မှတ်ကျောက်တင်ခံ နိုင်ငံရေးသမားဖြစ်ဖို့

နိုင်ငံရေးသမားဟူသည် တိုင်းပြုပြည်ပြုကိစ္စရပ်များကို အဓိကထားဦးတည်လုပ်ကိုင်သော ပညာရှင်ဆန် သည့် လုပ်ငန်းလုပ်ကိုင်သူဟု အလွယ်အဓိပ္ပါယ်ဖွင့်ဆိုချင်ပါသည်။ <!--more-->



မြန်မာပြည်တွင် နိုင်ငံရေးသမားများ ပုံစံအမျိုးမျိုးကို ခေတ်အမျိုးမျိုးတွင် တွေ့နိုင်သည်။ သို့သော်လည်း ပညာရှင်ဆန်စွာလုပ်ကိုင်သည့် နိုင်ငံရေးသမားများကား နည်းပါးလှစွာဟု စောဒကတက်ချင်သည်။ ရောင်စုံနိုင်ငံ ရေးသမားများ ကြီးစိုးသောကာလ၊ လက်နက်အားကိုး နိုင်ငံရေးသမားကြီးစိုးသောကာလ၊ ဖိနှိပ်ခြိမ်းခြောက်မှု အားကိုးသော နိုင်ငံရေးသမားကြီးစိုးသောကာလများအပြင် အနစ်နာခံအညတြနိုင်ငံရေးသမားများလည်း ရှိကြ သည်။


မည်သို့ပင်ဆိုစေကာမူ သင်ဒီနိုင်ငံအတွက် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီဆိုလျှင် သင်ကိုယ်သင်ပြန်ကြည့် သင့်သည်။ သင်ဘယ်အမျိုးအစားနိုင်ငံရေးသမားများထဲတွင် ပါဝင်ပါသလဲ။

ခေတ်အဆက်ဆက် နိုင်ငံရေး၊ နိုင်ငံရေးလောက၊ နိုင်ငံရေးသမားများ ဖိနှိပ်ခံခဲ့ရသည်။ အများအားဖြင့် ကိုယ့်ကျိုးစွန့် နိုင်ငံရေးသမားနှင့် ကိုယ့်ကျိုးကြည့်နိုင်ငံရေးသမားသာရှိခဲ့သည်။ ကိုယ့်ကျိုးစွန့်နိုင်ငံရေးသမား ကလည်း ကိုယ်ကျိုးသာမက အလုံးစုံပေးဆပ်တော့သည်။ လတ်တလောအဆင်ပြေစေလို့ အရာရာ အနစ်နာခံ သည်။ သို့သော်ရေရှည်အတွက် ကြိုတင်ပြင်ဆင်ခဲ့သည်မှာ အနည်းစုသာလျှင်ရှိသည်။ ယင်းနှင့်ဆန့်ကျင်ဘက် ကိုယ်ကျိုးကြည့်နိုင်ငံရေးသမား။ သူကရှင်းသည်။ ကိုယ့်အတွက် အဆင်ပြေဖို့ ဘာမဆိုလုပ်မည်။ ကျန်တာ ကိုယ်နှင့်မဆိုင်။ အခွင့်သာလိုက် လှေကြုံလိုက်မည့်လူမျိုးသာဖြစ်သည်။

ယခင်နှစ်ခြောက်ဆယ်ကိစ္စခဏဖယ်ခွာကြည့်မည်။ အနာဂတ်နှစ်ခြောက်ဆယ်ကိစ္စ ခဏဆွဲယူကြည့် မည်။ တစ်ရှိန်ထိုး တိုးတက်နေသည့် ကမ္ဘာကြီးနှင့် ရင်ပေါင်တန်းကြမည်။ ခေတ်မှီမှီ ကမ္ဘာကြည့်ကြည့်ကြမည် ဆိုလျှင် သင်ကိုယ်တိုင် နားလည်သိရှိဖို့လိုလာသည်။ ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမားဖြစ်ဖို့လိုလာတယ်။ ကျယ်ကျယ်ပြန့်ပြန့်ကြည့်ဖိုလိုလာသည်။ အဓိကအားဖြင့် မှတ်ကျောက်တင်ခံနိုင်ဖို့လိုလာသည်။

၂၀၀၀ ခုနှစ်ကတည်းက နည်းပညာပေါက်ကွဲမှုအရှိန်ကြောင့် ကမ္ဘာပေါ်တွင် ကိုယ်ပိုင်အတတ်ပညာများ ကို ထိန်ချန်လျှို့ဝှက်ထားခြင်းကား မစွမ်းသာတော့ပေ။ ရှိနေသည့် မူဘောင်အတွင်းမှ ပိုမိုကောင်းမွန်သော အိုင်ဒီယာများထည့်ပေါင်းပြီး အသစ်ဖန်တီးနိုင်ဖို့လိုသည်။ နိုင်ငံရေးသမားများလည်း ထိုနည်းလည်းကောင်းပင်။ မှောက်ကျောက်တင်ခံနိုင်ဖို့အတွက် ရှေရည်ရပ်တည်နိုင်ရေးအတွက် ကိုယ်တိုင်သိရှိနားလည် တီထွင်ကြံဆယှဉ် ပြိုင်ခြင်းဖြင့်သာလျှင် ခေတ်မှီမှီကမ္ဘာကြည့်ကြည့်မြင်နိုင်မည်။

အခွင့်သာခိုက် လှေကြုံလိုက်ခြင်းသည် အများနှင့်ရောနေသည့်အခါကောင်း၏။ တစ်ကိုယ်တည်းရုန်းရ သည့်အခါ အဖြေပေါ်လာသည်။ မယုံမရှိလေနှင့် ၂၀၁၀ မှ ၂၀၁၆ အတွင်း မြန်မာ့နိုင်ငံရေးလောကကို လေ့လာ လျှင် အထင်းသားတွေ့နိုင်သည်။


ကိုယ့်ကိုကိုယ်မေးကြည့်ပါ။ သင်ဘယ်လိုနိုင်ငံရေးသမားမျိုးလုပ်မှာလဲ။ မှတ်ကျောက်တင်ခံမှာလား။ လှေကြုံလိုက်အုံးမှာလား ….

သံလွင်တိုင်းမ်

Share
Published by
သံလွင်တိုင်းမ်

Recent Posts

စစ်အာဏာသိမ်း (၁၂၀၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၀၇) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၁ AAPP ရဲ့ မေ ၂၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၅) ရက်အတွင်း ပြည်သူ (၅၁၀၇ )…

5 hours ago

စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာလို့ မွန်ပြည်နယ်မှာ မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရ

မော်လမြိုင် ၊ မေ ၂၁ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ လုပ်သားရှားပါးမှု ပြ ဿနာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာတဲ့အတွက် အခုနှစ်မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့…

5 hours ago

စစ်အာဏာရှင်တိုက်ဖျက်ရေး သုံးလတာခရီး မွန်ပြည်သစ်ပါတီ AD ဘာတွေရှင်းလင်းခဲ့လဲ

ရေး ၊ မေ ၂၁ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် စစ်ကောင်စီကို စစ်ကြေညာခဲ့တဲ့ မွန်ပြည်သစ်ပါတီ AD အ နေနဲ့ သုံးလတာပြည့်မြောက်ချိန်မှာ ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းအသီးသီးနဲ့ အွန်လိုင်းကနေ…

5 hours ago

ဖာပွန်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ဖာပွန်၊ မေ ၂၁ ကရင်ပြည်နယ် ဖာပွန်မြို့အနီး ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ဖာပွန်စစ်ဗျူဟာနဲ့ တပ်ရင်းတွေကို တော် လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့…

5 hours ago

သထုံခရိုင်မှာ အခုလအတွင်း စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၄ ဦး သေဆုံး ၂၂ ဦး ဒဏ်ရာရ

သထုံ ၊ မေ ၂၁ မွန်ပြည်နယ် သထုံခရိုင်ထဲကို အခုလအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၂၂ ဦး…

5 hours ago

တနင်္သာရီမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံး

တနင်္သာရီ၊ မေ ၂၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား တစ်ဦး…

10 hours ago

This website uses cookies.