January 14, 2021

အင်ဒိုနီးရှားနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်ကို စတင်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၄) အင်ဒိုနီးရှားနိုင်ငံရဲ့သမ္မတ ဂျိုကိုဝီဒိုဒိုသည် တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို ပထမဆုံးအကြိမ်ထိုးခဲ့ပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်ကို ယမန်နေ့ ဗုဒ္ဓဟူးနေ့က စတင်ခဲ့ပါတယ်။ အစိုးရမှ အင်ဒိုနီးရှားနိုင်ငံသားများကို ထောက်ပံ့ပေးတဲ့ ကာကွယ်ဆေးတွေဟာ ဘေးကင်းစိတ်ချရတယ်ဆိုတာကို လူအများ စိုးရိမ်မှုကင်းစေရန်အတွက် ဂျကာတာရှိ သမ္မတအိမ်တော်ရဲ့ လသာဆောင်မှာ သမ္မတရဲ့ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို တိုက်ရိုက်…

နေအိမ်မှာ အသွားအလာကန့်သတ်ထားတဲ့ အိမ်ထောင်စု (၂၇၀)ကျော်အထိ ရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၄ ကိုဗစ်အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေကို အသွားအလာကန့်သတ်ထားတာ ဇန်နဝါရီလ (၁၄)ရက်နေ့အထိ အိမ်ထောင်စု (၂၇၀)ကျော် ရှိလာပြီးလို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်စဉ်တွေမှာ မွန်ပြည်နယ်အတွင်း ကူးစက်မှု မြင့်တက်ခဲ့ပြီး အများစုက မော်လမြိုင်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ အခုလို ကူးစက်ခံရသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို ကွာရန်တင်း မပို့တော့ဘဲ နေအိမ်မှာသာ အသွားအလာ…

၂၀၂၀ ခုနှစ်အတွင်း သက်ငယ်မုဒိမ်း အမှု(၆၀)ကျော် ဖြစ်ပွားခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၁၄) မွန်ပြည်နယ်အတွင်း ဖြစ်ပွားတဲ့ မုဒိမ်းမှုတွေရဲ့ (၈၀)ရာခိုင်နှုန်းဟာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၀ ခုနှစ်မှာ မွန်ပြည်နယ်အတွင်း မုဒိန်းမှု (၉၆)မှု ဖြစ်ပွားခဲ့ပြီး အမှု(၆၇)မှုဟာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။ သက်ငယ်မုဒိမ်းမှု အများစုဟာ သက်ကြီးပိုင်းတွေက ကျူးလွန်လို့ မဟုတ်ဘဲ…