2016

တစ်ပတ်အတွင်း ကုန်ဈေးနှုန်များ

နိုဝင်ဘာလ ဒုတိယအပတ် ကုန်ဈေးနှုန်းများ စားသောက်ကုန်ဈေးနှုန်းများ အမျိုးအစား အရေအတွက် ဈေးနှုန်း(ကျပ်) ပေါ်ဆန်းမွှေး(ရိုးရိုး) ၁ပြည် ၁၀၀၀ ပေါ်ဆန်းမွှေး(တောင်ပျံ) ၁ပြည် ၁၁၀၀ ပေါ်ဆန်းမွှေး(မွှေးဝါ) ၁ ပြည် ၁၂၀၀ ပေါ်ဆန်းမွှေး(ဖျာပုံ) ၁ပြည် ၁၃၀၀ ပေါ်ဆန်းမွှေး(ပုသိမ်) ၁ပြည် ၁၆၀၀ ပေါ်ဆန်းမွှေး(မြောင်းမြ) ၁ပြည် ၁၇၀၀ ပေါ်ဆန်းမွှေး(ရွှေဘို) ၁ပြည် ၁၉၀၀ ဘန်ကောက်…

တနင်္သာရီ တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေး နိုဝင်ဘာလ နောက်ဆုံးအပတ် ကျင်းပမည်

Dawei Watch ထားဝယ်၊ နိုဝင်ဘာ ၇ လာမည့် နိုဝင်ဘာဘာလ ၂၈ ရက်တွင် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၏ တတိယပုံမှန် အစည်းအဝေး ကျင်းပမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးထံမှ သိရသည်။

လက်နက်နှင့် တရားမဝင် တောရိုင်းတိရိစ္ဆာန်အရိုးစုများ ဖမ်းဆီးရမိ

Dawei Watch ကော့သောင်း၊ နိုဝင်ဘာ ၇ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ မြရည်ပုလဲလမ်းတွင် လက်နက်နှင့် တရားမဝင် တောရိုင်း တိရိစ္ဆာန် အရိုးစုများ ထားရှိ ခြင်းအား နိုဝင်ဘာ ၅ ရက် ညက ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်သစ်တော ဦးစီးဌာနမှ သိရသည်။

သစ်ဈေးကြောင့် နာရေးကူညီမှုအသင်းများ အခေါင်း စရိတ်ထောင်းလာ

Dawei Watch မြိတ် နိုဝင်ဘာ ၉ သစ်ထုတ်ခွင့်ပိတ်ပြီး နောက်ပိုင်း သစ်ရှားပါးကာ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းကြောင့် လူသေအလောင်းများအတွက် အသုံးပြုသည့် အခေါင်းအကြမ်း စရိတ် မြင့်တက်ခဲ့ကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းအသိုင်းအဝိုင်းမှ သိရသည်။

မွန်ပြည်နယ်တွင် ၁၀ လအတွင်း လောင်းကစားမှု တစ်ရာကျော် ဖမ်းဆီးရမိ

မော်လမြိုင်၊ နိုဝင်ဘာ ၁၀ မွန်ပြည်နယ်တွင် ၂၀၁၆ခုနှစ် ၁၀ လအတွင်း လောင်းကစားမှုများ တစ်ရာကျော် ဖမ်းဆီးရမိသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မွန်ပြည်နယ်တွင် တိုင်းရင်းသားများနှင့်ဆိုင်သည့် ဦးစီးဌာနရုံး ၂ ခု ဖွင့်လှစ်မည်

မော်လမြိုင်၊ နိုဝင်ဘာ ၉ မွန်ပြည်နယ်တွင် တိုင်းရင်းသားများနှင့် ဆိုင်သည့် ဦးစီးဌာန ရုံးနှစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ သတင်းရရှိသည်။

စုန်းမကျွန်းရှိ လယ်ဧက ၅၀၀ ကျော်တွင် စပါးစိုက်ပျိုးရန် တာတမံကျိုးပျက်နေသဖြင့် လယ်သမားများအခက်ကြုံနေ

ရေး ၊ နိုဝင်ဘာ ၈ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စုပိုင် စုန်းမကျွန်းပေါ်ရှိ တာတမံမှာ ကျိုးပျက်နေသဖြင့် လယ်ဧက ၅၀၀ ကျော်ခန့်မှာ ရေငံများဝင်ရောက်ကာ စပါးများစိုက်ပျိုးမရ၍ လယ်ယာမြေပိုင်ဆိုင်ထားသူများ အခက်အခဲကြုံတွေ့နေရကြောင်း လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။

ရေလုပ်သားများ၏ အသက်အန္တရာယ် ထိခိုက်မှုများကို ဥပဒေအတိုင်း ကာကွယ်မှု ပြုလုပ်ပေးရန် လူအခွင့်ရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့က တောင်းဆို

မော်လမြိုင်၊ နိုဝင်ဘာ ၈ မွန်ပြည်နယ်ရေးမြို့နယ်အတွင်းရှိ ရေလုပ်သားအများစု၏ အသက်အန္တရာယ် ထိခိုက်မှုများအပေါ် ဥပဒေအတိုင်းကာကွယ်မှုပြုလုပ်ပေးရန် လူ့အခွင့်အရေးနှင့် တရားမျှတရေးစွမ်းဆောင်သူများအဖွဲ့က နိုဝင်ဘာလ(၈)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာတောင်းဆိုလိုက်သည်။<!--more--> ငါးဖမ်းစက်လှေများတွင် လုပ်ကိုင်နေသည့် ရေလုပ်သားများသည့် လုပ်ခလစာများ အပြည့်အ၀ မရရှိခြင်း၊ မတရားစေခိုင်မှုများ ရှိနေခြင်း၊ ပင်လယ်ထဲတွင် ရေလုပ်သားများ မကြာခဏ သေဆုံးခြင်း၊ အလုပ်ရှင်နှင့် အလုပ်ပွဲစားများကြားတွင် လာဘ်ပေးလာဘ်ယူကိစ္စများပါကို တရားဥပဒေဖြင့် ဖြေရှင်းပေးရန် စသည့်အချက်များ…

မွန်ပြည်နယ်ရှိ သောင်ဆွဲ ပိုက်ချက်များကို တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ ငွေကျပ် သိန်းပေါင်း ၁၉၀၀ ကျော်ရရှိ

မော်လမြိုင်၊ နိုဝင်ဘာ ၉ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယခုနှစ် ငါးလုပ်ငန်း ရာသီအတွက် သောင်ဆွဲ ပိုက်ချက်များကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ငွေကျပ် ၁၉၀၀ သိန်း ကျော်ရရှိသည်ဟု မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရှိသည်။

ပြည်ဝင်ခွင့်ဗီဇာမပါရှိပဲ ရေးမြို့သို့ရောက်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးအား အမှုဖွင့်ထား

ရေး ၊ နိုဝင်ဘာ ၈ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရေး-အစင်သွားကားလမ်းအနီးတွင် ယခုလ ၇ ရက်နေ့ ညပိုင်းက မသင်္ကာဖွယ်တွေ့ရှိသူ ၂ ဦးအားစစ်ဆေးရာမှ ပြည်ဝင်ခွင့်ဗီဇာမပါရှိပဲ လာရောက်သူ ထိုင်းနိုင်ငံသားတစ်ဦးအား စစ်ဆေးပေါ်ပေါက်ခဲ့၍ ရေးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။