ဝါရှင်တန် – မေ(၁၅) 

အမေရိကန်ပြည်ထောင်စု သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အာရှခရီးစဉ်အတွင်း ကိုရီးယားစစ်မဲ့ဇုန် ကို သွားရောက်ဖို့ စဉ်းစားနေတယ်လို့ အိမ်ဖြူတော်သတင်းထောက် ဂျန်ပဆာကီက မေလ(၁၂) ရက်နေ့က ပြောခဲ့ပါတယ်။ 

ဘိုင်ဒန်ဟာ တောင်ကိရီးယားနဲ့ ဂျပန်နိုင်ငံတွေကို မေလ(၂၀) ရက်နေ့ကနေ (၂၄) ရက် အထိ သွားရောက်မှာဖြစ်ပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ 

အိမ်ဖြူတော်ဟာ အာရှိအစီအစဉ်အသေးစိတ်ကို အဆုံးသတ်စီစဉ်နေပြီး နိုင်ငံခြားအဆင့်မြင့် ပုဂ္ဂိုလ်တွေအနေနဲ့ အဲ့ဒီဒေသနဲ့သက်ဆိုင်တဲ့ ခရီးစဉ်တွေမှာ ကိုရီးယားနှစ်နိုင်ငံကို ခွဲခြားထားတဲ့ စစ်မဲ့ဇုန်ကို သွားရောက်လေ့ရှိကြပါတယ်။ 

အမေရိကန်သမ္မတဟောင်းတွေနဲ့ လက်ရှိသမ္မတကိုယ်တိုင်လည်း သမ္မတ မဖြစ်ခင်မှာ စစ်မဲ့ဇုန် ကိုသွားရောက်လည်ပတ်ခဲ့ကြပြီး သမ္မတဟောင်း ထရမ်းဟာ ၂၀၁၉ ခုနှစ် ဇွန်လက မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ပထမဆုံးတွေ့ဆုံခဲ့တဲ့ သမ္မတဖြစ်ခဲ့ပြီး ကင်မ်ကကို နျူကလီးယား နဲ့ ပဲ့ထိန်းဒုံးအစီအစဉ်လက်လွှတ်ရမယ့် နိုင်ငံရေးဆောင်ရွက်ချက် ကိုတော့ မလုပ်နိုင်ခဲ့ပါဘူး။ 

DMZ ကို ကမ္ဘာနောက်ဆုံးပေါ်စစ်အေးတိုက်ပွဲ မျက်နှာစာအဖြစ် မကြာခဏဖော်ပြကြပေမယ့် ငြိမ်းချမ်းရေးစာချုပ်ကြောင့် အဆုံးသတ်လိုက်ရတဲ့ ၁၉၅၀-၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပွဲ ဖြစ်ပွားချိန်ကတည်းက စတင်တည်ရှိလာခဲ့တာဖြစ်ပါတယ်။ 

မြောက်ကိုရီးယားဟာ ဒီလအစောပိုင်းက (၇) ကြိမ်မြောက်နျူကလီးယားစမ်းသပ်မှုကို စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ အမေရိကုန်က စစ်ဆေးတွေ့ရှိထားပြီး ၂၀၁၇ ခုနှစ်ထဲက နျူကလီးယားဗုံး စမ်းသပ်တာမလုပ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ဖျက်အားပြင်း တိုက်ချင်းပစ်ဒုံးပျံတွေကို စမ်းသပ်ပစ် လွှတ်ခဲ့ပါတယ်။ 

“ကျွန်ုပ်တို့သည် ထိုသတင်းအချက်အလက်ကို မဟာမိတ်များနှင့် မိတ်ဖက်များကို မျှဝေထား ခဲ့ပြီး ၎င်းတို့နှင့်လည်း အနီးကပ် ချိတ်ဆက်ဆောင်ရွက်နေပါတယ်”လို့ အိမ်ဖြူတော် သတင်းထောက် ဂျန်ပဆာကီက ပြောခဲ့ပါတယ်။ 

မြောက်ကိုရီးယားဟာ နျူစမ်းသပ်မှု အသစ် ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ တောင်ကိုရီး ယားတသမ္မတရုံးအာဏာပိုင်တွေကထုတ်ပြန်ထားတယ်လို့ Yonhap သတင်းဌာနက ဖော်ပြထား ပါတယ်။ 

ပြုံဂီရီမြို့မှာ နျူကလီးယားစမ်းသပ်တဲ့နေရာတစ်ခုကို ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲကတည် ဆောက်နေတဲ့ အရိပ်အယောင်တွေတွေ့ရှိရပြီး ပြုံယမ်းမြို့မှာလည်း မကြာခင် နောက်ထပ်ဗုံးတစ် လုံး စမ်းသပ်ဖို့ နေရာတစ်ခုဖြစ်လာနိုင်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား အာဏာပိုင်တွေ က ပြောဆိုထားပါတယ်။ 

မြောက်ကိုရီးယားရဲ့ ပစ်လွှတ်မှုတွေကို ထုတ်ဖော်ပြောဆိုထားပေမယ့် အမေရိကန်နိုင်ငံ ဦးစီးဌာနရုံးက ဆွေးနွေးဝိုင်းကို လာဖို့ ခေါ်ဆိုနေပြီး မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး ထိန်းသိမ်းလိုတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ 

Ref:Channelnewsasia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.