ဘန်ကောက် – မတ်လ(၂၈)

အိန္ဒိယနိုင်ငံဟာ ရုရှားနဲ့ ကုန်သွယ်ရေး ကိုခွင့်ပြုမယ့် ပေးချေမှုဆိုင်ရာ သဘောတူညီချက် ကို ကြေငြာဖို့ မျှော်မှန်းထားတယ်လို့ ပြည်ပကုန်ပစ္စည်းတင်ပိုသူများအသင်းက CNBC သတင်းဌာနကို ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

ရူပီ-ရူဘယ် ကုန်သွယ်ရေးအမည်ရတဲ့ အဲ့ဒီသဘောတူညီချက်ကို အစောဆုံးအဖြစ် လာမယ့် ရက်သတပတ်မှာ စတင်နိုင်မှာဖြစ်တယ်လို့ အိန္ဒိယပြည်ပပို့ကုန်အဖွဲ့အစည်းများအဖွဲ့ချုပ် (FIEO) ဥက္ကဌ အေ ဆက်ထီဗယ် က ပြောပါတယ်။

FIEO ဟာ ပြည်ပတင်ပို့ကုန်လုပ်ငန်းလုပ်ကိုင်သူ (၂)သိန်းကို ကိုကုယ်စားပြုပြီး အစိုးရကျောထောက်နောက်ခံပြုထားတဲ့ အသင်းဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ပြည်ပ ပို့ကုန်မြှင့်တင်ရေး တွေကို ကြီးကြပ်ရတဲ့အဖွဲ့ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက ရုရှားကို နိုင်ငံတကာငွေပေးချေမှုနည်းလမ်းတွေကို ကန့်သတ်ပိတ်ပင်ထားပေမယ့် အိန္ဒိယ ပြည်ပပို့ကုန်တင်ပိုသူများအသင်းကတော့ ရုရှားနဲ့စီးပွားရေးလုပ်ငန်းတွေဆက်လက်လုပ်ကိုင်လို နေပြီး အဲဒီအပေါ်ကိုတော့ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အရန်ဘဏ်တို့ကတော့ မှတ်ချက်မပေးခဲ့ပါဘူး။



“ရုရှားကိုပို့ကုန်တင်ပို့မှုဟာအများသားမဟုတ်ပါဘူး၊စိုက်ပျိုးရေးနဲ့ဆေးဝါးထုတ်ကုန်တွေပဲဖြစ်ပါတယ်။ အခုဆိုအနောက်အုပ်စုက ရုရှားကို ပိတ်ထားကြတော့ အိန္ဒိယလုပ်ငန်းတွေ ဝင်ရောက်ဖို့ အခွင့်အလမ်း အများကြီးရှိစေတာပါ” လို့ အိန္ဒိယပြည်ပပို့ကုန်အဖွဲ့အစည်းများအဖွဲ့ချုပ် (FIEO) ဥက္ကဌ အေ ဆက်ထီဗယ် က ပြောပါတယ်။

အေဆက်ထီဗယ် ရဲ့ပြောဆိုချက်တွေအရ ရုရှားနဲ့ကုန်သွယ်ဖို့ နိုင်ငံပိုင်း ဘဏ်(၄)ခုကနေ (၅) ခုအထိ ခွင့်ပြုသွားဖို့အစိုပြုလွှာကို လုပ်ဆောင်နေပြီး ဗဟိုဘဏ်၊ဘဏ္ဍာရေးဝန်ကြီးနဲ့ တခြားဘဏ်တွေ ညှိနှိုင်းတိုင်ပင်တာတွေလုပ်ဆောင်ထားပြီးဖြစ်တယ်လို့ သူကပြောပါသေးတယ်

ရုရှားနိုင်ငံနဲ့ကုန်သွယ်ရေးဆောင်ရွက်တာဟာအမေရိကန်ပြည်ထောင်စုအပါအဝင်ယူကရိန်းကိုကျူး ကျော်ဝင်ရောက်တဲ့အတွက်ပိတ်ဆိုမှုတွေချမှတ်ထားတဲ့အနောက်နိုင်ငံတွေရဲ့ ဒေါသနဲ့ရင်ဆိုင်ရနိုင် ခြေလည်း ရှိနေပါတယ်။

REF- CNBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.