September 25, 2020

မွန်ပြည်သစ်ထိန်းချုပ်ဒေသမှာ မဲရုံ(၁)ရုံ တိုးချဲ့ပေးဖို့ မွန်ညီညွတ်ရေးပါတီ တောင်းဆို

မော်လမြိုင် ၊ စက်တင်ဘာ (၂၅) လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ရေးမြို့နယ်အရှေ့ပိုင်း မွန်ပြည်သစ်ထိန်းချုပ်ဒေသအတွင်းမှာ မဲရုံတစ်ရုံ တိုးချဲ့ဖွင့်လှစ်ပေးဖို့ မွန်ညီညွတ်ရေးပါတီက တောင်းဆိုလိုက်ပါတယ်။ ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေနဲ့ အဲဒီဒေသရဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကျောင်းရွာ ကျေးရွာအုပ်စုအတွင်းမှာ မဲရုံ ၆ ရုံ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ရေးမြို့နယ်အရှေ့ပိုင်း အစွန်အဖျားဒေသက မဲဆန္ဒရှင် (၂၀၀၀) ကျော်ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် အနီးစပ်ဆုံး…

မဲရုံတာဝန်ထမ်းဆောင်ဖို့ မွန်ပြည်နယ်က ပညာရေးဝန်ထမ်း (၁၅၀၀၀) ကျော် အသုံးပြုမည်

မော်လမြိုင်၊ စက်တင်ဘာ၊ ၂၅ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် မွန်ပြည်နယ်အတွင်းက မဲရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ ပညာရေးဝန်ထမ်း ၁၅၀၀၀ ကျော်ကို အသုံးပြုသွားဖို့ လျာထားတယ်လို့ မွန်ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ မဲရုံ (၉၇၃) ရုံ ဖွင့်လှစ်သွားဖို့ စီစဉ်ထားပြီး အာ့ဒီအထဲမှာ အခြေခံပညာကျောင်းပေါင်း (၈၄၅)ကျောင်းလည်း ပါဝင်ပါတယ်။ အဆိုပါ…