်ချက်တွေ ကိုနောက်ဆက်တွဲအဖြစ် (ဆောင်ရွက်ထားပြီး) နောက်ဆုံးအကြိမ်ထုတ်ပြန်တဲ့…

ဘီးလင်းက ကျေးရွာ ၇ ရွာ ထက်မနည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

ဘီးလင်း ၊ ဧပြီ (၂၄) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က စစ်ကောင်စီတပ်စခန်း ၂ ခု ဆုတ်ခွာပေးဖို့ KNDO ဘက်က သတိပေးစာ ထုတ်ပြန်ပြီးနောက် နှစ်ဖက် စစ်ရေး ပိုမိုတင်းမာလာတာကြောင့် ကျေးရွာ (၇) ရွာ ထက်မနည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ KUN တပ်မတော် (၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်…

မီတာခတွေ အကုန်ရအောင် တောင်းယူမယ်လို့ စစ်ကောင်စီ ကြုံးဝါး

ရန်ကုန် ၊ ဧပြီ (၂၄) နိုင်ငံတဝန်းမှာ ကျန်ရှိတဲ့ လျှပ်စစ်မီတာခ အကြွေးကျန်တွေကို သတ်မှတ် အချိန်အတွင်း အကုန်ရအောင် တောင်းယူသွားမယ်လို့ စစ်ကောင်စီခန့် လျှပ်စစ်ဝန်ကြီး ဦးအောင်သန်းဦးက ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ လျှပ်စစ်မီတာ အကြွေးကျန်တွေ ရရှိဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေ ကွင်းဆင်းပြီး လိုက်လံ ကောက်ယူသွားဖို့နဲ့…

စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်ဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့သာ ဖြစ်တယ်လို့ ဆို

မော်လမြိုင် ၊ ဧပြီ (၂၄) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်ဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့သာ ဖြစ်တယ်လို့ နိုင်ငံရေးသမားတွေက ဝေဖန်လိုက်ပါတယ်။ စစ်ခေါင်းဆောင်က လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေကို သူကိုယ်တိုင် တွေ့ဆုံလိုကြောင်းနဲ့ တစ်ဖွဲ့ ၂ ယောက်နှုန်း တက်ရောက်ပေးဖို့ ဧပြီလ (၂၂)ရက်နေ့က…

ပုလောမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးထက် မနည်းထိခိုက် သေဆုံးနိုင်

တနင်္သာရီ ၊ ဧပြီ (၂၃) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်မှာ ဧပြီလ (၂၃) ရက်နေ့ မနက်ပိုင်းက စစ်ကား (၁၂) စီးပါ စစ်ကောင်စီယာဉ်တန်းကို ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (P,PDF)နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မြိတ်ဘက်က ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို သရက်ချောင်းမြို့နယ် ကဒဲရွာနဲ့ ပဝတ်ကုန်းရွာအကြားမှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမယ့် လွတ်မြောက်သွား တာကြောင့် ခမောင်းတောရွာအနီးမှာ…