ဒီမိုကရေစီကျရှုံးခြင်း အစပြုပြီလား …

အယ်ဒီတာ့အာဘော်
=============

အာဏာရှင်စနစ်တွင် သတင်းမီဒီယာသည် ဝါဒဖြန့်ချိရေးအတွက်သက်သက်သာဖြစ်သည့်တိုင် ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံတွင် သတင်းမီဒီယာ၏အခန်းကဏ္ဍသည် တည်းဖြတ်ထားသည့်သတင်းများကို အများပြည်သူတို့ထံ သတင်းပေးပို့ရန်သာဖြစ်သည်။

ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံကောင်းစွာလည်ပတ်နိုင်ဖို့ဆိုသည်မှာ ကောင်းစွာသိသည့်အသိဖြင့် ဆုံးဖြတ်ချက်ချနိုင်မှသာ လည်ပတ်နိုင်မည်ဖြစ်ပါသည်။ ကောင်းစွာသိဖို့ဆိုသည့်မှာလဲ လွတ်လပ်သောသတင်းဌာနအသီးသီးမှ တည်းဖြတ်တင်ဆက်သည့် သတင်းများကို ဖတ်ရှုခွင့်ရှိမှသာ ဖြစ်နိုင်ပါသည်။ ဆိုလိုသည်မှာ လွတ်လပ်သောသတင်းဌာနများ၊ သတင်းလွတ်လပ်ခွင့်များရှိရမည်ဖြစ်ပြီး ရှု့ထောင့်စုံမှ မ ျှတစွာဖော်ပြထားသည့် တည်းဖြတ်ပြီးသတင်းများကို ဖတ်ရှု့ခွင့်ရမှသာလျင် ကောင်းစွာသိပြီး ဖြစ်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ကာ ဒီမိုကရေစီစနစ်တစ်ရပ်သည် ကောင်းစွာလည်ပတ်နိုင်မည်ဖြစ်ပါသည်။

ထို့ကြောင့် သတင်းဌာနများသည် အများပြည်သူကိုရော အစိုးရကိုပါ သတင်းများကို ဘက်စုံမ ျှတစွာဖြင့် သတင်းများကို တည်းဖြတ်တင် ဆက်ကြခြင်းဖြစ်သည်။ ယင်းသည် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာ၏ အလုပ်ဖြစ်ပါသည်။

သို့သော် ယင်းသို့သတင်းများကို ရယူ၊ ရေးသား၊ တည်းဖြတ်၊ ဖြန့်ချိရာတွင် အငြင်းပွားစရာအမြဲလိုလိုဖြစ်တတ်ပါသည်။ ယင်းသို့ အငြင်းပွားစရာဖြစ်ရသည့် အကြောင်းများစွာထဲတွင် “သတင်းလွတ်လပ်ခွင့်နှင့် နိုင်ငံတော်လုံခြုံရေး” အကြောင်းတစ်ခု ဖြစ်လာလေ့ရှိပါသည်။

“သတင်းလွတ်လပ်ခွင့်နှင့်နိုင်ငံတော်လုံခြုံရေး” အကြောင်းပြောလျင် အမေရိကန်နိုင်ငံ၏ “ပင်တဂွန်မှုခင်း” သည် အလွန်ကောင်းမွန်သည့်အဖြစ်အပျက်တစ်ခုဖြစ်သည်။ ဗီယက်နမ်စစ်တွင် အမေရိကန်တို့အထိနာနေသော်လဲ ပင်တဂွန်က ဖုံးဖိလ ျှို့ဝှက်ထားသဖြင့် အများပြည်သူတို့ သိခွင့်မရဖြစ်နေရာမှ တစ်စုံတစ်ယောက်က နယူးယောက်သတင်းဌာနသို့ စာရွက်စာတမ်း၊ မှတ်တမ်း မှတ်ရာများနှင့်တကွ ပေးခဲ့ပြီး သတင်းဌာက ရေးသားဖော်ပြခဲ့ရာမှ အစိုးရမှ သတင်းဌာနကို နိုင်ငံတော်လ ျှို့ဝှက်ချက်ပေါက်ကြားစေမှုဖြင့် တရားစွဲဆိုသောအမှုဖြစ်သည်။

ရုံးတော်သည် ယင်းအမှုကို အမိန့်ချမှတ်သည့်အခါ ဒီမိုကရေစီစနစ်၏ လွတ်လပ်သောသတင်းဖော်ပြခွင့်နှင့် နိုင်ငံတော်လ ျှို့ဝှက်ချက်ဆိုသည့်အယူအဆနှစ်ခုအကြား မ ျှတမှုရှိရမည်ကို ကောင်းစွာသဘောပေါက်ပြီးမှ စဉ်းစားဆုံးဖြတ်ခဲ့သည်။ ရုံးတော်က ပင်တဂွန်မှတ်တမ်းများသည် သတင်းဟုတ်သည် မဟုတ်သည်ကို သတင်းသမားများကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး အစိုးရက သတင်း ဟုတ်သည်၊ မဟုတ်သည်ကို ဝင်ဆုံးဖြတ်ပြောဆို၍မရကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံတော်လ ျှို့ဝှက်ချက်ဖြစ်သည်ဟု ဆိုလျင် နိုင်ငံတော်ကိုယ်စား အစိုးရကသာ လ ျှို့ဝှက်မှုကို လုံခြုံအောင်ထိန်းသိမ်းရန်တာဝန်ရှိပြီး၊ လုံခြုံအောင်မထိန်းသိမ်းနိုင်ခဲ့လျှင် အစိုးရတွင်သာတာဝန်ရှိသည်ဟု သုံးသပ်ကာ တရားခံအား တရားသေလွှတ်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို စတင်ဖော်ဆောင်နေသည်ဟု ဆိုပါသည်။ သို့ဆိုလျင် လုံခြုံရေးအမြင်ကဲသော လုံခြုံရေး တာဝန်ရှိသူများ၏အမြင်ကိုချည်း ထည့်သွင်းစဉ်းစားကျင့်ကြံနေ၍မရပါ။ ဒီမိုကရေစီ၏အနှစ်သာရဖြစ်သော သတင်းလွတ်လပ်ခွင့်၊ အထူးသဖြင့် မိမိ၏သဘောထားအမြင်များကို လွတ်လပ်စွာရေးသားပုံဖော်၊ ထုတ်ဖော်ဆန္ဒပြုခွင့်ကိုလဲ အလေးထားရမည် ဖြစ်ပါသည်။ ယင်းနှစ်ခုထိပ်တိုက်တိုးလာလျင်လဲ လိမ္မာပါးနပ်မှုရှိရှိ ကိုင်တွယ်ရန်လိုအပ်မည်ဖြစ်ပါသည်။

သို့သော် ရိုက်တာသတင်းသမားနှစ်ဦးအပေါ်စွဲဆိုလိုက်သည့်ပြစ်မှုနှင့် ချမှတ်လိုက်သည့်ပြစ်ဒဏ်တို့သည် ဒီမိုကရေစီ၏ အနှစ်သာရများကို ဖျက်ဆီးလိုက်ယုံသာမက အမှုအကြောင်းအရာကို သီးခြားလွတ်ကင်းစွာစဉ်းစားခြင်းမျိုးမဟုတ်ပဲ ယင်းအမှုဖြစ်ပွားခဲ့သည့် ဆက်စပ်အကြောင်းအရာများကိုပါ ထည့်သွင်းစဉ်းစားကာ စဉ်းစားဆုံးဖြတ်ခဲ့သည့်အခြေအနေမျိုး ပုံပေါ်စေခဲ့ပါသည်။ ယင်း အတွက်ကြောင့် များစွာထိခိုက်နစ်နာခဲ့ရပြီဖြစ်သည်။

လွတ်လပ်သော သတင်းမီဒီယာကဏ္ဍကျဆုံးလျှင် ဒီမိုကရေစီလည်း ကျရှုံးပေလိမ့်မည်။

အယ်ဒီတာ

Thanlwintimes

Share
Published by
Thanlwintimes

Recent Posts

စစ်အာဏာသိမ်း (၁၂၀၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၀၇) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၁ AAPP ရဲ့ မေ ၂၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၅) ရက်အတွင်း ပြည်သူ (၅၁၀၇ )…

5 hours ago

စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာလို့ မွန်ပြည်နယ်မှာ မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရ

မော်လမြိုင် ၊ မေ ၂၁ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ လုပ်သားရှားပါးမှု ပြ ဿနာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာတဲ့အတွက် အခုနှစ်မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့…

5 hours ago

စစ်အာဏာရှင်တိုက်ဖျက်ရေး သုံးလတာခရီး မွန်ပြည်သစ်ပါတီ AD ဘာတွေရှင်းလင်းခဲ့လဲ

ရေး ၊ မေ ၂၁ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် စစ်ကောင်စီကို စစ်ကြေညာခဲ့တဲ့ မွန်ပြည်သစ်ပါတီ AD အ နေနဲ့ သုံးလတာပြည့်မြောက်ချိန်မှာ ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းအသီးသီးနဲ့ အွန်လိုင်းကနေ…

5 hours ago

ဖာပွန်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ဖာပွန်၊ မေ ၂၁ ကရင်ပြည်နယ် ဖာပွန်မြို့အနီး ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ဖာပွန်စစ်ဗျူဟာနဲ့ တပ်ရင်းတွေကို တော် လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့…

5 hours ago

သထုံခရိုင်မှာ အခုလအတွင်း စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၄ ဦး သေဆုံး ၂၂ ဦး ဒဏ်ရာရ

သထုံ ၊ မေ ၂၁ မွန်ပြည်နယ် သထုံခရိုင်ထဲကို အခုလအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၂၂ ဦး…

5 hours ago

တနင်္သာရီမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံး

တနင်္သာရီ၊ မေ ၂၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား တစ်ဦး…

10 hours ago

This website uses cookies.