February 2022

ဂျပန် ဘီလျံနာတဦး ယူကရိန်းအစိုးရအား စင်္ကာပူဒေါ်လာ ၁၁.၇ မီလီယံ လှူဒါန်း

စင်ကာပူ၊ ဖေဖော်ဝါရီ ၂၈ ဂျပန်ဘီလျံနာသူဌေး ဟီရိုရှီ “မစ်ကီ” မီကီတာနီက ယူကရိန်းအစိုးရအား ယန်းတစ်ဘီလီယံ (စင်္ကာပူဒေါ်လာ ၁၁ ဒသမ ၇ မီလီယံ) လှူဒါန်းမည်ဖြစ်ကြောင်းနှင့် ရုရှား၏ ကျူးကျော်မှုသည် ဒီမိုကရေစီအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။ e-commerce ကုမ္ပဏီကြီး Rakuten ကို တည်ထောင်သူ က…

ထိုင်းရဲတပ်ဖွဲ့များက ဘန်ကောက်ပိုင်ဧရိယာ၏ ကျေးရွာတစ်ခုရှိ မူးယစ်ဆေးရောင်းဝယ်သူများကို စီးနင်း ဖမ်းဆီး

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၇ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့များက ဘန်ကောက်၏ ဆိုင်းမိုင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ခုအတွင်းသို့ ဝင်ရောက်စီးနင်းစဥ် မူးယစ်ကွန်ယက်အဖွဲ့ဝင်ဟု စွပ်စွဲခံရသူ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။ ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရို (NSB) ရဲတပ်ဖွဲ့ က သောကြာနေ့ မနက်ခင်းမှာ ဆိုင်းမိုင်ရွမ်ယန် ကျေးရွာရှိ နေရာ ၂၂ ခုကို စီးနင်းခဲ့ပါသည်။ NSB ဌာနခွဲ ၁ ၏…

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ သည်းခံနိုင်စရာ မရှိတော့ဘူး KNU ထိပ်ပိုင်းခေါင်းဆောင် ပြော

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၇) အရပ်သားပြည်သူလူထုကို သတ်ဖြတ်ပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ သည်းခံနိုင်စရာ မရှိတော့ဘူးလို့ ကရင်မျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ သူတို့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေတဲ့ နယ်မြေဒေသအားလုံးမှာ လူနေအိမ် ကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေယာဉ်နဲ့ဗုံးကြတာ၊ ဒေသခံအရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာနဲ့ ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်…

ရုရှား- ယူကရိန်း စစ်ပွဲ ဂယက်ကြောင့် စက်သုံးဆီ ဈေးနှုန်း ထပ်မံ မြင့်တက်လာ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၇) ရုရှား-ယူကရိန်း နှစ်နိုင်ငံ စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေး အနည်းငယ် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း စက်သုံးဆီဈေးကွက်မှာလည်း ဈေးနှုန်း ဆက်တိုက် မြင့်တက်လာတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ စက်သုံးဆီဈေးနှုန်းဟာ ရုရှား-ယူကရိန်း စစ်ပွဲမစခင်က တစ်လီတာကို ကျပ် ၁၈၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာမှ စစ်ပွဲဖြစ်လာတဲ့အခါ တစ်လီတာကို ကျပ်…

ဆန္ဒပြလူငယ်တွေကို ကူညီပေးဖို့ သပိတ်ခေါင်းဆောင်တွေ တောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရန်ကုန်မြို့အတွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ဆန္ဒပြလူငယ်တွေကို ပြည်သူတွေအနေနဲ့ တက်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးကြဖို့ သပိတ်ခေါင်းဆောင်တွေက တောင်းဆိုလိုက်တာပါ။ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဆန္ဒပြလူငယ်တွေ နေထိုင်ရာ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ဖမ်းဆီးတာကြောင့် ဆန္ဒပြလူငယ် ၇ ဦး ဖမ်းဆီးခံလိုက်ရပြီး အဲဒီထဲမှာ တစ်ဦး…

ဆန္ဒပြလူငယ်တွေကို ကူညီပေးဖို့ သပိတ်ခေါင်းဆောင်တွေ တောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရန်ကုန်မြို့အတွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ဆန္ဒပြလူငယ်တွေကို ပြည်သူတွေအနေနဲ့ တက်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးကြဖို့ သပိတ်ခေါင်းဆောင်တွေက တောင်းဆိုလိုက်တာပါ။ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဆန္ဒပြလူငယ်တွေ နေထိုင်ရာ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ဖမ်းဆီးတာကြောင့် ဆန္ဒပြလူငယ် ၇ ဦး ဖမ်းဆီးခံလိုက်ရပြီး အဲဒီထဲမှာ တစ်ဦး…

ယူကရိန်းသာအောင်နိုင်ရမည်ဆိုတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ သြစတေးလျနှင့် ဂျပန်မှာ ပြုလုပ်

ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၂၆ “ယူကရိန်းသာ အောင်နိုင်ရမည်” ဟုဆိုကာ လူရာနှင့်ချီ လမ်းပေါ်စုဝေး ကြွေးကြော်ကာ မော်စကိုတုံ့ပြန် နိုင်မည့် လုပ်ဆောင်ချက်များကို တောင်းဆိုခဲ့ကြသလို တိုကျိုမြို့ရှိ ဆန္ဒထုတ်ဖော်သူများကလည်း ရုရှား ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထုတ်ပယ်ရန် တောင်းဆိုခဲ့ကြသည်။ ယူကရိန်းသို့ ကရင်မလင်၏ ရုရှားတပ်များကျူးကျော်မှုကို ရှုတ်ချသည့် ကုလလုံခြုံရေးကောင်စီ၏ ဆုံး ဖြတ်ချက်ကို ရုရှားမှ ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီးနောက်…

ယူကရိန်းကို ကျူးကျော်ခြင်းအား ကုလသမဂ္ဂ ရှုတ်ချတဲ့အပေါ် ရုရှားက ဗီတိုဖြင့်ပယ်ချ

နယူးယောက်၊ ဖေဖော်ဝါရီ ၂၇ ယူကရိန်းအပေါ် ရုရှား၏ “ကျူးကျော်မှု” အား အပြင်းထန်ဆုံး ရှုတ်ချသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံး ဖြတ်ချက်ကို ရုရှားက ရှုတ်ချခဲ့ပြီး ဗီတိုအာဏာဖြင့် ပယ်ချလိုက်ပါတယ်။ ယင်းအဆိုကို ၁၅ ဦးပါဝင်တဲ့ အဖွဲ့ဝင်ကောင်စီ၏ ၁၁ ဦးက အမေရိကန်နှင့် အယ်လ်ဘေးနီးယားတို့နဲ့အတူ ပူးတွဲရေးသားခဲ့ပြီး တရုတ်၊ အိန္ဒိယနှင့် ယူအေအီးတို့က ကြားနေခဲ့ပါတယ်။…