နေပြည်တော် – ဩဂုတ်(၂၆) 

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ဧပြီလကနေ ဇူလိုင်လအတွင်း တရုတ်နဲ့ ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း(၈၀၀) ရရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံမှာ ပြည်သူတွေရွေးချယ်ထားတဲ့ အစိုးရကို စစ်တပ်က လက်နက်အားကိုးနဲ့ ဖြုတ်ချ

ပြီးနောက်ပိုင်း တိုင်းပြည်ဟာ ပရမ်းပတာဖြစ်ခဲ့သလို စီးပွားရေးအားလုံးပြိုလဲသွားခဲ့တာပါ။ 

တိုင်းပြည်ရဲ့ စီးပွားရေး ပြိုလဲသွာတဲ့အတွက် ကျပ်ငွေတပ်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှု တွေမြင့်တက်နေသလို နိုင်ငံခြားငွေကို ပြည်တွင်းငွေကြေးနဲ့ လဲလှယ်ဖို့နဲ့ နိုင်ငံခြားချေးငွေတွေ ကို ဆိုင်းငံ့ထားဖို့ စစ်ကောင်စီက ကုမ္ပဏီတွေကို အမိန့်ထုတ်ထားပြီး နိုင်ငံခြားအရန်ငွေထိန်းညှိဖို့ ကြိုးပမ်းနေပါတယ်။ 

လေးလအတွင်း သဘာဝဓာတ်ငွေ့ ကီလိုလီတာ(၇၇.၈၉) သန်းတင်ပို့ခဲ့ပြီး အဓိကအားဖြင့် ကမ်းလွန်စီမံကိန်း(၄) ခုဖြစ်တဲ့ ရတနာ၊ရဲတံခွန်၊ရွှေ နဲ့ ဇောတိက ကုမ္ပဏီတွေက တင်ပို့ခဲ့ တာဖြစ်တယ်လို့ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ 

သဘာဝဓာတ်ငွေ့တင်ပို့မှုက ဝင်ငွေဟာ ပြီးခဲ့တဲ့ နှစ်ကထက် ကန်ဒေါ်လာ (၆၀.၇) သန်း ပိုများ တယ်လို့လည်း ဝန်ကြီးဌာနက ဆိုထားပါတယ်။ 

ရေနံအဓိကလုပ်ငန်းဖြစ်တဲ့  Chevron Corp နှင့် TotalEnergies တို့ဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာတဲ့ အတွက် မြန်မာနိုင်ငံရေနံလုပ်ကွက်တွေကနေ နှုတ်ထွက်ပြီး ထိုင်းနိုင်ငံပိုင် PTTEP က လွှဲပြောင်းယူ ထားတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့အများစုကို ထိုင်နဲ့ တရုတ်နိုင်ငံတို့ကို တင်ပို့တာဖြစ်ပြီး ထိုင်းနိုင်ငံ ရဲ့ PTT Exploration and Production Pcl ဟာ ရတနာ၊ ရဲတံခွန်နဲ့ ဇောတိကတို့က သဘာဝဓာတ် ငွေ့တွေ ထုတ်လုပ်တင်ပို့နေပြီး ထိုင်းနိုင်ငံသဘာဝဓာတ်ငွေ့လိုအပ်ချက်ရဲ့ (၁၄) ရာခိုင်နှုန်းရှိ တယ်လို့ ဘန်ကောက်ပိုစ့် သတင်းစာမှာဖော်ပြထားပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.