မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲမင်းနှင့်တွေ့ဆုံခြင်း

မေး – မွန်ပြည်နယ်မီးသတ်ဦးစီးဌာနအနေနဲ့ မီးဘေးအပြင် သဘာဝဘေးနဲ့ အခြားသောအကူအညီတောင်းခံလာမှုတွေကို ကူညီဆောင်ရွက်နေတာတွေ့ရပါတယ်။ ဘယ်လို အရေးကိစ္စမျိုးတွေကို ဆောင်ရွက်ပေးနေပါသလဲ၊ ပြည်သူတွေအနေနဲ့ ဘယ်လိုအရေးကိစ္စတွေကို အကူအညီတောင်းခံနိုင်ပါသလဲ။

ဖြေ – မီးသတ်ဦးစီးဌာနမှာ ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတာဝန်တွေ ထမ်းဆောင်နေပါတယ်။ ဘေးအန္တရာယ်မျိုးစုံနဲ့ဆောင်ရွက်တဲ့နေရာမှာ လူကြောင့်နဲ့ သဘာဝကြောင့် ဖြစ်တဲ့ဘေးအန္တရာယ်တွေရှိပါတယ်။

မြေပြိုတာတွေ၊ ရေကြီးတာတွေ၊ ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်ရတာတွေ၊ လေတိုက်လို့ သစ်ပင်လဲတာတွေ၊ အိမ်ထဲမှာပိတ်မိတာတွေ၊ လမ်းပေါ်မတော်တဆမှုတွေ၊ အိမ်တွင်းမှာဖြစ်နေတဲ့ပြဿနာတွေ ဥပမာ တောရိုင်းတိရစ္ဆာန်၊မြွေစသဖြင့်ပေါ့ ဖယ်ရှားရှင်းလင်းတာတွေ၊ နောက်ရေတွင်းထဲ အိမ်မွေးခွေးကြောင်တွေကျတာတို့တွေ၊ မိလ္လာတွင်းထဲဆင်းပြီးပြန်တက်မရတာတွေ ဒါတွေလည်း ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ပါတယ်၊ ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ အပေါ်တက်ပြီးအောက်ပြန်ဆင်း မရတာတွေကိုလည်းကူညီကယ်ဆယ်ပေးပါတယ်။

ဘေးအန္တရာယ်နဲ့ပတ်သက်လာရင် ဘယ်ဘေးအန္တရာယ်ပဲဖြစ်ဖြစ် သိလိုက်တာနဲ့ မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းခံပါ၊ မီးသတ်တပ်ဖွဲ့ကိုဖုန်းဆက်တာဟာ မီးသတ်တပ်ဖွဲ့ကို ကူညီပေးတာဖြစ်ပါတယ်။အရေးပေါ်ဖုန်းနံပါတ် ၁၉၁ ကို ကြိုးဖုန်းရော ဟန်းဖုန်းရော ဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်။

မေး – ခုက ရေဘေး၊ မြေပြိုတဲ့ဘေးအစရှိသဖြင့် ကြုံတွေ့လာနိုင်တဲ့ကာလဖြစ်တော့ ဌာနအနေနဲ့ ဘယ်လိုပြင်ဆင်ဆောင်ရွက်ထားပြီးပြီလဲ။

ဖြေ – ကြိုတင်ပြီးတော့ လေ့ကျင့်မှုတွေဆောင်ရွက်ခဲ့ပါတယ်၊ ကိုဗစ်မဖြစ်ခင်ကတည်းကဆိုရင် ကျောင်းတွေမှာ ဇာတ်တိုက်လေ့ကျင့်တာတွေလုပ်ပါတယ်၊ မီးဘေး၊ ငလျင်ဘေးနဲ့ပတ်သက်တာတွေပါ၊ နိုင်ငံတကာရဲ့နည်းပညာဖြစ်တဲ့ ကလေးတွေကို ရုပ်ပုံတွေနဲ့လေ့လာသင်ယူစေတဲ့နည်းလမ်းလေးတွေလည်း ဆောင်ရွက်ခဲ့ပါတယ်။

သင်တန်းတွေ၊ ဟောပြောပွဲတွေလည်း ဆောင်ရွက်ခဲ့ပါတယ်။ စီစဉ်ထားတဲ့အပိုင်းမှာ မြို့နယ်တိုင်းမှာလည်း တပ်စုတစ်စုစီဖွဲ့ထားပါတယ်၊ တစ်စုမှာ ရှာဖွေကယ်ဆယ်ရေး ၃၅ ယောက်နဲ့ဖွဲ့စည်းထားပါတယ်၊သန္ဓေတပ်ဖွဲ့၀င်(၅)ယောက်၊ အရန်တပ်ဖွဲ့ဝင် (၃၀)ယောက်နဲ့ဖွဲ့စည်းပြီးတော့ အဲဒီ ၃၅ ယောက်အဖွဲ့က သဘာဝဘေးဖြစ်လာရင် သွားရောက်ဆောင်ရွက်ပြီးတော့ သူတို့နဲ့မလုံလောက်ရင် နီးစပ်ရာမြို့နယ်တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားပါမယ်။

ပြည်နယ်တွေမှာအဲ့ဒီ တပ်စုထဲ မပါတဲ့သူတွေအားလုံး သန္ဓေရော အရန်ရော ၁၁၆ ယောက်နဲ့ တပ်ခွဲ ၁ ခွဲကို ဖွဲ့စည်းထားပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်အားလုံးမှာ သဘာဝဘေးဖြစ်ပြီဆိုတာနဲ့ ၁နာရီအတွင်းမှာ ပစ္စည်းရော လူရောစုပြီးထွက်ခွာမယ်၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှာဖြစ်ပါတယ်။

မေး – အရပ်ဘက်အဖွဲ့တွေအနေနဲ့ သဘာဝဘေးကိစ္စတွေမှာ ဇာတ်တိုက်လေ့ကျင့်မှုတွေ ခုနှစ်မှာ ပြုလုပ်ဆောင်ရွက်ဖို့မတွေ့ရသေးတာနဲ့ပတ်သက်လို့ ပြောဆိုနေကြတာတွေလဲရှိတော့ မြို့နယ်အလိုက် ဇာတ်တိုက်လေ့ကျင့်မှုအနေအထားနဲ့  အရပ်ဖက်အဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်မှုအခြေအနေလေးသိပါရစေ။

ဖြေ – အရပ်ဖက်အဖွဲ့တွေနဲ့ပေါင်းပြီး ဇာတ်တိုက်လေ့ကျင့်မှုတွေကို သင်တန်းတွေပေးရင်းနဲ့ ဆောင်ရွက်ထားခဲ့ပြီးပါပြီ၊ နှစ်စဉ်နှစ်တိုင်းတော့လုပ်ခဲ့ပါတယ်၊ ခုက (COVID-19)ကာလဖြစ်နေတော့ သင်တန်းတွေ၊ ဇာတ်တိုက်လေ့ကျင့်မှုတွေကို ရပ်ဆိုင်းထားခြင်းဖြစ်ပါတယ်။

မေး – သဘာ၀ဘေးကိစ္စရပ်တွေမှာ ဌာနအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့နေရာမှာ လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေပြည့်စုံလုံလောက်မှုရှိပါပြီလား၊ ဘယ်လိုအထောက်အကူ ပစ္စည်းတွေအဓိကလိုအပ်နေပါသလဲ။

ဖြေ – နိုင်ငံတကာမှာ နေ့စဉ်မျိုးစုံထုတ်နေတာပါ၊ လက်ရှိအနေအထားမှာ လုံးဝပြည့်စုံတဲ့အနေအထားမရှိပေမယ့် အရင်ထက်စာရင် တော်တော်များများ ပြည့်စုံလာပြီဖြစ်တဲ့အနေအထားပါ၊ ခုဆို မွန်ပြည်နယ်မှာ နောက်တွဲထရော်လီနဲ့ တင်ထားတဲ့ရေစုပ်ပန့်အကြီးစား Big Flow ကိုပြည်နယ်ဘတ်ဂျက်နဲ့ဝယ်ထားပြီးပါပြီ။

မီးသတ်(ရန်ကုန်ဌာနချုပ်ရုံး)ကနေပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ်မီးသတ်စခန်းတိုင်းရှိ မီးသတ်ကားမှာ IP ကင်မရာတပ်တစ်ခုတပ်ထားပါတယ်၊ မီးလောင်မှုဖြစ်လို့ ဌာနချုပ်အဆင့်တိုက်ရိုက်ကွပ်ကဲတော့မယ်ဆိုလို့ရှိရင် IP ကင်မရာကနေပြီးတော့ လိုအပ်တာတွေကို ညွှန်ကြားရေးမှူးချုပ်အစရှိတဲ့ တာဝန်ရှိသူတွေက သက်ဆိုင်ရာပြည်နယ်တိုင်းဦးစီးမှူးတွေနဲ့ ဗီဒီယိုကွန်ဖရင့်လုပ်ပြီးတော့ တိုက်ရိုက်ညွန်ကြားသွားမှာဖြစ်ပါတယ်။

အရင်ထက်စာရင်တော့ အများကြီးတိုးတက်လာတယ်လို့ဆိုရမှာပါ၊ ဒီနှစ်ဘတ်ဂျက်မှာဆိုရင် ရှာဖွေကယ်ဆယ်ရေးစက်လှေတွေဝယ်ယူထားတာရှိပါတယ်၊ ၁၁ စီးရှိပါတယ်၊ အရင်ကဝယ်ထားတာတွေလဲရှိပါတယ်၊ ဒါဟာလည်း ပြည်နယ်အစိုးရရဲ့ဘတ်ဂျက်နဲ့ ဝယ်ပေးထားပါတယ်၊ ၂၀၁၉-၂၀၂၀ မှာ စက်ပစ္စည်းကိရိယာအနေနဲ့မီးသတ်ယာဉ် ၁၂ စီး၊ Big Flow (or) HydroSub 60 နောက်တွဲယာဥ်် (၁)စီး၊ မီးသတ်နဲ့ရှာဖွေကယ်ဆယ်ရေးပစ္စည်း အမျိုးပေါင်း ၃၀ လောက် ဒီနှစ်မှာ ဖြည့်ဆည်းထားပါတယ်။

ဘတ်ဂျက်အတိုင်းအတာအရ နှစ်စဉ်ဖြည့်ဆည်းနေပါတယ်၊ မတော်တဆဖြစ်တဲ့အခါမှာ အသုံးပြုတဲ့ Hydralic Set ဆိုတာရှိပါတယ်၊ လိုအပ်တဲ့အခြေအနေအပေါ်မူတည်ပြီးတော့ စက်ပစ္စည်းတွေကို အသုံးချကယ်ဆယ်နေတာဖြစ်ပါတယ်။

မေး – သဘာဝဘေးတွေကြုံလာရင် ကြုံတွေ့ရတဲ့အခက်အခဲလေးတွေရှိရင် ပြောပြပေးပါ။

ဖြေ – နာဂစ်ဖြစ်ပြီးတဲ့နောက်မှာ သဘာဝဘေးဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်သိလာကြတယ်၊ အားလုံးပူးပေါင်းဆောင်ရွက်ကြတဲ့နေရာမှာ အခက်အခဲက အရပ်ဖက်အဖွဲ့အစည်း ကယ်ဆယ်ရေးသမားတွေက အချို့မှာ life Jacket မရှိကြဘူး၊ မီးသတ်တပ်ဖွဲ့တွေမှာတော့ ပြည်နယ်အစိုးရကဝယ်ပေးထားတော့ အပြည့်အစုံရှိပါတယ်၊ သို့သော် အရပ်ထဲမှာ မရှိတဲ့အတွက် အခက်အခဲတွေဖြစ်ရတယ်၊ တစ်ချို့က ဘေးဖြစ်လို့ ရွှေ့ပြောင်းကြတဲ့အခါမှာ သူတို့ရဲ့နေအိမ်တွေကို မစွန့်ခွာနိုင်တာတွေတွေ့ရတယ်၊ သဘာဝဘေးနဲ့ပတ်သက်တဲ့အသိပညာအားနည်းတာလဲပါနိုင်ပါတယ်။

မေး – ဌာနအနေနဲ့ သဘာဝဘေးကိစ္စတွေနဲ့ပတ်သက်လို့ သီးခြားအနေနဲ့ ပြောချင်တာများရှိရင် ပြောပေးပါဦ။

ဖြေ – ဘယ်လိုဘေးအန္တရာယ်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ အရေးပေါ်ဖုန်းနံပါတ် ၁၉၁ ကို သတိရပေးဖို့ မမေ့ကြဖို့နဲ့ အချိန်နဲ့တပြေးညီအကြောင်းကြားပေးမယ်ဆိုရင် ဆုံးရှုံးမှုတွေလျော့ပါးမယ်၊ နည်းပါးမယ်၊ ပြီးတော့ လူတွေရဲ့အသက်ကို ကယ်ဆယ်နိုင်မယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်၊ မွန်ပြည်နယ်ကြီးတစ်ခုလုံး မီးဘေး၊ သဘာဝဘေးနဲ့ အခြားသောဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။

ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

တွေ့ဆုံမေးမြန်းသူ – ရဲနိုင်

Thanlwintimes

Share
Published by
Thanlwintimes

Recent Posts

ခြိမ်းခြောက်မှုတွေ ရပ်တန်ဖို့ တရုတ်ကို ထိုင်ဝမ် သမ္မတသစ် တိုက်တွန်း

တိုင်ပေ၊ မေ ၂၀ မေ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတသစ် ဝီလီယံလိုင်က ထိုင်ဝမ်ကို ခြိမ်းခြောက်နေတာတွေ ရပ်တန့်ဖို့ တရုတ်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။…

2 mins ago

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အီရန်သမ္မတ သေဆုံး

တီဟီရန်၊ မေ ၂၀ အီရန်သမ္မတ အီဗရာဟင် ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အဇာဘိုင်ဂျန်နယ်စပ်အနီး တောင်ထူထပ်တဲ့ဒေသမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားပြီ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက မေ ၂၀…

24 mins ago

မွန်လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့နှစ်ဖွဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှုစတင်

ရေး၊ မေ ၁၉ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF နဲ့ MSDF တို့ဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက…

2 days ago

မွန်ပြည်နယ်က ရွှေ့ပြောင်းလုပ်သားတွေ စစ်မှုထမ်းအငှားဈေးကွက်ဖြစ်လာ

မော်လမြိုင်၊ မေ ၁၉ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ရရေးအတွက် ငွေကြေးနဲ့ငှားရမ်းပြီး စစ်မှုထမ်းဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီရဲ့…

2 days ago

လူငယ်တွေ ညီညီညွတ်ညွတ်ကြိုးစားကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင်၊ မေ ၁၉ လူငယ်တွေအနေနဲ့ အချင်းချင်း ညီညီညွတ်ညွတ် ကြိုးစားပြီး ဦးစီးဦးဆောင်မှုတွေမှာ အတူတကွ လုပ်ဆောင်ကြဖို့လိုသလို ကိုယ့်ရဲ့အမြင်တွေကိုလည်း ဆွေးနွေးဖော်ထုတ်ပြသဖို့နဲ့ လေ့လာသင်ယူကြဖို့ KNU ကရင်အမျိုးသားအစည်းအရုံး…

2 days ago

ဘူးသီးတောင်မြို့ရှိ စစ်တပ်စခန်းအားလုံး AA အပြီးသတ်သိမ်းယူ

ဘူးသီးတောင်၊ မေ ၁၈ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဗျူဟာဌာနချုပ်အပါအဝင် တပ်စခန်းအားလုံးကို ဒီနေ့ နေ့လယ်ပိုင်းမှာ တစ်ခုမကျန် သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA…

2 days ago

This website uses cookies.