ထိုင်ဝမ် ၊ မေ (၅)
ရုရှားနိုင်ငံရဲ့ ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်မှုသည် ထိုင်ဝမ်နိုင်ငံသားအများစုကို လည်း အလားအလာရှိသော ဘေးအန္တရာယ်အတွက် အသိပေးလိုက်သလို ဖြစ်နေပါတယ်။
ထိုင်ဝမ်နိုင်ငံသားတို့ဟာ ရှေ့ဆောင်မဟာမိတ် အလုပ်ရုံအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး ထိုအရာသည် ထိုင်ဝမ်နိုင်ငံသားများကို အားဖြည့်ရန်အတွက်ဖြစ်တယ်လို့ Taiwan Society of Paramedicine မှ အတွင်းရေးမှူး Jack Yu-tang Chang က ပြောကြားခဲ့ပါတယ်။
အဆိုပါပုဂ္ဂိုလ်က “ကျွန်ုပ်တို့အနေနဲ့က အရေးပေါ်ဝန်ဆောင်မှုတွေ၊ အစိုးရအကူအညီတွေကို မစောင့်နေပဲနဲ့ ကျွန်ုပ်တို့ လူတွေကို သူတို့ရဲ့ အဝန်းအဝိုင်းတွေမှာ ပိုမိုပြင်ဆင်ပြီး စွမ်းအားမြှင့်တင်နိုင်ဖို့ သင်ကြာပေးတာဖြစ်တယ်” လို့ ဆိုပါတယ်။
လက်တွေ့လေ့ကျင့်ခန်းများမှသည် သင်ခန်းစာများ၊ လက်စွဲစာအုပ်များ၊ ပုဂ္ဂလိကကာကွယ်ရေး တပ်ဖွဲ့များ ဖြစ်လာသည်အထိ မသေချာ မရေရာသော အနာဂတ်အတွက် ထိုင်ဝမ်အရပ်ဖက် အဖွဲ့အစည်းများမှ ပြင်ဆင်နေကြပါတယ်။
ထိုင်ဝမ် ပင်ဂိုလင်အရပ်ဖက်ကာကွယ်ရေးအသင်းရဲ့ ဒုတိယ တည်ထောင်သူလည်းဖြစ်၊ လွတ်လပ်သော တက်ကြွလှုပ်ရှားသူလည်းဖြစ်သော Tao Ham ကတော့ ယူကရိန်းစစ်ပွဲကြောင့် သူရဲ့ ကာကွယ်ရေးအဖွဲ့အပေါ် လူထုစိတ်ဝင်စားလာတယ်လို့ ဆိုပါတယ်။
အဆိုပါပုဂ္ဂိုလ်ဟာ လွန်ခဲ့သော နှစ်အတွင်းကတည်းက တရုတ်ရဲ့ ရန်လိုမုန်းထားမှုကို တုံ့ပြန်နိုင်ဖို့ မြောက်များစွာ သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖွဲ့စည်းခဲ့ပါတယ်။
ရာစုနှစ်များကြာသည့်တိုင် တရုတ်ပြည်သူလွတ်မြောက်ရေးတပ်သည် ကျွန်းနိုင်ငံဖြစ်သည့် ထိုင်ဝမ်ကို တိုက်ခိုက်ဖို့ အင်အားမပြည့်မီနိုင်သေးဘူးလို့ ဆိုပေမယ့် ၂၀၂၅ သို့မဟုတ် ၂၀၂၇ ခုနှစ်နှင့် များမကြာမီမှာ ထိုစွမ်းဆောင်ရည်ကို တရုတ်နိုင်ငံမှ ဖြည့်တင်းလာနိုင်တယ်လို့ ပြောဆိုမှုများလည်း ရှိနေပါတယ်။
Ref: ALJAZEERA