ဘန်ကောက် – ဩဂုတ်(၃၀) 

ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ကျေးလက်ဒေသ ဝင်ငွေတိုးတက်စေဖို့အတွက် လပေါင်းများစွာ ဆွေးနွေးမှုအပြီးကမ္ဘာ့စျေးကွက်မှာဆန်စျေးနှုန်းမြှင့်တင်မှုနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက် သွားဖို့ သဘောတူခဲ့ကြတယ်လို့ ထိုင်းစိုက်ပျိုးရေးအရာရှိတစ်ဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မေလက ထိုင်နဲ့ ဗီယက်နမ်တို့ဟာ ဆွေးနွေးပွဲကို စတင်ခဲ့တာကာ သူတို့ရဲ့ ဆန်တင်ပို့မှု စျေးနှုန်းမြှင့်တင်ဖို့၊ကမ္ဘာ့စျေးကွက်မှာ သူတို့ရဲ့ လွှမ်းမိုးမှုကို မြှင့်တင်ပြီး လယ်သမားတွေရဲ့ ဝင်ငွေ မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ 

“ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်း မြှင့်တင်ရေးမှာ ထိုင်းနဲ့ ဗီယက်နမ်တို့ ပူးပေါင်းဆောင်ရွက်ဖို့ ပထမဆုံးအကြိမ် သဘောတူခဲ့ကြတာပါ” လို့ ထိုင်းနိုင်ငံ စိုက်ပျိုးမွေးမြူရေးနဲ့ သမဝါယမ ဝန်ကြီး ရဲ့ အကြံပေးပုဂ္ဂိုလ် အန်အယ်လ်ကွန်ပိုလာဘော့တ်က ဗီယက်နမ်အရာရှိတွေနဲ့ တွေ့ဆုံ ပွဲအပြီးမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

စျေးနှုန်းမြှင့်တင်တာကို ဘယ်အချိန်မှာ စတင်အသက်ဝင်အောင်လုပ်ဆောင်မယ်ဆိုတာ တိတိ ကျကျမသိရသေးပေမယ့် နှစ်နိုင်ငံလုံးဟာ ကမ္ဘာ့ဆန်ကြမ်းထုတ်လုပ်မှုရဲ့ (၁၀) ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့ပို့ကုန် (၂၆) ရာခိုင်နှုန်းရှိတယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာနရဲ့ အချက်အလက်တွ အရ သိရပါတယ်။ 

နောက်ဆုံးအကြိမ် ဆွေးနွေးပွဲရဲ့ ရလဒ်အကျဉ်းချုပ်နဲ့ စျေးနှုန်းတွေပူးတွဲမြှင့်တင်ဖို့ အကြံပြု ချက်ကို နှစ်နိုင်ငံလုံးရဲ့ စိုက်ပျိုးရေးဝန်ကြီးတွေဆီကို သတ်မှတ်ရက်အတွင်းအစီရင်ခံသွား မှာဖြစ်တယ်လို့ အကြံပေးပုဂ္ဂိုလ်က ပြောဆိုထားပါတယ်။ 

“ဆွေးနွေးမှုရဲ့ ရည်မှန်းချက်တွေ ပြီးမြောက်မလားဆိုတာတော့ ကျနော်မဖြေနိုင်သေးပါဘူး ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ စိုက်ပျိုးရေးမှာ မဟာဗျူဟာမြောက် မိတ်ဖက်တွေအဖြစ်လက်တွဲ ပြီး ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်နိုင်ပါပြီ” လို့  အကြံပေးပုဂ္ဂိုလ်ကပြောခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.