ပြည်သူ့တွေ့ဆုံပွဲများ ရည်ရွယ်ချက်ရှင်းလင်းပါစေ

မွန်ပြည်နယ်ဝန်ကြီးချုပ်မှ လူထုတွေ့ဆုံပွဲများ မြို့နယ်အလိုက်တွင် ခပ်စိတ်စိတ်တွေ့ဆုံနေသည်ကို တွေ့ရသည်။ ခေါင်းစဉ်များက မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်သူလူထုတွေ့ဆုံပွဲ။ ဆိုရလျှင် ယခင်အစိုးရ အဆက်ဆက်လုပ်ဆောင်ခဲ့ဖူးသည့် တွေ့ဆုံပွဲများနှင့် ကွဲပြားကာ ကိုယ်လည်းပြော နားလည်းထောင်သဘော မျိုးပြုလုပ်သည့် ပွဲဟုဆိုရမည်ဖြစ်သည်။<!--more-->



ဝန်ကြီးချုပ်သစ်မှ လူထုနှင့် နီးနီးစပ်စပ်ရှိစေလိုသော ရည်ရွယ်ချက်ဖြင့်လားမသိနိုင်သော်လည်း လူထု တွေ့ဆုံပွဲတွေလုပ်ခဲ့သည်။ လုပ်နေဆဲ။ လုပ်အုံးမည်ကို သတင်းများအရသိရသည်။

အချို့လုပ်ပြီး မြို့များတွင် ပြည်သူနည်းပြီး ဌာနဆိုင်ရာများသည် ပြည်သူများအသံကိုယ်စားမပြုဟုကြား ရသည်။ အချို့မြို့များတွင် ပြည်သူများသည်။ ပြည်သူ့အသံကိုယ်စားပြုသည်ဟုလည်း ကြားရသည်။

သို့သော် လေ့လာချက်များအရ နှစ်ပေါင်းများစွာအစိုးရထံ တိုက်ရိုက်စကားပြောခွင့်မရသည့် ပြည်သူ များအဖို့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို ဖွင့်ဟချက်များကို ဒလဟောသွန်ထုတ်ကြသည်။ ဆိုရင်လျှင် ဘယ်လိုအရာကို ဘယ်လိုထိရောက်အောင်ပြောဆိုတင်ပြမည်ကို ပြည်သူအများက သေချာနားလည်ချင်မှ နားလည်ပေလိမ့်မည်။ သို့သော်လည်း ပြည်သူအများကတော့ သူတို့ထင်မြင်သည်များကို သူတို့ပြောပေလိမ့် မည်။

အဘယ်ကြောင့်ဆိုသော် ခေါင်းစဉ်က လူထုတွေ့ဆုံပွဲ။ လူထုတွေ့ဆုံပွဲဟု ခေါင်းစဉ်တပ်လျှင် လူထုကတော့ သူပြောချင်သည်များကို လာပြောလိမ့်မည်။ ဒါကို ဒီလိုပွဲမျိုးက ဒီဟာမပြောသင့်ဘူး။ ဒီဟာပဲပြော သင့်သည် ကန့်သတ်လို့မဖြစ်ပေ။ ခေါင်းစဉ်က လူထုတွေ့ဆုံပွဲကိုး။

ဒီလိုမှမဟုတ်ပဲ။ မြို့ရေပေးဝေရေးအတွက် မြို့လူထုထံမှ အကြံတောင်းခံပွဲဆိုလျှင် ရေပေးဝေရေး အတွက်သာလျှင်ဆွေးနွေးကြမည်ဖြစ်သည်။ ရည်ရွယ်ချက်ရှင်းလင်းဖို့လိုသည်ဟု ဆင်ခြင်မိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့၏ လုပ်ဆောင်မှုကောင်းသည်။ သို့သော် ရှင်းလင်းသောရည်ရွယ်ချက်မျိုးဖြစ်စေချင်သည်။ ဒါမှသာ လူထုက ေ၀ဝါးမှု လျော့ကျပေလိမ့်မည်။

ထို့အပြင် ပြုလုပ်သည့်အကြောင်းအရာနှင့်ပတ်သက်ပြီး အချက်အလက်များကို ပြသထားလျှင်ပို ကောင်းမည်။ ဥပမာ - လမ်းများကတ္တရာခင်းခြင်းအတွက် ငွေဒီလောက်လျာထားသည်။ ဒီလောက်ကုန်နိုင်မည်။ ဒီလိုအရည်အသွေးအတွက် ဒီလိုအဖွဲ့တွေနှင့်လုပ်ဆောင်မည်။ ဒီလိုတော့ထိန်းသိမ်းမည်ဟု ကြေငြာဆိုင်းဘုတ်များဖြင့် သေချာစွာ ခင်းကျင်းထားသင့်သည်။ သို့မှသာ ပြည်သူအများက သေချာရှင်းလင်း နားလည်စွာသိရှိပြီး တာဝန်ယူမှုတက်လာမည်ဖြစ်သည်။ ပါးစပ်ကပြောလိုက်ရုံမျှဖြင့် အဆင်မပြေကြောင်း စာတင်လုပ်ဆောင်ခိုင်းသည့် အစိုးရအရာရှိနှင့် ဝန်ကြီးများ ပိုပြီး သိပေလိမ့်မည်။


နိဂုံးချုပ်ရလျှင် လူထုတွေ့ဆုံပွဲအတွက် စီမံချက်၊ ရည်ရွယ်ချက်၊ ကောင်းမွန်သော ပြင်ဆင်မှုများရှိသင့်သည်ဟု မြင်ပါသည်။ မြင်ရခြင်းမှာလည်း ယခင်ပြုလုပ်ခဲ့သော ပွဲများ၏ အားနည်းချက်များကို တွေ့ရှိသောကြောင့်ဖြစ်ပါသည်။

လူထုကို ဦးထိပ်ထားသည့် အစိုးရဆိုလျှင် လူထုအပေါ် ဘယ်လောက်စာနာနားလည်နိုင်မည်က အရေးကြီးပါသည်။ ရည်ရွယ်ချက်ရှင်းလင်းစေချင်ပါသည်။
သံလွင်တိုင်းမ်

Share
Published by
သံလွင်တိုင်းမ်

Recent Posts

တနင်္သာရီမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံး

တနင်္သာရီ၊ မေ ၂၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား တစ်ဦး…

5 hours ago

ကျိုက်ထို၊ မုပ္ပလင်နဲ့ သိမ်ဇရပ်မှာ တိုက်ပွဲပြန်ဖြစ်နေ၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတချို့ရှိ

ကျိုက်ထို၊ မေလ ၂၀ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ မုပ္ပလင်နဲ့သိမ်ဇရပ်မြို့အနီးတွေမှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေက မေ ၂၀ ရက်နေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့ မေ…

6 hours ago

ခြိမ်းခြောက်မှုတွေ ရပ်တန်ဖို့ တရုတ်ကို ထိုင်ဝမ် သမ္မတသစ် တိုက်တွန်း

တိုင်ပေ၊ မေ ၂၀ မေ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတသစ် ဝီလီယံလိုင်က ထိုင်ဝမ်ကို ခြိမ်းခြောက်နေတာတွေ ရပ်တန့်ဖို့ တရုတ်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။…

7 hours ago

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အီရန်သမ္မတ သေဆုံး

တီဟီရန်၊ မေ ၂၀ အီရန်သမ္မတ အီဗရာဟင် ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အဇာဘိုင်ဂျန်နယ်စပ်အနီး တောင်ထူထပ်တဲ့ဒေသမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားပြီ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက မေ ၂၀…

7 hours ago

မွန်လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့နှစ်ဖွဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှုစတင်

ရေး၊ မေ ၁၉ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF နဲ့ MSDF တို့ဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက…

2 days ago

မွန်ပြည်နယ်က ရွှေ့ပြောင်းလုပ်သားတွေ စစ်မှုထမ်းအငှားဈေးကွက်ဖြစ်လာ

မော်လမြိုင်၊ မေ ၁၉ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ရရေးအတွက် ငွေကြေးနဲ့ငှားရမ်းပြီး စစ်မှုထမ်းဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီရဲ့…

2 days ago

This website uses cookies.