August 11, 2022

မျိုးဆက်သစ်ရဲ့အားနဲ့မာန် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ရန်

ယင်းမာပင်- ဩဂုတ်(၁၁) မျိုးဆက်သစ်သွေးစည်းညီညွတ်မှု ခေတ်အဆက်ဆက်အတွက် ကမ္ဘာတစ်ခု ဖန်တီးခြင်းနဲ့ “မျိုးဆက်သစ်ရဲ့ အားနဲ့မာန်ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ရန်” ဆိုတဲ့ စာသားတွေကို ကိုင်ဆွဲပြီး ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းက ဦးဆောင်ကာ မျိုးဆက်သစ်လူငယ်တွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်ခဲ့ပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

ကိုယ်ပိုင်အခွင့်အရေးအတွက် ကိုယ်တိုင် တိုက်ယူမှရမယ်လို့မွန်လူမျိုး NUG ဝန်ကြီး နိုင်သုဝဏ္ဏ ပြောဆို

မော်လမြိုင် – ဩဂုတ်(၁၁) ကိုယ်ပိုင်အခွင့်အရေးအတွက် ကိုယ်တိုင် တိုက်ယူမှ ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ မွန်လူမျိုး အလုပ်သမား ဝန်ကြီး နိုင်သုဝဏ္ဏက ပြောဆိုလိုက်ပါတယ်။ ဒီနေ့ဩဂုတ်လ(၁၁) ရက်နေ့မှာ ကျရောက်တဲ့ မွန်အမျိုးသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် လက်နက်ကိုင်တော်လှန်ခြင်း(၇၅) နှစ်ပြည့် မှာ ပြောဆိုခဲ့တာပါ။ “ရဲမွန်အပေါင်း တို့ ကိုယ်ပိုင်အခွင့်အရေးကို ကိုယ်တိုင် တိုက်ယူမှ ရမယ်။ယွံသ္ဂံင်တအ်…..အခေါင်အရာဇကုဂှ်ဇကုဟေင်…

မြဝတီ အာရှလမ်းမှာ တောင်မြေပြိုပြီး ကားလမ်းပိတ်ဆို့မှု ဖြစ်ပေါ်

မြဝတီ ၊ သြဂုတ် (၁၁) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဘားအံ-မြဝတီ အာရှလမ်းမကြီး တောနော်ရေတံခွန်အနီးမှာ သြဂုတ်လ ၁၁ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်က တောင်မြေပြိုပြီးနောက် ကားလမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့တယ်လို့ ခရီးသွားပြည်သူတွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်မြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် အာရှလမ်းမကြီး တောနော်ရေတံခွန်အနီးမှာ တောင်မြေပြိုမှု ဖြစ်ပေါ်ခဲ့တာပါ။ တောင်မြေပြိုမှုကြောင့်…

မြိုင်မြို့နယ်က ကျေးရွာသုံးရွာကို စစ်တပ်နဲ့ပျူစောထီးမီးရှို့လို့ ဒေသခံတွေထွက်ပြေးနေရ

မြိုင် – ဩဂုတ်(၁၁) မကွေးတိုင်း မြိုင်မြို့နယ်က ကျေးရွာ(၃) ရွာကို စစ်ကောင်စီတပ်တွေက ဩဂုတ်လ(၁၁) ရက်နေ့ မနက်(၁) နာရီလောက်ကစပြီး မီးရှို့နေတဲ့အတွက် ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ မြိုင်မြို့နယ်က ရေထွက်ရွာကို မနက်(၁) နာရီက မီးစရှို့တာဖြစ်ပြီး မနက်(၇) နာရီမှာ ပန်းတိုင်းတောရွာနဲ့ မနက်(၉) နာရီမှာ ညောင်ရွာတို့ကို မီးရှို့ခဲ့တာပါ။…