မော်လမြိုင် ၊ ဇန်နဝါရီ (၂၇)

ပြန်လည်သက်သာလာပြီးတဲ့နောက် ရောဂါလက္ခဏာပြတဲ့သူတွေအပါအဝင် ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ လူနာများ ကို ကုသရန်အတွက် လက်တွေ့စမ်းသပ်မှုအသစ်ကို ထုတ်ပြန်ခဲ့ပြီး သွေးခဲခြင်းမှကာကွယ်ဖို့ရန်အတွက် သွေးခဲမှု အနည်းဆုံး ဖြစ်စေသည့်  အားပျော့တဲ့ သွေးကျဲဆေးကို သုံးစွဲဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ အင်္ဂါနေ့က အကြံပြုလိုက်ပါတယ်။

လမ်းညွှန်ချက်အသစ်မှာ အိမ်မှာနေတဲ့ ကိုဗစ်လူနာတွေအနေနဲ့ သွေးထဲကအောက်စီဂျင်ကို တိုင်းတာသည့် ကိရိယာ ကိုအသုံးပြု၍ အောက်စီဂျင် ကျဆင်းမှု အခြေအနေကို တိုင်းတာပြီး အနည်းငယ်ဆိုးရွားနေပါက ဆေးရုံတက် ကုသမှု ခံယူဖို့ WHO ရဲ့ပြောရေးဆိုခွင့်ရှိသူ မာဂရက် ဟားရစ်က ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဆရာဝန်တွေကို လူနာတွေရဲ့ အောက်စီဂျင်စီးဆင်းမှုကို တိုးမြင့်စေရန် လုပ်ဆောင်တဲ့ နည်းလမ်းများကိုလည်း အကြံပြုထား တယ်လို့ သူမက ပြောပါတယ်။

သွေးကြောထဲ သွေးခဲခြင်းမှကာကွယ်ရန် အားပျော့တဲ့ သွေးကျဲဆေးအသုံးပြုဖို့ ကျမတို့အနေနဲ့ အကြံပြုထားပြီး အားပြင်းတဲ့ သွေးကျဲဆေး သုံးစွဲခြင်းဟာ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဟာရစ်က ပြောပါတယ်။

ထို့နောက် WHO က စေလွှတ်တဲ့ သီးခြားလွတ်လပ်သည့် ပညာရှင်တွေပါဝင်တဲ့ အဖွဲ့ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကို ရောက်ရှိနေပြီး နောက်နှစ်ရက်တွင် Quarantine မှ ထွက်ခွာမှာဖြစ်ပြီး ဗိုင်းရပ်စ် စတင်ဖြစ်ပွားရတဲ့ ဇာစ်မြစ်ကို စုံစမ်း ဖော်ထုတ်ဖို့ တရုတ်သုတေသီတွေနဲ့ အလုပ်အတူလုပ်ကြမယ်လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဥရောပသမဂ္ဂမှာ ကာကွယ်ဆေးတွေ ရောက်ရှိမှု နှောင့်နှေးကြန့်ကြာခြင်းနှင့် ပတ်သတ်၍ မှတ်ချက်တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိခဲ့ပါဘူး။ သူမမှာ တိကျတဲ့ အချက်အလက်မရှိတဲ့အကြောင်းနှင့် ယခုနှစ်ရဲ့ ရက်ပေါင်း 100 အတွင်း နိုင်ငံအားလုံးက ကျန်းမာရေးလုပ်သားတွေအဘို့ ကာကွယ်ဆေးထိုးပေးဖို့က WHO မှ ပထမဦးစားပေးသတ်မှတ်ထားတာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။

အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ထုတ်လုပ်တဲ့ AstraZeneca ဆေးဟာ မတ်လကုန်အထိ သဘောတူညီထားတဲ့ ဆေးဝါးထောက်ပံ့ရေး မျှော်မှန်းချက်များကို ပြည့်မီနိုင်ခြင်းမရှိဘူးလို့ ပြီးခဲ့တဲ့ သောကြာနေ့က အီးယူသို့ပြောကြားခဲ့သည်။

မင်းဟံတလမွန်

REF – REUTERS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.