May 15, 2022

သံတောင်ကြီးမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင်နေတဲ့ ဒေသခံတွေကို စစ်ကောင်စီ ဖမ်းဆီးထား

သံတောင်ကြီး ၊ မေ(၁၅) ကေအဲန်ယူ-တပ်မဟာ ၂ ထိန်းချုပ်နယ်မြေ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသအတွင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတိုက်ပွဲဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့က သံတောင်ကြီးမြို့နယ် လိပ်သိုဒေသ အလယ်ချောင်းကျေးရွာအုပ်စု မိုင်းလွန်အလယ်ရွာနဲ့ အောက်ရွာမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့…

လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့သူတွေကို ကျွေးမွေးဖို့ဆိုပြီး BGF က ငွေကြေးအတင်းအဓမ္မ တောင်းခံနေ

ဘီးလင်း ၊ မေ (၁၅) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ လေးကေစခန်းမှာ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့သူတွေကို ကျွေးမွေးဖို့ဆိုပြီး BGF က ရွာသူကြီးတွေဆီကနေ ငွေကြေးအတင်းအဓမ္မ တောင်းခံနေတယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင် တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့် BGF ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ကောင်စီလေးကေစခန်းမှာ ကလေးသူငယ်…

နိုင်ငံပြန်လည်တည်ဆောက်ဖို့အတွက် ရုရှားပိုင်ဆိုင်မှုကို သိမ်းယူဖို့ G7 ကို ယူကရိန်းတောင်းဆို

ကိဗ်ယက် – မေ(၁၅) ချမ်းသာကြွယ်ဝတဲ့ နိုင်ငံစု G7 အဖွဲ့က ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး လနဲ့ချီကြာနေတဲ့ စစ်ပွဲအပြီး နိုင်ငံပြန်လည်တည်ဆောက်ရေးမှာ ကူညီပေးဖို့ တောင်းဆိုထားတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက ပြောပါတယ်။ ဂျာမနီးနိုင်ငံမှာ ကျင်းပတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မိန့်ခွန်းပြောစဉ် သူက တောင်းဆိုခဲ့တာဖြစ်ပါတယ်။ “သူတို့ရဲ့ ဆွေးနွေးမှုမှာ ကျွန်တော်တို့…

ကိုဗစ် – 19 ကူးစက်မှုကြောင့် မြောက်ကိုရီးယားမှာ သေဆုံးသူခြောက်ယောက်ရှိပြီ

ပြုံယမ်း – မေ(၁၅) မြောက်ကိုရီးယားနိုင်ငံအတွင်း ကိုဗစ်-19 ကြောင့် သေဆုံးသူ(၆) ယောက်အထိရှိပြီး လူပေါင်း (၁၈၇၈၀၀) ဦး ကွာရန်တင်းဝင်နေရတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပြီး အဲ့ဒီသတင်း ရုပ်သံမှာ ကင်မ်ဂျုံအမ်ဟာ ပထမဆုံး အကြိမ်အဖြစ် နှာခေါင်းစည်း ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီကို ငြင်းဆန်ထားတဲ့ မြောက်ကိုရီးယားမှာ ပထမဦးဆုံးကူးစက်မှုဖြစ်စဉ်ထွက်ပေါ်လာချိန်မှာ…

သမ္မတ ဘိုင်ဒန် ရဲ့ အာရှခရီးစဥ်မှာ ကိုရီးယားစစ်မဲ့ဇုန်ကို သွားရောက်မယ်

ဝါရှင်တန် – မေ(၁၅) အမေရိကန်ပြည်ထောင်စု သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အာရှခရီးစဉ်အတွင်း ကိုရီးယားစစ်မဲ့ဇုန် ကို သွားရောက်ဖို့ စဉ်းစားနေတယ်လို့ အိမ်ဖြူတော်သတင်းထောက် ဂျန်ပဆာကီက မေလ(၁၂) ရက်နေ့က ပြောခဲ့ပါတယ်။ ဘိုင်ဒန်ဟာ တောင်ကိရီးယားနဲ့ ဂျပန်နိုင်ငံတွေကို မေလ(၂၀) ရက်နေ့ကနေ (၂၄) ရက် အထိ သွားရောက်မှာဖြစ်ပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့…

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပွဲမှာ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းဖြစ်အောင် ဆွေးနွေးအဖြေရှာမယ်လို့ PPST ပြော

မော်လမြိုင် ၊ မေ (၁၅) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းဖြစ်အောင် အဓိကထား ဆွေးနွေးအဖြေရှာသွားမယ်လို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ခေါင်းဆောင် ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ တက်ရောက်ဖို့…