2022

တရုတ် ရှင်ကျန်းက ကုန်ပစ္စည်းတွေပိတ်ပင်ဖို့ အမေရိကန်အဆင်သင့် ဖြစ်နေ

ရှင်ကျန်း – ဇွန်(၃) ဇွန်လနှောင်းပိုင်းမှာ ပြဌာန်းဖို့ လိုအပ်တဲ့ ဥပဒေတစ်ရပ်ဖြစ်တဲ့ တရုတ်နိုင်ငံ ရှင်ကျန်းဒေသက သွင်းကုန်တွေအပေါ်တားမြစ်ချက်ကို အကောင်အထည်ဖော်ဖို့ အမေရိကန် အာဏာပိုင်တွေက အဆင်သင့်ဖြစ်နေပြီး ကင်းလွတ်ခွင့်အတွက်ခိုင်လုံတဲ့ အထောက်အထား လိုအပ်မှာဖြစ် တယ်လို့ အမေရိကန်အကောက်ခွန်အရာရှိတစ်ဦးက ပြောပါတယ်။ ဝီဂါမူဆလင်တွေကို တရုတ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ အမေရိကန်ကစွပ်စွဲ ထားတဲ့ အဲ့ဒီလူမျိုးစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမည်းစက်ဖြစ်စေ မယ့်…

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ကိုဗစ် ကူးစက်မှု ပြန်လည်မြင့်တက်လာ

မွန်ဘိုင်း – ဇွန် (၃) အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ (၂၄) နာရီအတွင်း က ကိုဗစ်ကူးစက်မှု အသစ် (၃၇၁၂) ခု ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဘဏ္ဍာရေးမြို့တော် မွန်ဘိုင်းမှာ တစ်လအတွင်း စံချိန်တင်ကူးစက်ခံရသူအရေအတွက်မြင့်တက်လာခဲ့ပါတယ်။ မွန်ဘိုင်းမှဦ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပိုင်းအထိ ဖြစ်ပွားမှုနှုန်းဟာ (၇၂၉) ဦးအထိရှိတယ်လို့ အစီရင်ခံထားပြီး လွန်ခဲ့တဲ့ နှစ်ရက်အတွင်းက အစီရင်ခံခဲ့တဲ့ (၃၁၈)…

အိုကလာဟိုးမာက ဆေးဘက်ဆိုင်ရာစင်တာတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွား၊ သေနတ်သမား အပါအဝင် အနည်းဆုံး ၅ ဦး သေဆုံးခဲ့

အိုကလာဟိုးမား၊ ဇွန် (၃) အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ် တောလ်ဆာ မြို့ရှိ ဆေးဘက်ဆိုင်ရာ စင်တာမှာ ဇွန်လ ၁ ရက်နေ့က ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူငါးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ စိန့်ဖရန်စစ်ဆေးရုံဝင်းရှိ နာတာလီအဆောက်အအုံမှာ သေနတ်သမား အပါအဝင် လူငါးဦး သေဆုံးခဲ့ကြောင်း တောလ်ဆာ ရဲတပ်ဖွဲ့က တွစ်တာ လူမှုကွန်ယက်စာမျက်နှာမှာ…

သထုံမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

သထုံ၊ ဇွန် ၃ တိုက်ပွဲတွေ ရက်အတော်ကြာ ငြိမ်သက်နေတဲ့ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်-ထုံးဘိုလေး-ပိန္နဲတောလမ်းပိုင်းမှာ ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ(၁) တာဝန်ရှိသူတွေက ပြောပါ တယ်။ အဲဒီတိုက်ပွဲဟာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၉)က သထုံမြို့နယ်…

သဘာဝဓာတ်ငွေ့ပေးသွင်းမှုကို ရုရှားက ဖြတ်တောက်လိုက်တယ်လို့ ဒိန်းမတ်ကုမ္ပဏီ ပြော

ကိုပင်ဟေဂင် – ဇွန် (၂) ရုရှားရဲ့ စွမ်းအင်ဝယ်ယူမှုကို ရူဘယ်ငွေကြေးနဲ့ ပေးချေဖို့ ငြင်းဆိူခဲ့တဲ့အတွက် ဇွန်လ(၁) ရက်နေ့ မှာ ရုရှားက သူတို့ရဲ့ ဓာတ်ငွေ့ပေးပို့မှုကို ဖြတ်တောက်လိုက်တယ်လို့ ဒိန်းမတ်နိုင်ငံရဲ့ အကြီးဆုံး စွမ်းအင်ကုမ္ပဏီက ပြောပါတယ်။ ဖင်လန်၊ပိုလန်နဲ့ ဘူလ်ဂေးရီးယားတို့ကိုလည်း သဘာဝဓာတ်ငွေ့ပေးသွင်းမှုကို ရုရှားက ရပ်ဆိုင်း ထားခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နယ်သာလန်နိုင်ငံကို တင်သွင်းမှုကိုလည်း…

ကာကွယ်ရေးဝန်ကြီးရုံး ဝက်ဘ်ဆိုဒ်ဆာဗာဟက်ခံပြီးနောက်ဆိုက်ဘာလုံခြုံရေးဌာနတခု ဖွဲ့စည်း ဖို့ ထိုင်းအစိုးရပြင်ဆင်

ဘန်ကောက် – ဇွန်(၂) ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးနဲ့ ဦးဆောင်မှု ဝန်ကြီးဌာနတွေရဲ့ အချက်အလက်တွေရယူဖို့ ဟက်ကာ တွေက အာရုံစိုက်လာတဲ့အတွက် အစိုးရက နိုင်ငံရဲ့ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံကို လုံခြုံစေဖို့ ဟက်ကာတွေနဲ့ အင်ဂျင်နီယာတွေကို ခန့်အပ်သွားဖို့ စီစဉ်နေပါတယ်။ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုအသိုက်အဝန်းဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေရဲ့ အသင်းရင်းမြစ်တွေရဲ့ အဆိုအရ အစိုးရဟာ ကွန်ပျူတာသိပ္ပံဘွဲ့ရတွေနဲ့ နည်းပညာဆိုင်ရာ စွန့်ဦး တီထွင်သူတွေကို…

ကမ္ဘာ့ဖလားကျင်းပရေးမှာ ရာသီဥတုမထိခိုက်စေရဘူးလို့ ပြောဆိုထားပေမယ့် အကြိုအပို့ လေကြောင်းလိုင်း(၁၆၀) ကျော်ရဲ့ ပျံသန်းမှုကို ကာတာလေကြောင်းလိုင်း ကာကွယ်ပြောဆို

ဒိုဟာ – ဇွန်(၂) ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမှုတွေမှာ ကာဗွန်ဓာတ်ငွေ့လျော့ပါးစေဖို့ အစောပိုင်းက ကြေငြာ ထားပေမယ့် ကာတာလေကြောင်းလိုင်းအကြီးအကဲဟာ ဒေသတွင်း ကနေ ပြိုင်ပွဲကျင်းပမယ့် ဒိုဟာ မြို့ကို နေ့စဉ် အကြိုအပို့လုပ်ပေးမယ့် အပိုဆောင်းဧည့်ကြိုလေယာဉ် (၁၆၀) ကျော်ရဲ့ ပျံသန်းမှုတွေကိုတော့ ကာကွယ်ပြောဆိုထားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကနေ ကမ္ဘာ့ဖလား လက်မှတ်ကိုင်ဆောင်ထားသူတွေအတွက် ဒိုဟာမြို့ ကို တရက်တာ အသွား/အပြန်ခရီးစဉ်အတွက် ဒေသတွင်းလေကြောင်းသယ်ယူပို့ဆောင်သူတွေနဲ့…

ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကရင်နီပြည် ထူထောင်သွားမယ်လို့ KNDF ပြော

ဒီမော့ဆို ၊ မေ(၃၁) မဟာမိတ် တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကရင်နီပြည် ထူထောင်သွားမယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်တော် KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ မေလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်တော် KNDF ထူထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားသို့ ပေးပို့တဲ့ နှုတ်ခွန်းဆက် သဝဏ်လွှာမှာ…