2022

ရပ်ရွာလုံခြုံရေးအဖွဲ့မှာ ပါဝင်ကြဖို့ စစ်ကောင်စီက လက်အောက်ခံ ဝန်ထမ်း မိသားစုတွေကို လိုက်လံစည်းရုံးလာ

မော်လမြိုင်၊ ဇွန် ၁ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းသွားမယ့် ရပ်ရွာလုံခြုံရေးအဖွဲ့မှာ ပါဝင်မယ့်သူ နည်းပါးနေတာကြောင့် လက်အောက်ခံ ဝန်ထမ်း မိသားစုတွေကို စစ်ကောင်စီက လိုက်လံစည်းရုံး လာတယ်လို့ ရုံးတက်နေတဲ့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ဘီးလင်းနဲ့ ရေးမြို့နယ်တို့မှာ ရပ်ရွာလုံခြုံရေး အဖွဲ့တွေ အမြန်ဆုံးဖွဲ့ဖို့…

မွန်ပြည်နယ်ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှု ဇွန်လ ဒုတိယအပတ်မှာ အမိန့်ချမှတ်ဖို့ ရှိနေ

မော်လမြိုင်၊ ဇွန် ၁ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးအမှုအတွက် ဇွန်လဒုတိယအပတ်မှာ အပြီးသတ် အမိန့်ချမှတ်ဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) မှုအတွက်…

ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယူကရိန်းရောက် ပြင်သစ် သတင်းထောက် သေဆုံးခဲ့

ကိဗ်၊ ဇွန် ၁ ယူကရိန်းအရှေ့ပိုင်းက အရပ်သားများကို ကယ်ဆယ်တဲ့ ယာဉ်တစ်စီးအား ရုရှားက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိုနေရာမှာ သတင်းယူနေတဲ့ ပြင်သစ် သတင်းထောက်တစ်ဦး သေဆုံးခဲ့တယ်လို့ ပြင်သစ်နဲ့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။ “စစ်ရဲ့အဖြစ်မှန်ကိုပြသဖို့ ဖရယ်ဒီရစ် လောလက် အမ်းမော့ဖ်က ယူကရိန်းမှာရှိနေတာဖြစ်ပြီး အရပ်သားတွေကို လွတ်မြောက်ရာ ကယ်ဆယ်ဖို့ လူသားချင်းစာနာမှုဆိုင်ရာ ဘက်စ်ကားပေါ်တင်ဆောင်စဉ် ရုရှားရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့်…

မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကပ်ရောဂါအသွင်ဦးတည်နိုင်ဖွယ်မရှိဘူးလို့ W.H.O ပြောဆို

ဂျီနိဗာ – ဇွန်(၁) အာဖရိကအပြင်ဘက်မှာ ဖြစ်ပွားတဲ့ မျောက်ကျောက်ရောဂါဟာ လက္ခဏာမပြပဲ ကူးစက်ခံရ သူတွေဟာ ရောဂါကူးစက်နိုင်ချေရှိ/မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပဲ အဲ့ဒီရောဂါဟာ ကပ်ရောဂါအဖြစ်ဦးတည်သွားမှာမဟုတ်ဘူးလို့ W.H.O တာဝန်ရှိသူ တစ်ဦးက ပြောခဲ့ပါတယ်။ မျောက်ကျောက်ရောဂါသံသယရှိသူနဲ့ အတည်ပြုလူနာ (၃၀၀) ကျော်ရှိနေတယ်လို့ အတည်ပြု ထားပြီး အများစုဟာ ဥရောပကဖြစ်ကာ တုပ်ကွေးလို လက္ခဏာတွေနဲ့ ထူးခြားတဲ့ အဖုတွေဖြစ်…

အမေရိကန်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်းကိုစစ်ဆေးသင့်တယ်လို့ ကုလလူ့အခွင့် အရေးအကြီးအကဲကို တရုတ်ပြောဆို

ပေကျင်း – ဇွန်(၁) တရုတ်အစိုးရဟာ ရှီကျီရန်ဒေသအနောက်ဘက်အတွင်းက အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အာရုံလွှဲတဲ့အနေနဲ့ ကုလလူ့အခွင့်အရေးအကြီးအကဲ အမေရိကန် မှာ ဖြစ်ပွား ခဲ့တဲ့ အကြီးစားပစ်ခတ်မှုကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇာအိုလီကျီရန်က လူ့အခွင့်အရေးအမြင့် ဆုံး ကော်မရှင်နာရုံးအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကြုံတွေ့ရမှုတွေနဲ့ ပတ်သက်ပြီး အစီရင် ခံစာတစ်ရပ်ထုတ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ အမေရန်ကန်ပြည်ထောင်စုစနစ်ဟာ သာတူညီမျှစွာစွမ်းဆောင်နိုင်တာမရှိပဲ…

အနိုင်ရ ဘန်ကောက်မြို့တော်ဝန် ရွေးကောက်ပွဲ ရလဒ်ကို ထိုင်းရွေ/ကော်မှ ထုတ်ပြန်ကြေငြာရန် ရက်ရွှေ့ဆိုင်း

ဘန်ကောက်၊ မေ ၃၁ ဘန်ကောက်မြို့တော်ဝန်ရွေးကောက်ပွဲရလဒ် ကြေငြာမယ့်ရက်ကို ထိုင်းရွေးကောက်ပွဲကော်မရှင်က ရွှေ့ဆိုင်းထားကြောင်း ဒေသတွင်း သတင်းများက အစီရင်ခံထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်နာ ဆန်ထတ် ဆီရီရန်နန်ပိုင်ဘွန်က သတင်းထောက်များသို့ ပြောကြားရာတွင် ရွေးကောက်ပွဲရလဒ်ကြေငြာခြင်းကို တနင်္လာနေ့ ရွေးကော်အစည်းအဝေးမှာ ကြေငြာနိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အနိုင်ရမြို့တော်ဝန် ချတ်ချာဆစ်တစ်ပန့်တ်ကို ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှုအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပြီး နောက်ထပ် ဆက်စပ်အစည်းအဝေး…

ရုရှားအပေါ်ပတ်ဆို့အရေးယူမှုဆိုင်ရာ ဥရောပသမဂ္ဂ အစည်းအဝေးမတိုင်မီ နှစ်လကျော်အတွင်း ရေနံစျေးအမြင့်ဆုံးရောက်ရှိ

မော်စကို – မေ(၃၁) နှစ်လကျော်အတွင်း ရေနံစျေးနှုန်းအမြင့်ဆုံး ရောက်ရှိခဲ့ပြီး ယူကရိန်းကို ကျုးကျော်မှုအတွက် ရုရှားကို ပိတ်ဆို့အရေးယူပြီး ရေနံတင်သွင်းမှုတားမြစ်ရေး သဘောတူညီ ချက်ကို ဥရောပ သမဂ္ဂက စွမ်းဆောင်နိုင်ဖို့ ကုန်သည်တွေက စောင့်ကြည်နေကြပါတယ်။ ယူကရိန်းကို ကျုးကျော်မှုအတွက် ရုရှားနိုင်ငံကို ဒဏ်ခတ်အရေးယူမှု ခြောက်ခုမြောက်အစီအစဉ် ကိုဆွေးနွေးဖို့ အီးယူဟာ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။…

အင်ဒိုနီးရှား မက်စ်ပီယမ်ဘဏ်ရဲ့အကြီးစားအစုရှယ်ယာ ထိုင်းကာကီကွန်ဘဏ်ဝယ်ယူ

ဘန်ကောက် – မေ(၃၁) ထိုင်းနိုင်ငံမှာ ဒုတိယအကြီးဆုံးပိုင်ဆိုင်မှုရှိနေတဲ့ ကာဆီကွန်ဘဏ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မက်စ်ပီယမ်ဘဏ်ကနေ ဘတ်(၇.၅) ဘီလျံတန်ဖိုးရှိတဲ့ အကြီးစားအစုရှယ်ယာတွေကို ဝယ်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုကတဆင့် ကာစီကွန်ဘဏ်ဟာ အင်ဒိုနီးရှားလုပ်ငန်းစု မက်စ်ပီယန် စာရင်းဝင် လက်ရုံးဘဏ်ခွဲတစ်ခုက စုစုပေါင်း အစုရှယ်ယာအနက်မှ (၆၇.၅) ရာခိုင်နှုန်းကို ရရှိမှာ ဖြစ်ပါတယ်။ နှစ်ကုန်ပိုင်းမှာ အပြီးသတ်ဖို့စီစဉ်ထားပြီး ဒီရောင်းဝယ်မှုကို Karsikoen…