August 2022

တော်လှန်ရေးအောင်မြင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍကအရေးကြီးတယ် လို့ NUG ဆို

မော်လမြိုင် – ဩဂုတ်(၃၁) မြန်မာနိုင်ငံမှာ အနိုင်ကျင့်ဗိုလ်ကျနေတဲ့ အာဏာသိမ်းစစ်ကောင်စီကို အနိုင်ရရှိပြီး တော်လှန်ရေး အောင်မြင်ဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ အခန်းကဏ္ဍက အထူး အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ က ပြောပါတယ်။ ဩဂုတ်လ(၃၀) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၆၅) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက အခုလိုပြောဆိုခဲ့တာပါ။ “တော်လှန်ရေးခရီးအမြန်အောင်မြင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တော်…

စစ်ကောင်စီရဲ့ ဒေါ်လာထိန်းချုပ်မှုတွေကြောင့် မြန်မာနိုင်ငံမှာသုံးလအတွင်း ဆေးဝါးပြတ်လပ်မှု နဲ့ ရင်ဆိုင်ရဖို့ရှိ

ရန်ကုန် ၊ သြဂုတ် (၃၁) အာဏာသိမ်းစစ်ကောင်စီရဲ့ အမျိုးမျိုးပြောင်းလဲနေတဲ့ မူဝါဒတွေနဲ့ ဒေါ်လာငွေထိန်းချုပ်မှုတွေ ကြောင့် နောက်သုံးလအတွင်း မြန်မာနိုင်ငံမှာ ဆေးဝါးပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆေးဝါးတင်သွင်းသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစပြီး ပြည်ပကဝင်လာတဲ့ ဒေါ်လာငွေတွေကို တစ်ဒေါ်လာ (၁၈၅၀) ကျပ်နဲ့ ၂၄ နာရီအတွင်းအဖြစ်မနေလဲလှယ်ရမယ်လို့ သတ်မှတ်ထားပြီး သွင်းကုန်တွေအတွက် ဒေါ်လာလိုအပ်ရင် ကုမ္ပဏီဒါရိုက်တာ…

ဖွဲ့စည်းပုံထဲက အချက် ၉ ချက် ပြင်ဖို့ စစ်ကောင်စီနဲ့ ထပ်မံ ဆွေးနွေးခဲ့တယ်လို့ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ပြော

ရန်ကုန် ၊ သြဂုတ် (၃၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက် ၉ ချက် ပြင်ဖို့ စစ်ကောင်စီ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းမှုကော်မတီ(NSPNC)နဲ့ ထပ်မံ ဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ (UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက အချက်…

စစ်အာဏာသိမ်း ရက် (၅၇၆) အတွင်း သတ်ဖြတ်ခံရသူ ၂၂၅၇ ဦး အထိရှိလာ

မော်လမြိုင်၊ ဩဂုတ် ၃၁ AAPP ၏ ဩဂုတ်လ (၃၀) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၇၆)အတွင်း ပြည်သူ (၂၂၅၇)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၂၈၅ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…