ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံနဲ့ ဆက်သွယ်မေးမြန်းချက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘလက်ဒိုကျေးရွာထဲကို စစ်ကောင်စီ တပ်က ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ လေယာဉ် ၂ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒါကြောင့် စစ်ကောင်စီဘက်က လာရောက် ဗုံးကြဲသွားတဲ့ အခြေအနေ၊ထိခိုက်ပျက်စီးမှုနဲ့ လတ်တလော ကာလမှာ KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ရဲ့ နှစ်ဖက် စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘလက်ဒိုကျေးရွာထဲကို စစ်ကောင်စီတပ်က ဗုံးလာကြဲ သွားတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

ဒီနေ့၁၁နာရီဝန်းကျင်လောက်က စပြီးတော့ နေ့လည်၁နာရီလောက်အထိက တပ်လေယာဉ်တွေ ကင်းထောက် တက်လာတာ ရှိတယ်။လေကြောင်းတိုက်ခိုက်တာ ရှိတာတော့ ကနဦး သိထားတယ်။ ဘလက်ဒို ကျေးရွာဘက် မှာတော့ M-35Pက လေကြောင်းတိုက်ခိုက်မှု လုပ်တယ်လို့တော့ ကနဦး သိရတယ်။ ဒါပေမယ့် ကျွန်တော်တို့ထိ ခိုက်မှုနဲ့ သေဆုံးမှုရှိ၊မရှိကိုတော့ အတည်ပြုနေဆဲဖြစ်တယ်။ ဒီနေ့ညနေမှာတော့ သတင်းထုတ်ပြန်ပါမယ်ခင်ဗျ။ အခုလောလောဆယ်ယူဆရတာတော့ ဘလက်ဒို ကျေးရွာလို့ယူဆရတယ်။ ဒါပေမယ့် ကျွန်တော်တို့ အတည်မ ပြုနိုင်သေးဘူး။ အတည်ပြုချက်ကိုတော့ ဒီနေ့ည၇နာရီထိုးမှာ ထုတ်ပြန်ပါမယ်ခင်ဗျ။ ကျွန်တော်တို့ အဆက်အ သွယ်ရသလောက်ကတော့ M-35တစ်စီးရယ်၊ကင်းထောက် လေယာဉ်တစ်စီးရယ်ဒီနှစ်စီးပဲ လာသေးတယ် ခင်ဗျ ။ ဟုတ်။

-စစ်ကောင်စီတပ်က ဘာကြောင့် လေယာဉ်နဲ့ လာရောက် ဗုံးကြဲတယ်လို့ ထင်မြင်ပါသလဲ။ ဒီအပေါ်မှာ သုံးသပ် ပေးပါဦး။ လက်ရှိမှာ KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ရဲ့ နှစ်ဖက်စစ်ရေး အခြေ အနေကရော ဘယ်လိုတွေ ဆက်ရှိနေလဲ။

ဘလက်ဒို ကျေးရွာ၊တောင်နီ၊ သေ့ဘော့ဘိုးတွေမှာ မနေ့က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ၄၂ လက် အောက်ခံတပ်ကို ကော်ဘ ရာစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်တာဖြစ်တဲ့ အတွက်ကြောင့် သူတို့အဲဒီ အနီးပတ်ဝန်းကျင်ကို ချေမှုန်းတဲ့သဘာအနေနဲ့ လေယာဉ်အသုံးပြုတာ ဖြစ်နိုင်ပါတယ်ခင်ဗျ။

ကော်ဘရာနယ်မြေထဲမှာတော့ အကြမ်းဖက်စစ်ကောင်စီက မြဝတီ-ဝေါလေကားလမ်းရဲ့ မြောက်ဘက်ပိုင်း ဖြစ်တဲ့ ရေဖြူ ညောင်ချောင်း ဘက်ကနေပြီးတော့ တပ်ရင်း၃ခုနဲ့ ထိုးစစ်ဆင်လာတာရှိတယ်။ ဒီလိုပဲသူတို့က မြွေသုံးကောင်ဘုရားကုန်းမှာတော့ ၁၂၀(မမ)လက်နက်ကြီးကိုင်ပြီးတော့ ဒီမြဝတီ-ဝေါလေလမ်းမကို စိုးမိုးဖို့အတွက် လုပ်လာတာရှိတယ်။ သေ့ဘော့ဘိုး ဘက်ခြမ်းမှာတော့ ၁၂၀(မမ)လက်နက်ကြီးနဲ့ သေ့ဘော့ ဘိုးဘက်ကို ပစ်ခတ်တာရှိနေပါတယ်။ ကော်ဘရာစစ်ကြောင်းက နှစ်ဘက်ကို ခုခံနေရတာဖြစ်ပါတယ်။

-ပြီးတော့ ကော်ဘရာစစ်ကြောင်းထံ CDM ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဘယ်လောက်ထိရှိပြီလဲ။ သူတို့ကိုရော ဘယ်လိုမျိုး ထားရှိပါသလဲ။

CDMလုပ်လာတဲ့ သူကတော့အများအပြားရှိတယ်။ ကော်ဘရာစစ်ကြောင်းကို။ အချို့ကိုတော့ သူတို့ ထုတ်ပြန်တယ်။ အချို့ကိုတော့ လုံခြုံရေးအရ မထုတ်ပြန်ဘူးပေါ့ဗျာ။ ထုတ်ပြန်တယ်၊ မထုတ်ပြန်တာ ကိုတော့ ရုတ်တရက် အကုန်လုံးကိုဖြေဖို့တော့ အခွင့်မရှိသေးဘူးဗျ။ လုံခြုံရေးအရ အဆင်ပြေတဲ့သူမျိုးကိုပဲ ကျွန်တော်တို့ က ထုတ်ပြန်တာရှိတယ်။ တချို့ကျတော့လည်း CDMလုပ်လာတာ နောက်ခံမိသားစုတွေရဲ့ အသက်အန္တရာယ် ဆွေမျိုးတွေရောပေါ။ဒါတွေကြည့်ပြီး ခြိမ်းခြောက်ခံရတာရှိလာနိုင်လို့ ဘေးမကင်းတဲ့ အခြေအနေကြောင့် မထုတ်ပြန်တာတွေ ကျွန်တော်တို့အများကြီးရှိပါတယ်။ သူတို့ကိုမေးမြန်းတယ်။ ကျွန်တော်တို့နဲ့အတူ စစ်ရေး တာဝန်တွေ ထမ်းဆောင်မလား။ လွတ်မြောက်နယ်မြေမှာပဲ အခြေချနေထိုင်မလား။ ဒါမှမဟုတ် နိုင်ငံခြားကို ထွက်ခွာမလား။ သူတို့စိတ်သန်ရာကို ကျွန်တော်တို့ ဆောင်ရွက်ပေးတယ်။ မိသားစုတွေကို ပြန်လည်ခေါ်ယူချင် တာ။ မိသားစုနဲ့အတူ နေချင်ရင် ကျွန်တော်တို့က ဆောင်ရွက်ပေးတာ ရှိပါတယ်ခင်ဗျ။

-နောက်ဆုံးအနေနဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေများ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။     

ကော်ဘရာစစ်ကြောင်း အနေနဲ့ကတော့ မြဝတီ-ဝေါလေ ကားလမ်းမ တလျှောက်မှာ တပ်မ၄၄တပ်တွေ၊    လက် အောက်ခံတပ်တွေ၊ လက်ရုံးတပ်တွေ  ရင်ဆိုင်နေတာရှိပါတယ်။ ဒါကြောင့်လည်း အကြမ်းဖက် စစ်ကောင်စီ ဘက်ကလည်း သူတို့ရဲ့စစ်ရေးရည်မှန်းချက်ရအောင် ကြိုးစားနေတာဖြစ်တဲ့အတွက်ကို ကျွန်တော်တို့ ကော်ဘရာစစ်ကြောင်း အနေနဲ့လည်း အကောင်းဆုံးကြိုးစားနေတဲ့ အကြောင်းကို ပြောချင်ပါတယ်ခင်ဗျ။

Thanlwintimes

Share
Published by
Thanlwintimes

Recent Posts

ခြိမ်းခြောက်မှုတွေ ရပ်တန်ဖို့ တရုတ်ကို ထိုင်ဝမ် သမ္မတသစ် တိုက်တွန်း

တိုင်ပေ၊ မေ ၂၀ မေ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတသစ် ဝီလီယံလိုင်က ထိုင်ဝမ်ကို ခြိမ်းခြောက်နေတာတွေ ရပ်တန့်ဖို့ တရုတ်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။…

55 mins ago

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အီရန်သမ္မတ သေဆုံး

တီဟီရန်၊ မေ ၂၀ အီရန်သမ္မတ အီဗရာဟင် ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အဇာဘိုင်ဂျန်နယ်စပ်အနီး တောင်ထူထပ်တဲ့ဒေသမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားပြီ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက မေ ၂၀…

1 hour ago

မွန်လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့နှစ်ဖွဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှုစတင်

ရေး၊ မေ ၁၉ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF နဲ့ MSDF တို့ဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက…

2 days ago

မွန်ပြည်နယ်က ရွှေ့ပြောင်းလုပ်သားတွေ စစ်မှုထမ်းအငှားဈေးကွက်ဖြစ်လာ

မော်လမြိုင်၊ မေ ၁၉ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ရရေးအတွက် ငွေကြေးနဲ့ငှားရမ်းပြီး စစ်မှုထမ်းဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီရဲ့…

2 days ago

လူငယ်တွေ ညီညီညွတ်ညွတ်ကြိုးစားကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင်၊ မေ ၁၉ လူငယ်တွေအနေနဲ့ အချင်းချင်း ညီညီညွတ်ညွတ် ကြိုးစားပြီး ဦးစီးဦးဆောင်မှုတွေမှာ အတူတကွ လုပ်ဆောင်ကြဖို့လိုသလို ကိုယ့်ရဲ့အမြင်တွေကိုလည်း ဆွေးနွေးဖော်ထုတ်ပြသဖို့နဲ့ လေ့လာသင်ယူကြဖို့ KNU ကရင်အမျိုးသားအစည်းအရုံး…

2 days ago

ဘူးသီးတောင်မြို့ရှိ စစ်တပ်စခန်းအားလုံး AA အပြီးသတ်သိမ်းယူ

ဘူးသီးတောင်၊ မေ ၁၈ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဗျူဟာဌာနချုပ်အပါအဝင် တပ်စခန်းအားလုံးကို ဒီနေ့ နေ့လယ်ပိုင်းမှာ တစ်ခုမကျန် သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA…

2 days ago

This website uses cookies.