မော်လမြိုင်၊ ဇူလိုင် ၁
စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၉) ဦးအထိ ရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ သတင်းမြစ်တွေက တဆင့်သိရပါတယ်။
ဇွန်လ (၂၉) ရက်နေ့အထိ (၈) ဦးသေဆုံးခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့ညတွင်မူ မော်လမြိုင်ဆေးရုံကြီးက ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးအဆောင်မှာ တက်ရောက် ကုသနေခဲ့သည့် မော်လမြိုင်မြို့က အသက် (၄၀) အရွယ်အမျိုးသမီးလူနာ (၁) ဦးထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။
လက်ရှိတွင် သေဆုံးသူကို စောင့်ရှောက်နေသူများနှင့် မိသားစုဝင်တွေကိုလည်း ဆေးရုံမှာ ဆက်လက်စောင့်ကြည့် ကုသနေတယ်လို့ သိရပါတယ်။
မော်လမြိုင်တွင် ကျော်ကြားဆောက်လုပ်ရေးမှ လှူဒါန်းထားသော isolation Ward – 3 ကို အရပ်ဘက်ကုသမှုအနေဖြင့် ပြန်လည်ဖွင့်လှစ်ထားပြီး ဒေသခံလူမှုကူညီရေးအဖွဲ့တွေရဲ့ ကူညီမှုနှင့် လုပ်ငန်းပြန်လည် လည်ပတ်နေပါတယ်။တကျော့ပြန်ပြန်လည်မြင့်တက်လာသော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လေးရာနီးပါးရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ ကိန်းဂဏန်းအချက်အလက်တွေကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်