စစ်ကောင်စီကို ဆန့်ကျင်လို့ သထုံခရိုင်အတွင်း အဖမ်းခံထားရသူ(၅၀)ဦးထက်မနည်း ရှိ
သထုံ ၊ မတ် (၂၉) စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်လို့ သထုံခရိုင်အတွင်းမှာ ဖမ်းဆီးခံထားရသူ (၅၀) ဦးထက်မနည်း ရှိပြီးလို့ လိုက်ပါဆောင်ရွက်ပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲ့ဒီအထဲမှာ ကျိုက်ထိုနှင့်သိမ်ဇရပ်က ဆန္ဒဖော်ထုတ်သူတွေ အများဆုံး အဖမ်းခံထားရပြီး ကျန်မြို့နယ်တွေက လှုပ်ရှားသူတွေလည်း ပါဝင်ပါတယ်။ အဖမ်းခံထားရသူတွေမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) နှင့် အမှုဖွင့်တရားစွဲဆိုခံထားရသူတွေ ပါဝင်သလို…