စင်ကာပူ၊ ဖေဖော်ဝါရီ ၂၈

ဂျပန်ဘီလျံနာသူဌေး ဟီရိုရှီ “မစ်ကီ” မီကီတာနီက ယူကရိန်းအစိုးရအား ယန်းတစ်ဘီလီယံ (စင်္ကာပူဒေါ်လာ ၁၁ ဒသမ ၇ မီလီယံ) လှူဒါန်းမည်ဖြစ်ကြောင်းနှင့် ရုရှား၏ ကျူးကျော်မှုသည် ဒီမိုကရေစီအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။

e-commerce ကုမ္ပဏီကြီး Rakuten ကို တည်ထောင်သူ က ယူကရိန်းသမ္မတ Volodymyr Zelensky ထံ ပေးပို့သော စာတစ်စောင်တွင် ယန်းတစ်ဘီလီယံ လှူဒါန်းမှုသည် “အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေတဲ့ ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များ” အဖြစ် ဦးတည်သွားမည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။

မစ္စတာ Mikitani က သူသည် ၂၀၁၉ ခုနှစ်တွင် Kyiv သို့သွားရောက်ခဲ့ပြီး Mr Zelensky နှင့် တွေ့ဆုံခဲ့သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော့်ရဲ့ သဘောထားတွေကတော့ ခင်ဗျားနဲ့ ယူကရိန်းပြည်သူတွေပါပဲ” “ ငြိမ်းချမ်းမှုရှိပြီး ဒီမိုကရက်တစ် ယူကရိန်းကို မျှတမှုမရှိ အင်အားသုံးပြီးစီးနင်းတာဟာ ဒီမိုကရေစီအတွက် စိန်ခေါ်မှုတစ်ခုလို့ ကျွန်တော်ယုံကြည် ပါတယ်”  “ရုရှားနဲ့ ယူကရိန်းတို့က ဒီပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပြီး ယူကရိန်းပြည်သူတွေ အမြန်ဆုံး ငြိမ်းချမ်းရေး ရနိုင်မယ်လို့ ရိုးသားစွာ မျှော်လင့်ပါတယ်” ဟု ဟု မစ္စတာ မစ်ကီတာနီက ၎င်း၏စာထဲတွင် ရေးသား ခဲ့ပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများမှ ယူကရိန်းကိုကူညီရန် အလှူငွေများတောင်းခံနေချိန်တွင် ရုရှား၏ကျူးကျော်မှုကို ဒီမိုကရေစီနိုင်ငံကြီးများ၏ ကျယ်ကျယ်ပြန့်ပြန့် ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများကို လှုံ့ဆော်ပေးခဲ့ပါသည်။

ဂျပန်အစိုးရသည် ရုရှားစစ်တပ်နှင့် ပတ်သက်သည့် အဖွဲ့အစည်းများသို့ ကုန်ပစ္စည်းများ တင်ပို့မှု တားမြစ် ခြင်းကဲ့သို့သော အဓိကပို့ကုန်များ ပိတ်ပင်ခြင်း အပါအဝင် မော်စကိုအား ပိတ်ဆို့အရေးယူမှုများလည်း ကြေငြာခဲ့ သည်။ 

ဘာသာပြန် – အာသစ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.