ပုဇွန်ထုပ်များကိုအခွံနွှာပါ။ နွှာထားသော ပုဇွန်များကို ဆားဆနွင်းနှင့် နယ်ထားပြီး နှပ်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးပါ။ နွှာထားသော ကြက်သွန်ဖြူကို ထက်ခြမ်းခွဲပါ။ ငရုပ်ကောင်းကို ကွဲရုံ ထောင်းပါ။ ဒယ်အိုးကို ဖိုပေါ်တင် ပူလာလျှင် ဆီထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်နီကို ကြော်ပါ။ နီရဲလာလျှင် ကြက်သွန်ဖြူလုံး
ထားသော ပုဇွန်နှင့်ငရုပ်ကောင်းထည့်ပါ။ ခေတ္တခန့် မွှေပေးပါ။ ရေကို အနည်းငယ်ထည့်ပါ။ ရေခန်းပြီးခြောက်အောင်ကြော်ပါ။ ဆီပြန်ရေခမ်းလျှင် ပုဇွန်ထုပ်ကြော်ချက်ရပါပြီ။
ပါဝင်သောပစ္စည်း
၁။ ပုဇွန်ထုပ်လေးဆယ်သား။
၂။ ကြက်သွန်နီ၊ ဖြူ။
၃။ ငရုပ်ကောင်း။
၄။ ဆား၊ ဆနွင်း။
၅။ဆီတို့ဖြစ်ပါသည်။