ဝါရှင်တန် ၊ မေ (၁၄)
ဘီလျံနာ အီလွန်မာ့စ်ခ်သည် သမ္မတဟောင်း ဒေါ်နယ်ထရန့်အပေါ် တွစ်တာ မှ တစ်သက်သာ သုံးစွဲခွင့် ပိတ်ပင်ထားမှုကို ရုတ်သိမ်းပေးစေလိုခြင်းဟာ လာမည့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုမှာ ထရန့်ကို ထောက်ခံသည်ဟု မဆိုလိုဘူးလို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရှင်းလင်း ရေးသားခဲ့ပါတယ်။
ထရန့်အား ပိတ်ပင်ရန် တွစ်တာရဲ့ ဆုံးဖြတ်ချက်ဟာ “ကျင့်ဝတ်ပိုင်းအရ ဆိုးရွားသည်” ဟု အင်္ဂါနေ့က Financial Times ကွန်ဖရင့်မှာ မာ့စ်ခ်က ပြောကြားခဲ့တာပါ။
ထရမ့်ကို သမ္မတလောင်းအဖြစ် ထောက်ခံခြင်းမရှိကြောင်း တွစ်တာမှာ အဆိုပါမှတ်ချက်တွေကို ဆက်လက်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
“သဘောထားကွဲလွဲမှုနည်းတဲ့ ကိုယ်စားလှယ်လောင်းဟာ လာမည့် ၂၀၂၄ မှာ ပိုကောင်းလာမယ်လို့ ကျွန်တော်ထင်သလိုဘဲ ထရန့်သည်လည်း တွစ်တာမှာ မူလအတိုင်းပြန်ဖြစ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထရန့် က တွစ်တာ ကို ပြန်မသုံးချင်သလို အဲဒီအစား သူ့ကိုယ်ပိုင် “Truth” လူမှုကွန်ယက်ပလက်ဖောင်းတစ်ခု ကို တည်ဆောက်ချင်တယ်လို့ ပြောပါတယ်။
လွှတ်တော်အဆောက်အုံကို ထရန့်ထောက်ခံသူတွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် “အကြမ်းဖက်မှု လှုံ့ဆော်မှု” ကြောင့် တွစ်တာကနေ အပြီးအပိုင် ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။
ထရန့် သည် ၂၀၂၀ ခုနှစ်တွင် သူရဲ့ ရွေးကောက်တင်မြှောက်ခြင်းကို ဆုံးရှုံးပြီးနောက် ၂၀၂၄ ခုနှစ်မှာ သမ္မတရာထူးအတွက် နောက်ထပ်ရွေးချယ်ခံဖို့ စဉ်းစားနေပါတယ်။
Ref:Reuters