မော်လမြိုင် ၊ ဒီဇင်ဘာ (၂၈)
ဗြိတိန်နိုင်ငံမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ကူးစက်မှုနှုန်းပိုများသည့် coronavirus အမျိုးအစားသစ်တစ်မျိုး ပါဝင်တဲ့ ကူးစက်ခံရသူအချို့ ကနေဒါ၊ ပြင်သစ်၊ ဂျပန်၊ စပိန်နှင့် နော်ဝေးနိုင်ငံတို့မှာ တွေ့ရှိခဲ့ပါတယ်။ အများစုမှာ ဗြိတိန်နိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သူတွေ ဖြစ်ကြပါတယ်။
၎င်း ဗိုင်းရပ်စ်အမျိုးအစားအသစ် အလျင်အမြန်ပျံ့နှံ့သွားတာကြောင့် လန်ဒန်နှင့်အင်္ဂလန်တောင်ပိုင်းတို့ကို အသွားအလာကန့်သတ်မှုတွေရှိခဲ့ပြီး ၎င်းကြောင့်အင်္ဂလိပ်ချန်နယ်ကိုယာယီပိတ်ဆို့မှုဖြစ်ပေါ်စေခဲ့ပြီးဗြိတိန်မှခရီးသွား ဧည့်သည်များကို ကမ္ဘာအနှံ့အပြားမှာ ပိတ်ပင်ထားခဲ့ပါတယ်။
အချို့သော နိုင်ငံအနည်းငယ်မှာ ဗြိတိန်နိုင်ငံက မျိုးရိုးဗီဇဆိုင်ရာစောင့်ကြည့်လေ့လာမှုအဆင့်မှာ ရှိနေပြီး ဒီမျိုးစိတ်အသစ်ဟာ ရက်သတ္တပတ်အတော်ကြာလောက်တော့ ကမ္ဘာအနှံ့ကို ပျံ့နှံနေခဲ့ပြီဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုးလည်း ရှိနေပါတယ်။
ဗြိတိသျှသိပ္ပံပညာရှင်များက မကြာသေးမီကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ၎င်းမျိုးစိတ်သည် အရင်က မျိုးစိတ်တွေထက် သေစေနိုင်တယ်ဆိုတဲ့ သက်သေပြနိုင်ခြင်းမရှိသော်လည်း ၅၆ ရာခိုင်နှုန်းမှာ အလွယ်တကူ ကူးစက်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
ဂျပန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ၎င်း အမျိုးအစားကွဲ ကိုရိုနာဗိုင်းရပ်စ်သစ်သည် ဂျပန်ရှိ လူခုနစ်ယောက်မှာ ရောဂါရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ စပိန်နိုင်ငံရဲ့ မြို့တော်ဒေသတွင်လည်း ကူးစက်မှုအသစ်တွေ တွေ့ရှိထားတယ်လို့ ဒေသခံအာဏာပိုင်များက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် အဆိုပါဗိုင်းရပ်အသစ် ပြီးခဲ့တဲ့ သောကြာနေ့မှာ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
Reuter သတင်းဌာနမှ အစီရင်ခံ ထုတ်ပြန်ချက်အရ ဆွီဒင်နိုင်ငံရဲ့ တာဝန်ရှိသူတွေက စနေနေ့တွင် အဆိုပါဗိုင်းရပ်စ်အားတွေ့ရှိခဲ့ရကြောင်း နှင့် ကနေဒါနိုင်ငံ အွန်တာရီယိုမြို့ရှိကျန်းမာရေးအရာရှိများက သူတို့ပြည်နယ်တွင် အဆိုပါဗိုင်းရပ်ကူးစက်ခံရသူ (၂) ဦးကို အတည်ပြုတွေ့ရှိခဲ့ကြောင်း ပါရှိပါတယ်။
မနေ့က ဒီဇင်ဘာလ ၂၇ ရက် တနင်္ဂနွေနေ့မှာ အော်စလိုရှိပြည်သူ့ကျန်းမာရေးအင်စတီကျုတွင် ယခုလနော်ဝေနိုင်ငံသို့ ၀င်ရောက်ခဲ့သည့် ဗြိတိန်မှခရီးသည်နှစ်ဦးမှာ အဆိုပါဗိုင်းရပ်စ်အသစ်ပုံစံရှိကြောင်း Reuter သတင်းဌာနရဲ့ အစီရင်ခံချက်အရ သိရပါတယ်။
ကာကွယ်ဆေးကျွမ်းကျင်သူများအနေဖြင့် ရရှိနိုင်တဲ့ ကာကွယ်ဆေးများဟာ အဆိုပါ ဗိုင်းရပ်စ်အမျိုးအစားအသစ်ကို ပိတ်ဆို့နိုင်လိမ့်မည်ဟုယုံကြည်ကြသည်သော်လည်း ၎င်းကို ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရ အတည်ပြုရန်လိုအပ်သည်။
ဂျာမနီ၊ နယ်သာလန်၊ လက်ဘနွန်၊ သြစတြေးလျနှင့်စင်္ကာပူတို့တွင်ရောဂါပိုးအသစ်ကိုတွေ့ရှိခဲ့ပြီဖြစ်ပြီး ဒိန်းမတ်နိုင်ငံသည် အခြားသောနိုင်ငံများထက် မျိုးရိုးဗီဇဆိုင်ရာစောင့်ကြည့်လေ့လာမှုကို ပိုမိုကျယ်ပြန့်စွာ ပြုလုပ်မှုတွေ ရှိနေပါတယ်။ နို၀င်ဘာ ၁၄ မှဒီဇင်ဘာ ၁၄ အထိရောဂါဖြစ်ပွားမှု (၃၃) ခုကိုတွေ့ရှိခဲ့တယ်လို့ ဒိန်းမတ်ကျန်းမာရေးအာဏာပိုင်များကပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင်တော့ အဆိုပါ ဗိုင်းရပ်မျိုးစိတ်သစ် ကူးစက်ခံရမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်မှုတွေ မရှိသေးပါဘူး။
မင်းဟံတလမွန်
REF- THESTRAITSTIMES