မော်လမြိုင်၊ နိုဝင်ဘာ ၁၆

မွန်ပြည်နယ် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၇၉ မျိုးကို စာသုံးရန် သင့်/မသင့် နိုင်ငံပိုင် သတင်းစာတွင် ကြေညာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တစ်ပြည်နယ်လုံးတွင် ရောင်းချလျက်ရှိနေသည့် FDA (အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေး ဦးစီးဌာန) ထောက်ခံချက် မရှိသည့် ငရုတ်သီးမှုန့် အမှတ်တံဆိပ် (၇၉) မျိုး နမူနာကို နေပြည်တော်သို့ စစ်ဆေးမှုပြုလုပ်ရန် ပို့ထားပြီး ပြည်သူများ စားသုံးရန် သင့်/မသင့်ကို သတင်းစာထဲတွင် တစ်ပတ်အတွင်း ကြေညာသွားမည်ဖြစ်သည်။

“ကျွန်တော်တို့ ပေးပို့ထားတဲ့ အမှတ်တံဆိပ်တွေရဲ့ အဖြေကို အကြမ်းမျဉ်တော့ ထုတ်ပြပြီးပြီ။ အတိ အကျ မထုတ်ပြရသေးတော့ အတိအကျ မပြောနိုင်သေးဘူး။ နိုင်ငံပိုင် သတင်းစာကနေပဲ အတိအကျ ကြေညာ မယ်လို့ပြောတယ်။ တစ်ပတ်အတွင်း ကြေညာမယ်လို့တော့ ပြောတယ်။ သတင်းစာက ကြေညာပြီးရင် ဈေး ကွက်ထဲမှာ စစ်ဆေးမှု ပြုလုပ်မယ်။ ရောင်းချမှု ရှိနေသေးရင် ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီး ဆိုင်ပိတ်သိမ်းတဲ့ထိ အရေးယူဖို့ ပြုလုပ်သွားမယ်။ “ ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ခံ ဒေါက်တာစိုးနိုင်က ပြောသည်။

နမူနာပေးပို့ထားသည့် ငရုတ်သီးမှုန့် အမှတ်တံဆိပ်များထဲတွင် FDA ထောက်ခံချက်ပါသည့် အမှတ် တံဆိပ် သုံးမျိုးပါရှိပြီး ကျန်သည့်အမှတ်တံဆိပ်များသည် FDA ထောက်ခံချက် မရှိသည့် အမှတ်ဖြစ်ကြောင်း မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိ တစ်ဦးကဆိုသည်။

တစ်ပြည်နယ်လုံးတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာထိ အစားသောက်များကို ဈေးကွက် အတွင်း စစ်ဆေးခြင်း နမူနာယူမှုကို ၁၁ ကြိမ် စစ်ဆေးမှုပြုခဲ့ကြောင်း မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ သိရှိရသည်။
%e1%80%84%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%80%9e%e1%80%ae%e1%80%b8%e1%80%99%e1%82%88%e1%80%94%e1%80%b9%e1%82%94
မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာထိ တန်ဖိုးငွေ ကျပ်သိန်း လေးရာကျော်ရှိ သည့် သက်တမ်းလွန် ဆေးဝါများကိုလည်း မီးရှို့ဖျက်ဆီးကြောင်း ဒေါက်တာစိုးနိုင်ထံမှ သိရှိရသည်။

သတင်း – နဒီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.